ဇွန်လ(၁၇)# ဇွဲထက်သန်လှသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ(၁၇)# ဇွဲထက်သန်လှသောယေဇူး၏ရွှေနှလုံးတော်။

 

ငါ့သား၊ ငါ့နှလုံးအားလောင်ကျွမ်းလျှက်ရှိသော ဇွဲစိတ်ထက်သန်ခြင်းမျိုးကို သင်၏နှလုံး၌လည်းရှိစေရန် ငါအလိုရှိ၏။

 

ဆာမာရီတန်မိန်းမတစ်ဦးအား အကျင့်ပြောင်းလဲစေပြီးမှ မိမိလူမျိုးများအတွက် တမန်တော်အဖြစ်ငါခန့်ထား ရန်အလို့ငှါစိတ်ဇွဲထက်သန်ခြင်းကြောင့် ငါသည် ယကုပ်ရေတွင်းသို့လာခဲ့လေပြီ။ စိတ်ဇွဲထက်သန်ခြင်းကြောင့်လည်း တရားဒေသနာကိုဟောပြော၍ လူတို့အားကောင်းကင်လမ်းကိုညွှန်ပြအလို့ငှါ ငါသည်ဂါလီလေအာနယ် မြို့ရွာများသို့ လှည့်လည်သွားခဲ့လေပြီ။ အပြစ်ရှိသူ တစ်ဦးတစ်ယောက်မျှ ငါ၏ချစ်ခြင်းနှင့် ကြင်နာသနားခြင်းကို မ ခံရဘဲ မရှိစေခြင်းငှာ လမ််းလြွနေသော သူများနှင့် ပျောက်ဆုံးနေသော သိုးများကို ငါသည် လိုက်ရှာဖွေခဲ့လေပြီ။

 

ငါ၏ချစ်သား သင်သည်လည်း စိတ်ဇွဲထက်သန်ခြင်း ပါရမီကို ဆည်းပူးရန် ဤအသက်တာတွင် များစွာသော အခွင့်အရေးများကိုတွေ့ရပေလိမ့်မည်။ ဤလောကမှာ အကျွတ်တရားလမ်းလွဲနေသောသူများ အကျွတ်တရားရရန် စိတ်ပျက်အားငယ်နေသော သူများအမြောက်အများပင်ရှိကြသတည်း။ သို့ဖြစ်၍ လမ်းလွဲနေသောမိတ်ဆွေ တယောက်အား သတိပေးစကားတစ်ခွန်းအားဖြင့်ဖြစ်စေ စိတ်ပျက်အားငယ်နေသော သူတစ်ဦးတစ်ယောက်အား ကြင်နာသောအားပေးစကား တစ်ခွန်းအားဖြင့်ဖြစ်စေသင်သည် ကက်သလစ်ဘာသာသူ မဟုတ်သောသူတစ် ယောက်နှင့် အပြင်သို့ လမ်းလျှောက်ထွက်သွားသောအခါ ငါ၏ ဘုရားကျေားနားသို့ရောက်လာလျှင် ကျောင်းတွင်း သို့မဝင်ပဲ ဖြတ်ကျော်မသွားပါနှင့်။ ဘုရားကျောင်းသို့ဝင်ခြင်းအားဖြင့် ဘာသာသူမဟုတ်သော သူ၏နှလုံးထဲ၌ သင်၏ မျိုးစေ့ကိုကြဲချကောင်းကြဲချပေလိမ့်မည်။ သင်သည်စိတ်ဇွဲထက်သန်ခြင်းရှိပါမူ ဆုတောင်းပါလော။ အပြစ်ရှိသူ အား လုံးအတွက်လည်းဆုတောင်းပါလော။ အပြစ်ရှိသူအားလုံးအတွက် ဆုတောင်းရန် ဘယ်သောအခါမျှမမေ့ပါနှင့်။ သို့ မှသာလျှင် ဝိညာဉ်များအတွက် ကြိုးပမ်းခြင်း၌ တွေ့ကြုံရသောဆင်းရဲဒုက္ခများနှင့် စုံစမ်းခြင်းများကို ဤသူတို့သည် ရဲရင့်စွာရင်ဆိုင်နိုင်ကြပေလိမ့်မည်။ ထိုသူတို့အား ဟောပြောခြင်းသည်လည်း ဖမြောက်အောင်မြင်ခြင်းရှိပါလိမ့်မည်။ ဤသို့ပြုခြင်းအားဖြင့်လည်း သင်သည် ငါ၏နှလုံးတော်အား နှစ်သိမ့်ခြင်းပေးပါလိမ့်မည်။

 

အိုချစ်ဖွယ်လှသောယေဇူးသခင်၊ ကိုယ်တော်၏ ဘုန်းတော်ဂုဏ်တော်တိုးတက်စေရန်အလို့ငှါ တပည့်တော် သည် စိတ်အားထက်သန်စွာဆောင်ရွက်လိုပါသည်။ အိုချစ်ဖွယ်လှသောယေဇူး၏ရွှေနှလုံးတော်၊ ကိုယ်တော်၏ နိုင် ငံတော် နှံ့ပြားစေပြီးလျှင် များစွာသောသူတို့ကို ကိုယ်တော့ထံသို့ ပို့ဆောင်နိုင်ရန်အလို့ငှါ တပည့်တော်အားတနေ့ ထက်တနေ့တိုး၍ စိတ်ဇွဲထက်သန်ခြင်းရှိရန် ပြုတော်မူပါ။

 

ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကိုဖူးမျှော၍ ယေဇူးရွှေနှလုံးတော်၏ ဘုန်းတော်တိုးတက်စေရန် ဆုတောင်းပါ။

 

ဆုတောင်း။ ။ အိုယေဇူး၏ရွှေနှလုံးတော်၊ ကိုယ်တော်၏နိုင်ငံတော်သည်ရောက်ပါစေသော။

 

ဥပမာပုံပြင်။

ဂျိမ်းစ်ဘရောင်းသည် ကက်သလစ်ဘာသာမဟုတ်သော မိန်းကလေးတစ်ယောက်နှင့် လက်ထပ်လေ၏။ ထိုသို့ပြုသဖြင့်နောင်သောအခါအိမ်ထောင်ရေး၌ သဘောမညီညွတ်ကွဲပြားခြင်းရှိမည်ကိုသူသည်တင်ကြို၍မစဉ်းစား သေးချေ။ ကလေးနှစ်ယောက်မှာလည်းဆေးကြောခြင်းမခံရသေးချေ။ ထို့ကြောင့်သူသည်များစွာဝမ်းနည်းလေ၏။ သို့ပင်ဖြစ်လင့်ကစား သားအကြီးသည် (၁၂) အရွယ်ရောက်သောအခါ အိမ်မှထွက်၍ ဝေးသောမြို့တစ်မြို့သော သွား၍အလုပ်လုပ်လေ၏။

တနေ့သောအခါ သားကလေး ပေါလ်ဘရောင်းသည် အဖျားအလွန်ကြီးသဖြင့်ဆေးရုံတင်ရလေ၏။ ဆရာဝန်များ စစ်ဆေးကြည့်ရာ ကြောရိုးခွဲရမည်ဖြစ်၍ သူ၏ဖခင်အား လာရောက်ရန်အရေးကြီးကြောင်းနှင့် ကလေး သူငယ်တို့အား အလွန်ချစ်တော်မူသောယေဇူး၏ရွှေနှလုံးတော်အကြောင်းကိုပါပေါလ်အား ပြောပြလေ၏။ သည့် အပြင်သူ့အား ရွှေနှလုံးတော်ရုပ်ပုံကလေးကိုပါပေးသဖြင့် သူသည်ထိုပုံအကြောင်းကိုကောင်းစွာစုံစမ်းလေ၏။ သူ၏ ရောဂါကား တိုးလာဟန်ရှိ၏။ သွေးအစိုင်အခဲကြီးသည် လည်ချောင်းဘက်သွားသောသွေးကြော၌စု၍ နေသဖြင့် ဆရာဝန်ကနောက်တဖန်ပြန်၍ခွဲမှသာလျှင် အနည်းငယ်သက်သာလာမည်ဟုပြောလေ၏။

နောက်တဖန်ခွဲစိတ်ခြင်းခံရမည်ကို ပေါလ်ကြားသောအခါ ဆေးကြောခြင်းခံယူရန် ရဟန်းကိုပင့်ခိုင်းလေ၏။ ရဟန်းရောက်လာ၍ဆေးကြောခြင်းပေးပြီးသောအခါ ပေါလ်သည် ရွှေနှလုံးတော်ပုံကို မိမိလက်ဝဲလက်၌ ဆုပ်ကိုင် ကာ ခွဲစိတ်သောအခန်းသို့သွားလေ၏။ ထိုအချိန်အတွင်း မိဘနှစ်ပါးသည် ဆေးရုံသို့အကြည့်အရှုလာရာမှ ကလေး ၏မိခင်ကို ဘုရားသခင်အားယုံကြည်ကိုးစားခြင်းရှိရန်နှင့် ရွှေနှလုံးတော်သည်လည်း ဆုတောင်းခြင်းကိုနားညောင်း မည်အကြောင်းပြောပြလေ၏။ ထိုအခါသူက စစ္စတာရ် ကျွန်မဘယ့်နှယ်ဆုတောင်းနိုင်ပါ့မလဲ။ ကျွန်မက ကက်သ လစ်မှ မဟုတ်တာပဲ ဟုဖြေလိုက်သောအခါ စစ္စတာရ်တို့လည်း သင်နှင့်အတူ ပူးပေါင်း၍ဆုတောင်းမည်ဟု ပြန်ပြော လေ၏။

ခွဲစိပ်ရန်အတွက် အားလုံးအသင့်ပြင်ဆင်ပြီးပြီ။ ခွဲစိပ်ခြင်းမပြုမှီ ခွဲစိပ်ရာ၌ကြီးကြပ်ရသူ ဆရာဝန်ကြီးက ဆရာဝန်အားလုံးစုရုံး၍ ခွဲစိ်တ်ရမည့်နေရာကို ကြည့်ရှုရန််ခေါ်လေ၏။ သို့သော် သူတို့ခွဲစိတ်ရမည့်သွေးလုံးများမှာ လုံးလုံးပျောက်သွားသဖြင့် အားလုံးအံ့သြကြ၍ တစ်ပြိုင်နက်တည်း တန်ခိုးတော်ဟုပြောကြလေ၏။ ပေါလ်က ရယ် မော၍ သူနာပြုဆရာမကလေးအား လေသံဖြင့် သူတို့သည်ကျွန်တော်တို့၏လျှို့ဝှက်ရာကို မသိကြ၊ ဟုပြောလေ၏။ ဆရာဝန်က ထိုကလေး ဒီလိုပြောသည်မှာ ဘာကိုဆိုလိုပါသနည်းဟုမေးရာ သူငယ်ကလေးသည်မိမိဆုပ်ထားသော လက်ကိုဖွင့်၍ ရွှေနှလုံးတော်ရုပ်ပုံကိုပြပြီးလျှင် ရွှေနှလုံးတော်သည် အကောင်းဆုံးသောဆရာဝန်ဖြစ်သည် ဟုပြော ပြလေ၏။ မိခင်ဖြစ်သူသည် ဖြစ်ပျက်သမျှအလုံးစုံငို ကောင်းမွန်စွာနားလည်၍ ဖြစ်နိုင်လျှင်ယခုချက်ချင်းပင် ကျွန်မ နှင့် ကျွန်မသမီးကလေးဆေးကြောခြင်းခံမည်ဟုပြော၏။ ဖခင်ဖြစ်သူက ဝမ်းသာအားရလျှက် နိမ့်ချခြင်းနှင့်ဆက်၍ ပြောသည်ကား ကျွန်တော်တို့အားလုံး ဆုံးရှုံးခဲ့ကြပြီ။ သို့သော်ယခုမှာရွှေနှလုံးတော်၌ ကျွန်တော်တို့စည့်လုံးညီညွတ် ခြင်းရှိကြမည်ဟု ပြောလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

ယေဇူးရွှေနှလုံးတော်ကို ချစ်မြတ်နိုးပြီး၊ သဒ္ဓါကြည်ညိုကြသော မိတ်ဆွေများအတွက် (ဇွန်လ) တစ်လတာလုံးကို ယေဇူး ရွှေနှလုံးတော်နှင့် နှလုံးသားချင်းပေါင်းစပ်လျှက်ဖြတ်သန်းသွားလိုသူများအတွက် ထောက်ရှုစရာလေးနဲ့ ပုံပြင်တို လေးတွေကို ဖတ်ရင်း ဝိညာဉ်ခွန်အားတိုးပွါးစေကြောင်း ကြိုးစားဝေမျှလိုက်ပါတယ်။ Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

3 + 0 =