ဇွန်လ(၁၈)#ယေဇူးရွှေနှလုံးတော်၏မိတ်ဆွေများ။

ဇွန်လ(၁၈)#ယေဇူးရွှေနှလုံးတော်၏မိတ်ဆွေများ။

ငါ့သား ဤလောက၌ငါ့အချစ်ဆုံးသောမိတ်ဆွေများကား ငါ၏မယ်တော်နှင့် သံဇူဇယ်တို့ဖြစ်ကြလေသည်။ ငါ၏ရွှေနှလုံးတော်အားနှစ်သက်ရာ ဟူသများကို သူတို့နှင့်ဝေမျှ၏။ ငါတို့၏အိမ်ကလေး၌တည်ရှိသော စည်းလုံးညီ ညွတ်ခြင်းကို မည်သည့်အရာမျှ ပျောက်ပျက်အောင်ပြုလုပ်နိုင်မည်မဟုတ်ပေ။

ငါ့သား၊ သင်၏မိဘများတို့သည် သင်၏အကောင်းဆုံးသောမိတ်ဆွေများဖြစ်သည်ကို သင်သည်လည်းသတိ မူပါလော့။ ထို့ကြောင့် သင်၏ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းများကို သင်သည်လည်း သတိမူပါလော။ ထို့ကြောင့်သင်၏ ဝမ်းသာခြင်းဝမ်းနည်းခြင်းများကို သူတို့အားယုံကြည်လွဲအပ်ပါလော။ သင်၏မျှော်လင့်ခြင်းနှင့် လိုအင်ဆန္ဒများ၌ သူ တို့နှင့် ဝေမျှဖို့ မည်သည့်အခါမျှ ပျက်ကွက်ခြင်းမရှိပါစေနှင့်။ သင်၏အိမ်ကို နာဇရက်အိမ်ကလေးနှင့်တူအောင် ကြိုး စားအားထုတ်ပါလော့။

ငါသည်ယောဟန်ဗတ္တိစတားကို တခါတည်းအကြည့်အရှုသွားခြင်းအားဖြင့် သူ့အားရဟန္တာအဖြစ်သို့ရောက် စေလေသည်။ ထို့ကြောင့်မိမိတစ်သက်တာအတွင်းမှာ ယောဟန်ှဗတ္တိစတားသည် မိမိကိုယ်ကို ခြိုးခြံခြင်း၊ နောင်တ တရားယူခြင်းအမှုတို့ကို ကျင့်ဆောင်ခဲ့လေသည်။ ငါ၏ချစ်သား၊ ငါသည်မကြာခဏ ကိုတော်မြတ်စက္ကရမင်တူး၌ သင့်ထံသို့ကြွလာတော်မူခြင်းဖြင့် သင့်အားလည်းရဟန္တာဖြစ်စေလိုသည်။ သို့ဖြစ်၍ငါကြွလာဖို့ရာ သင့်ကိုယ်ကိုတတ် အားသမျှ ပြင်ဆင်ပါ၏လော။ တခြားသူများကသင့်ကို တွေ့ပါလျှင် သင်သည်ဝိညာဉ်ရေး၌ တိုးတက်လျှက်ရှိသည် ကို သတိမူလောက်အောင် ငါ၏ရွှေနှလုံးတော်၏ ပါရမီများကို အတုယူဆည်းပူးရန် ကြိုးစားအားထုတ်ပါ၏လော။ ငါ၏မိတ်ဆွေများတွင် ငါ့နောက်သို့လိုက်ရန် မိမိတို့ ပိုင်ဆိုင်သမျှကို စွန့်ပစ်ခဲ့ကြသော တမန်တော်ကြီးများ တို့သည်လည်း အပါအဝင်ဖြစ်ကြ၏။ ထိုသူတို့၌ ချို့ယွင်းချက်များရှိငြားသော်လည်း ငါ့ကိုအစစ်အမှန်ချစ်မြတ်နိုးကြ လျက် ပါရမီများကိုကျင့်ကြံကြ၏။ ငါ့၏ချစ်သား သင်၌လည်း ထိုပါရမီများကိုအမြဲတွေ့လိုပါသည်။ ငါသည်ကောင်း ကင်ရှိပလ္လင်ထက်မှ လက်များကိုဆန့်တန်း၍ သင့်ထံမှ တစ်စုံတစ်ခုကိုတောင်းခံပါလျှင် သင်သည်ရက်ရက်ရောရော ငါ၏အလိုတော်ကိုလိုက်ပါမည်လော။

အိုချစ်ဖွယ်လှသောယေဇူး၊ ကိုယ်တော်၏မိတ်ဆွေဖြစ်ရန် ကိုယ်တော်သည်တပည့်တော်ကိုတောင်းခံတော် မူသည့်အတွက် ကိုယ်တော်အားကျေးဇူးတင်ဆပ်ပါသည်။ တပည့်တော်၏နှလုံးကို ကိုတော်အလိုရှိတော်မူသော ပါရမီများနှင့် ဖြည့်တင်းပေးတော်မူပါ။ တပည့်တော်သည် ကိုယ်တော်မိတ်ဆွေအဖြစ်၌ အမြဲတည်နေရအောင်လည်း ၎င်းအဖြစ်ကိုချိုးဖဲ့စေတတ်သော မှားယွင်းခြင်းများမရှိစေရန် တပည့်တော်၏ကြိုးစားအားထုတ်မှုကို ကောင်းကြီးပေး တော်မူပါ။

#ကျင့်ရန်။ ။ ကိုယ်တော်မြတ်စက္ကရမင်တူးတွင် ကိန်းအောင်းတော်မူသော သင်၏မိတ်ဆွေကို ကြိမ်ဖန်များစွာ ဖူးမျှော်ပါလော့။

#ဆုတောင်း။ ။ ဝိညာဉ်များကိုချစ်ခင်တော်မူသော ယေဇူး၏ရွှေနှလုံးတော်၊ ကျွန်ုပ်တို့ကိုသနားတော်မူပါ။

#ဥပမာပုံပြင်

ချားလ်စ်ဂျော်ဒန်သည် မိမိ၏စားပွဲ၌ထိုင်ကာ စိတ်ရှုပ်ထွေးလျက် မိုင်တွေချကာနေလေ၏။ သူ၏မိဘများ သည် သူ့အားဘာသာကျောင်းမဟုတ်သောအခြားကောလိပ်ကျောင်း၌ အတင်းအကြပ်ပြုကာပို့လိုက်သဖြင့် အကျင့် တရားပျက်ပြားသူတို့နှင့်တွေ့ဆုံကာအပေါင်းအသင်းဖြစ်လာလေ၏။ ယနေ့လည်း သူသည်ကျောင်းသို့မသွားနိုင်ချေ။ အချိန်ရှိတိုင်းကပွဲများ၊ ပျော်ရွှင်ပွဲများ၊ ကစားပွဲများသို့ သွားရောက်အချိန်ဖြုန်းတီးခဲ့သဖြင့် ၎င်းအပြုအမူတို့သည် ငယ်ရွယ်စဉ်က ကက်သလစ်ဘာသာကျောင်းတွင် သင်ကြားခံရခြင်းများနှင့် ဆန့်ကျင်ဖက်ဖြစ်ကြောင်းကို သိရှိတွေ့ မြင်လေ၏။

သူသည်စိတ်ရှုပ်ထွေးကာ ခေါင်းကလည်းကိုက်လှသဖြင့် စာမကျက်နိုင်ချေ။ ထို့ကြောင့် စိတ်ပြေလက် ပျောက် လမ်းထွက်လျှောက်လေ၏။ သွား၍မှများစွာမဝေးမှီ မိုးရွာ၊ မိုးကြိုးပစ်သောကြောင့် အနီးရှိဘုရားကျောင်းသို့ ဝင်ရောက်မိုးခိုလေ၏။ ဘုရားကျောင်းထဲ၌ ရွှေနှလုံးတော်ပလ္လင်ရှေ့တွင် ဒူးထောက်လေ၏။ သို့သော်ရွှေနှလုံးတော် ၏မျက်လုံးတော်များသည် တောင်းပန်သောကြည့်ခြင်းဖြင့် ကြည့်နေသည်ကိုတွေ့၍ ပိုမိုပြီးစိတ်လက်မသာခြင်းဖြစ် လေတော့၏။ စိတ်နှလုံး၏အာရုံကိုပြောင်းရန်အလို့ငှါ ဟိုဟိုဒီဒီကြည့်လိုက်သောအခါ ခုံပေါ်တွင်ရှိသောစာရွက်က လေးတရွက်ကို စိုက်ကြည့်မိလေ၏။ ၎င်းစာရွက်ကလေး၌သာ ယေဇူးရွှေနှလုံးတော်သည် မာဂရက်မေရီအား ထား ရှိခဲ့သောကတိချက်များပါရှိလေ၏။ ၎င်းတို့အထဲတွင် သူအနှစ်သက်ဆုံးအချက်ကား ငါ၏ရွှေနှလုံးတော်ကိုကြည်ညို လေးမြတ်ခြင်းရှိသောသူတို့အား ငါသည် သူတို့၏ အလုပ်အကိုင်များ၌ ကောင်းကြီးပေးတော်မူလိမ့်မည်။ ၎င်း၏အ နက်အဓိပ္ပါယ်ကိုသိရှိရန် ဘုရားကျောင်းထဲသို့ဝင်လာသော်ရဟန်းတော်ကိုသွားရောက်မေးမြန်းလေ၏။ ရဟန်းတော် က ရွှေနှလုံးတော်အား သဒ္ဓါကြည်ညိုဝတ်ပြုခြင်းများစွာရှိလေသည်။ ၎င်းတို့အနက် အလွယ်ကူဆုံးသောနည်းကား ရွှေနှလုံးတော်၏ရုပ်ပုံထားရှိ၍ ၎င်းပုံကိုကြည့်တိုင်း မြင့်မြတ်တော်မူလှသောယေဇူး၏ရွှေနှလုံးတော် ကျွန်ုပ်သည် ကိုယ်တော်အား ယုံကြည်ကိုးစားခြင်းရှိပါသည်ဟု ရွတ်ဆိုခြင်းပင် ဖြစ်ပါသည်ဟု ရှင်းလင်းပြောပြလေ၏။

သူသည်လှည့်ထွက်သွားမည်အပြုတွင် ရဟန်းတော်သည် သူ၏အခြေအနေကို အကဲခတ်မိလိုက်သဖြင့် သူ့အား မင်းကိုကြည့်ရတာမင်းစိတ်ထဲ၌ တစုံတခုစိတ်ရှုပ်ထွေးနေပုံရတယ်။ မင်းကိုတစုံတခုကူညီနိုင်တာများရှိ မလားဟုမေးလိုက်ရာ၊ သူက ကိုယ်တော်၊ တပည့်တော်နေရတာ ဘုရားသခင်ထံမှလွှင့်ပါးနေသလိုပဲဟုဖြေလိုက်၏။ ထိုအခါ ရဟန်းတော်က ဒီလိုဖြစ်ရင် သင်ခိုလှုံတွယ်ကပ်နိုင်သော ကျောက်ဆူးနှင့်တူသည့်ကိုယ်တော်မြတ်စက္ကရမင် တူးနှင့် အာပတ်ဖြေခြင်းစက္ကရမင်တူးရှိသားပဲဟု ပြောလိုက်ရာ ချားလ်စ်သည် ခဏမျှစဉ်းစားနေလေ၏။ ရဟန်း တော်သည်လည်း ထိုသူငယ်၏ ဝိညာဉ်အတွင်း၌တိုက်ခိုက်နေသော တိုက်ပွဲကိုသိမြင်သဖြင့် ဝိုင်းဝန်းကူညီ၍ ရွှေနှ လုံးတော်ထံမှသနားခြင်းကို တောင်းပန်လေ၏။ ထို့နောက်သူငယ်က ကိုယ်တော်၊ တပည့်တော်၏အာပတ်ဖြေခြင်း ကိုနားထောင်ပါလျှင် ထိုကျောက်ဆူးကိုတွယ်ကပ်ရန် တပည့်တော်ကြိုးစားပါမည်ဟုပြောလေ၏။

ချားလ်စ်သည် ဘုရားကျောင်းမှထွက်ခွါလာခဲ့ပြီး နီးရာကက်သလစ်ဈေးဆိုင်၌ ရွှေနှလုံးတော်ရုပ်ပုံကိုရှာဖွေ ၏။ သို့သော် ထိုပုံမျိုးမှာ တစ်ပုံတည်းသာရှိ၍ အလွန်လှပသပ္ပါယ်တော်မူ၏။ သို့သော်ကြီးလွန်းသဖြင့် ထိုကားချပ်ကို ဝယ်ယူရန် သူ၏စိတ်၌အနည်းငယ်နှောင့်နှေးသွားလေ၏။ အကြောင်းမူကား ထိုကားချပ်ကို ကောလိပ်ကျောင်းသို့ ယူသွားခဲ့ပါမူ သူ၏သူငယ်ချင်းများနှင့် ရင်ဆိုင်တွေ့မည့်အရေးကိုတွေး၍ ပြေးမြင်ထားသောကြောင့်ဖြစ်လေ၏။ မည် သို့ပင်ဖြစ်စေကာမူ တောင်းပန်လျှက်ရှိတော်မူသော ယေဇူးရွှေနှလုံးတော်၏မျက်လုံးတော်များသည် လူ့မျက်နှာ ထောက်ထားခြင်းကို အောင်မြင်တော်မူသဖြင့် ထိုကားချပ်ကို ဝယ်ယူလိုက်လေ၏။

ချားလ်စ်သည် မိမိကျောင်းသို့ပြန်လာ၍ ကျောင်းဝင်းထဲသို့ရောက်သည်နှင့်တပြိုင်နက် သူ၏သူငယ်ချင်းတစ် စုနှင့် ပပ်ပင်းတွေ့လေသဖြင့် ယူလာသောအထုပ်အကြောင်းမေးကြလေ၏။ အထုပ်ထဲ၌ဘာများပါလာသလဲဟု ကြည့်ရှုရန်အပြောင်အလှောင်သန်သောသူငယ်ချင်းတစုသည် ချားလ်စ်နောက်သို့ထပ်ကြပ်မကွာလိုက်သွားကြလေ ၏။ ချားလ်စ်မှာ မနေတတ်မထိုင်တတ်ဖြစ်နေလေ၏။ သို့သော် သူသည်ဤကဲ့သို့တွေ့ကြုံရမည်ကိုကြိုသိနှင့်ပြီဖြစ်၍ အောင်မြင်ရန်ဆုံးဖြတ်လိုက်၏။ အခန်းထဲသို့ရောက်သောအခါ ပတ်ထားသောစက္ကူများကိုဖြည့်ပြီးနောက် ရုပ်ပုံကား ချပ်ကို မိမိစားပွဲပေါ်၌လှပစွာထောင်ထားလေ၏။ ထိုအခါသူငယ်ချင်းအားလုံးတို့သည် တိတ်ဆိတ်သွားပြီး သတိမရှိ ပဲနှင့် မိမတို့ဦးထုပ်များကိုချွတ်လိုက်ကြလေ၏။ အားလုံးပင်မိနစ်အနည်းငယ်မျှငြိမ်နေပြီး တစ်ယောက်ကနေပြီး လာ ကြသူငယ်ချင်းတို့ရေ၊ ချားလ်စ်က ဘုရားတရားနဲ့နေမှဖြင့်တို့အဖို့နေရာမရှိတော့ဘူး ဟုဆိုလာသဖြင့် အားလုံးရယ် မောကာအခန်းထဲမှ ထွက်သွားကြလေ၏။ သို့သော် သူတို့ထဲမှ အိနြေ္ဒရှိ၍တည်ကြည်သောသူငယ်တစ်ယောက်မှာမူ ကား အညို့ခံထားရသည်အလား ထွက်မသွားနိုင်ပဲ ဖင့်နွဲ့၍နေလေ၏။ ထို့နောက် ချားလ်စ်ဘက်သို့လှည့်၍ မင်း၊ ဒီ ပုံတော်ကားချပ်ကိုဒီကိုယူလာဖို့တော်တော်သတ္တိရှိရမယ်။ ဒီလိုလုပ်နိုင်တာမင်းလိုလူပဲကွ၊ ဟုလက်ကိုပေး၍နှုတ် ဆက်ကြလေရာ ချားလ်စ်က ကျေးဇူးတင်ပါတယ်ဟုသာပြောလေ၏။

နောက်များမကြာမှီ ဂျိမ်းစ်ကင်န်သည် ချားလ်စ်အား ခင်ဗျားကောလိပ်ကျောင်းကို ဒီပုံကိုယူလာဖို့ ဘာက တိုက်တွန်းလိုက်တာလဲဟု မေးရာ၊ ချားလ်စ်သည်မိမိစားပွဲပေါ်ရှိစာရွက်လေးကိုကမ်းလှပ်ပေး၍ အဓိပ္ပါယ်ကိုမိမိ မိတ် ဆွေအားရှင်းပြလေ၏။ ဂျိမ်းစ်သည် စကားအနည်းငယ်မျှသာပြောသော်လည်း စိတ်ထဲ၌များစွာထိခိုက်သွားလေ၏။ သူသည် ချားလ်စ်၏အရိပ်အကဲများကိုစောင့်ကြည့်နေရာ ချားလ်စ်သည်နေ့တိုင်းမစ္ဆားတရားသွား၍ ကိုယ်တော်မြတ် ကိုပင့်ယူသည်ကို တွေ့လေ၏။ ပါမောက္ခများကလည်း သူ့အားမည်သို့မျှအပြစ်မတင်သာပေ။ အကြောင်းမူကားသူ သည် အတန်းထဲ၌သူသည်အဆင့်အတန်းအမြင့်ဆုံး၌ရှိလေ၏။ သူနှင့်ယခင်ပေါင်းသင်းဆက်ဆံလာခဲ့ကြသော လူ တစုမှာကား ရုပ်ပုံကားချပ်၏ကြည့်ခြင်း၌ မနေသာမထိုင်သာဖြစ်၍ ချားလ်စ်အခန်းသို့လာရောက်ခြင်းမှ ရပ်စဲလိုက် ကြလေသည်။ အကျင်းစာရိတ္တကောင်းမွန်သောယောက်ျားလေးများကား ချားလ်စ်အား အရိုအသေချီးမွမ်းခြင်းမားပြု ၍ မိမိတို့သူငယ်ချင်းမိတ်ဆွေအဖြစ်ရှိနေရသည်ကို ဂုဏ်ယူကြလေ၏။

တရွေ့ရွေ့နှင့်လများကုန်လွန်ခဲ့လေပြီ။ ဇွန်လအတွင်း၊ တနေ့သောညနေခင်း၌ ဂျိမ်းစ်သည် ချားလ်စ်အား လမ်းလျှောက်အဖော်လိုက်ရန် ခေါ်သွားလေ၏။ သူတို့သွားရင်းနှင့်ပင် သူတို့၏ခြေဦးသည် သံဃာတော်ဂေဟာသို့ လှည့်သွား၍ ရဟန်းတော်သည်သူတို့အားရပ်စောင့်နေသည့်အလား ထံခါးဖွင့်ပေးနေသည်ကိုတွေ့ရသော် ချားလ်စ် မှာများစွားအံ့အားသင့်နေ၏။ ဂျိမ်းစ်ကားရယ်၍ သူ့အားခင်ဗျားကိုအံ့သြစရာတခုခုပေးမလို့ပါ။ ရဟန်းတော်သည် ယ နေ့ည ဆေးကြောခြင်းပေးလိမ့်မည်။ ခင်ဗျားက ကျွန်တော့ရဲ့ခေါင်းကိုင်အဖေဖြစ်ရမည်။ အကြောင်းမူကားခင်ဗျား ကြောင့်သာလျှင် ကျွန်တော်သည် ဤကျေးဇူးတော်ကိုခံစားရပါသည်။ ခင်ဗျား၏ရုပ်ပုံကားချပ်သည် ကျွန်ုပ်၏အကျင့် ပြောင်းလဲရာ အကြောင်းဖြစ်ပါသည်။ ရွှေနှလုံးတော်ကား ကျွန်တော်၏အလုပ်အကိုင်များ၌ ကောင်းကြီးပေးတော်မူ ပါသည်ဟုပြောပြလေ၏။

ဆေးကြောခြင်းစက္ကရမင်တူးမင်္ဂလာကိုပြေးပြီးသောအခါ ရဟန်းတော်သည် ချားလ်စ်ဘက်သို့လှည့်၍ မင်း ကောရှေ့ကိုလာလုပ်ဖို့ ကြံစည်ထားသလဲဟုမေးရာ သူက၊ တပည့်တော်လဲ ကိုယ်တော်အားအံ့သြစရာတစ်ခုပေး မလို့ပါပဲ။ နောက်တလကျရင် မေရီနိုးလ်ရဟန်းဖြစ်သင်ကျောင်းကိုသွားပြီး အချိန်တန်လျှင် သာသနာပြုရဟန်းတပါး ဖြစ်မည်ဟုမျှော်လင့်ပါသည်ဟု ပြောလေရာ ဂျိမ်းစ်ကဆက်၍ ခင်ဗျားသည် ရွှေနှလုံးတော်ကားချပ်ကို ယူလာခဲ့သော အခါ၊ ခင်ဗျားရဲ့ပထမသာသနာပြု တရားဟောခဲ့ပါတယ်။ ကျွန်တော်ကတော့ ခင်ဗျားရဲ့ ပထမဘာသာဝင်တစ်ဦးဖြစ် ပါတယ်ဟုပြောလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

1 + 4 =