ဇွန်လ(၁၉) #ယေဇူးရွှေနှလုံးတော်၏ရန်သူများ။

ဇွန်လ(၁၉) #ယေဇူးရွှေနှလုံးတော်၏ရန်သူများ။

ငါ့သား၊ ဟေရုဒ်မင်းသည်လောကီပစ္စည်းများကို လွန်စွာတပ်မက်မောသောကြောင့် ငါ၏ရန်သူဖြစ်ခဲ့၏။ ငါသည် သူ၏မသမာကြံစည်မှုများမှ လွတ်မြောက်ရန်အလို့ငှါ အီဂျစ်တူးပြည်သို့ ထွက်ပြေးတိမ်ရှောင်နေခဲ့ရ၏။ ယခု အချိန်မှာလည်း မိမိတို့အလိုဆန္ဒပြည့်စုံရောင့်ရဲမည်အထင်နှင့် ဤလောကကြီးမှ ဥစ္စာပစ္စည်း၊ ဂုဏ်ပကာသန၊ လော ကီအပျော်အရွှင်များကိုရှာဖွေကြသော အလားတူဟေရုဒ်မင်း၊ မြောက်များစွာရှိကြလေသည်။ ဤနည်းအားဖြင့် ဤ သူအပေါင်းတို့သည်မိမိတို့ ဝိညာဉ်၏ဆာမွတ်ခြင်းကို တင်းတိမ်စေရန်ကြိုးစားကြကုန်၏။ သဘာဝတရားကိုမူကား ကရုမစိုက်လက်လွတ်ထားကြကုန်၏။ ဥစ္စာပစ္စည်းများကို ဖြုန်းတီးသည်သာမက၊ အခြားမလိုအပ်သောကိုးကွယ်မှု များကိုလည်း ပြုကြသေး၏။ သူတပါး၏ချီးမွမ်းခြင်းကိုရှာမှီးခြင်းဖြင့်လည်း မိမိတို့၏ ကျန်းမာခြင်းကို ချို့တက်အောင် ပြုလုပ်ကြသေး၏။ ငါ၏ရွှေနှလုံးတော်မူကား ထိုသူတို့အပေါ်မှာ ကြင်နာသနားခြင်းရှိတော်မူ၏။ အကြောင်းမူကား ဤသူတို့သည် ငါ့နိုင်ငံတော်၏ အဖိုးထိုက်လှသော ရတနာကိုရှာဖွေမည့်အစား တန်ဖိုးမရှိသော လောကီစည်းစိမ်တို့ ၌ နှစ်မွန်းကြကုန်သတည်း။

ယုဒသည် ငါချစ်မြတ်နိုး၍ ရွေးကောက်သောတပည့်များတွင် တစ်ဦးအပါအဝင်ဖြစ်သော်လည်း မိမိနှလုံးထဲ၌ မကောင်းသောဝါသနာများကို မွေးမြူသောကြောင့် ငါ၏ရန်သူဖြစ်ခဲ့လေသည်။ အကြောင်းမူကား သူသည်ငွေကို တပ်မက်မောသဖြင့် ငါ့ကိုရန်သူတို့၏လက်တွင်းအပ်နှင်းခဲ့လေသည်။ ထိုနည်းတူ ယခုအချိန်မှာလည်း ငွေကိုတပ်မက် မောကြသောကြောင့် ယူဒကဲ့သို့ ငါ့ကိုအပ်နှံသော သူအမြောက်အများရှိကြလေသည်။ ကျမ်းတတ်ဆရာတို့နှင့်ဖါရီဇေဦးတို့သည် ငါ၏ရန်သူများဖြစ်ကြ၍ ငါ့ကိုသတ်ရန်အမျိုးမျိုးကြံစည်ကြလေသည်။ ယခုခေတ်သမယမှာလည်း ငါ၏အသင်းတော်နှင့် ဆန့်ကျင်ဘက်ပြု၍ ငါ့အားတည်ကြည်စွာ အစေခံသောသူတို့ကို သတ်လိုသောရန်သူများ လည်း ရှိကြလေသည်။ ငါ၏အသားကို စားရန်အလို့ငှါ ငါပေးမည်ဟုတပည့်တော်တို့အားငါပြောသောအခါ ဤစကား သည်ခက်ခဲ၏။ အဘယ်သူနာခံနိုင်ပါမည်နည်းဟုဆိုကြ၍ ငါ့အထံမှဆုတ်ခွာသွားကြသော တပည့်တော်များလည်း အမြောက်အများရှိကြကုန်၏။ ယခုခေတ်သမယမှာလည်း ငါ၏ရန်သူများနှင့် ပူးပေါင်းရန်အသင့်ရှိသော သူများ၏အ ရေအတွက်သည်လည်း မနည်းလှချေ။ ထိုသူတို့သည်ကား ကိုယ်တော်မြတ်ကိုပင့်ယူရန် ငြင်းပယ်ကြသောသူများ ဖြစ်ကြသတည်း။

ငါ့သား၊ ငါ၏ရန်သူများအစား သင့်ထံမှနှစ်သိမ့်ခြင်းကိုတောင်းခံရန်ငါအလိုရှိ၏။ အကြောင်းမူကား ငါ့ကိုမချစ် မမြတ်နိုး၍သစ္စာဖောက်သောသူတို့သည်ငါ၏ရွှေနှလုံးတော်အား ဝမ်းနည်းစရာအကြောင်းဖြစ်ကြကုန်၏။ ထို့ကြောင့် ငါ၏ရွှေနှလုံးတော်အား ရန်သူတို့၏ထိခိုက်ကျူးလွန်မှုများပြေရာပြေကြောင်း ဆပ်ဖြေအလို့ငှါ အနည်းဆုံး တစ်လတစ်ခါ ငါ့ထံသို့လာ၍ ကိုယ်တော်မြတ်ကိုပင့်ယူပါလော့။

အိုချစ်ဖွယ်လှသောယေဇူး၊ ကိုယ်တော်၏ ဝမ်းနည်းခြင်းတို့၌ တပည့်တော်သည် ကိုယ်တော်၏ နှစ်သိမ့်ရာဖြစ် စေလိုပါသည်။ ကိုယ်တော့ကိုကျူးလွန်စော်ကားသောသူတို့တွင် မပါမဝင်ရအောင် တပည့်တော်ကို ကိုယ်တော်နှင့် နီးကပ်စွာထားတော်မူပါ။ တပည့်တော်၏ချစ်ခြင်းနှင့်အစေခံခြင်းဖြင့်အခြားသူတို့သည် ကိုယ်တော့အားသစ္စာဖောက် ခြင်းမှကွယ်ကာခြင်းခံရပါစေသော်။

#ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကိုသွားရောက်ဖူးမျှော်လျက် ရွှေနှလုံးတော်အားထိခိုက်မှုများအတွက်ဆပ်ဖြေရန်။

#ဆုတောင်း။ ။ ဝမ်းနည်းကြေကွဲတော်မူသော ယေဇူး၏ရွှေနှလုံးတော်၊ အပြစ်ဒဏ်ဆပ်ဖြေရန်အလို့ငှါ တပည့် တော်၏ချစ်ခြင်းကို လက်ခံတော်မူပါ။

#ဥပမာပုံပြင်

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း၌ သနားခြင်းဂိုဏ်းမှ သီလရှင်နှစ်ပါးသည် ဆေးရုံကြီးသို့ အကြည့်အရှု သွားလေ၏။ သူတို့သည် ဆေးရုံလူနာအားလုံးကို လှည့်လည်ကြည့်ရှု၍ စကားပြောဆိုပြီး နောက်ပြန်တော့မည်အပြု တွင် ကက်သလစ်မဟုတ်သော သူနာပြုဆရာမကလေးသည် စစ္စတာရ်များအား ယမန်နေ့က ရုတ်တရက်ဖြစ်ပျက် သောအမှုအကြောင်းကိုလာ၍ ပြောပြလေ၏။ ဆရာမကလေးက သူငယ်သုံးဦးတို့သည် သောက်စားမူးယဇ်၍ ခိုက် ရန်ဖြစ်ပွားကြသောအခါ တစ်ယောက်သောသူကို တံခါးပြင်ဘက်တွင်တွန်းထုတ်လိုက်ကြသဖြင့် လိမ့်ကျသွားပြီး လျှင် ဖြတ်သန်းသွားလာနေသော မော်တော်ကားနှင့် ကြိတ်မိလေ၏။ ဦးခေါင်းခွံမှာ ကွဲအက်သွားသည့်အပြင် အခြား သောဒဏ်ရာများစွာရသဖြင့် အသက်ရှင်ဖို့ရာလမ်းမရှိဟုပြောပြပြီးနောက် သူဟာကက်သလစ်ဖြစ်တယ်။ သို့သော် သူသတိမေ့နေသဖြင့် ရဟန်းကိုပင့်သော်လည်း အကျိုးရှိမည်မထင်၍ မပင့်ပေးဘဲ နေပါသည်ဟုပြောပြလေ၏။ ထို အခါစစ္စတာရ်က မည့်သည့်အခါမဆို ရဟန်းကိုပင့်ခေါ်သင့်ပါသည်။ တခါတရံ ကျွန်မတို့ထင်သည်ထက် လူနာကပို ၍သတိရှိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ လူနာသည် ပရိတ်တော်ဆီလူးမှတ်ခြင်းနှင့် အခွင့်လွတ်ခြင်းကိုခံယူနိုင် ပါသည် ဟုပြောလေ၏။ သူနာပြုဆရာမလေးက လူနာကိုကြည့်လိုပါက လာ၍ကြည့်ပါမည့်အကြောင်း ပြောပြသဖြင့် လူနာအခန်းရှိရာသို့သွားကြလေ၏။

အခန်းထဲသို့ဝင်မိကြသောအခါ စစ္စတာရ်တပါးက ထိုလူနာကိုမှတ်မိလေ၏။ အကြောင်းမူကား သူငယ်ရွယ် စဉ်က ထိုစစ္စတာရ်သင်ကြားပြသပေးသော ဘုရားစကားတန်း၌နေဖူးသဖြင့် သူသည် ရွှေနှလုံးတော်အား သဒ္ဓါကြည် ညိုခြင်းရှိဖူးသည်ကို သတိယလေ၏။ စစ္စတာရ်သည် ရွှေနှလုံးတော်အား မိမိကတိချက်များကို သတိရပါမည့်အကြောင်းတောင်းပန်ပြီးလျှင် လူနာ၏အပေါ်သို့ ကုန်း၍၊ ရှင်းလင်းပီသစွာဖြင့် ယေဇူးသနားတော်မူပါဟု ထပ်ခါထပ်ခါ ရွတ်ဆိုလေ၏။ သို့သော်လူနာထံမှ ဘယ်အဖြေကို မှမရချေ။ တဖန်စစ္စတာရ်က အိုဘုရားသခင်တပည့်တော်ဝမ်း နည်းပါသည်ဟု ရွတ်ဆိုပြီးလျှင် တခဏမျှ တိတ်ဆိတ်စွာ ရပ်နေလေ၏။ တခဏမျှကြာကာလ လူနာ၏နှုတ်ခမ်းများ သည် လှုပ်ရှားလာ၍ ယေဇူးသနားတော်မူပါ။ အိုဘုရားသခင်တပည့်တော်၏အပြစ်များအတွက် ဝမ်းနည်းပါသည်ဟု ရွတ်ဆိုလနေသည်ကို တွေ့ရ၍ အလွန်အံ့သြကြလေ၏။ ချက်ချင်းပင်ရဟန်းကို အပင့်ခိုင်းပြီးနေက် ထိုလူနာသည် နောက်ဆုံးစက္ကရမင်တူးကိုခံယူလေ၏။

စစ္စတာရ်ကသူနာပြုဆရာမကလေးအား ထိုသူနာအဖြေပေးခြင်းအကြောင်းကို ပြောနိုင်ပါမည်လားဟု မေးရာ ဆရာမကလေးကား ရှင်းလင်းမပြနိုင်ချေ။ ထိုအခါစစ္စတာရ်က ရွှေနှလုံးတော်သည် မိမိ၏ကတိချက်ကို ပြည့်စုံစေသည် ကား အလွန်စိတ်နှလုံးကို ထိခိုက်ဖွယ်ရာထိအောင် ဖြစ်ရပါသည်ဟု နိဂုံးချုပ်လိုက်လေသည်။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

6 + 4 =