ဇွန်လ(၁၅ )#ဝမ်းနည်းကြေကွဲတော်မူသောယေဇူးရွှေနှလုံးတော်။

ဇွန်လ(၁၅ )#ဝမ်းနည်းကြေကွဲတော်မူသောယေဇူးရွှေနှလုံးတော်

ငါ့သား၊ ငါသည် ဘက်သလေဟိမ်မြို့သူမြို့သားများဆီမှ ငြင်းပယ်ခြင်းခံရသောအခါ ငါ၏နှလုံးတော်မှာ အထူးဝမ်းနည်းပူဆွေးခြင်းရှိခဲ့လေသည်။ ယခုခေတ်သမယမှာလည်း လူတို့သည် ကိုယ်တော်မြတ်စက္ကရမင်တူး၌ ငါ့ ကိုပင့်ယူရန်ငြင်းပယ်ကြသောါအခါ ငါ၏နှလုံးတော်မှာ ပူဆွေးဝမ်းနည်းခြင်းတဖန်ဖြစ်ရပြန်လေသည်။

တနေ့သ၌ သူငယ်တော်လာနေသည်ကို ငါမြင်ရသောအခါ ထိုသူငယ်အပေါ်မှာ ငါ၏ကရုဏာမေတ္တာသက် ရောက်ခဲ့၏။ အကြောင်းမူကား ထိုသူငယ်သည် ငါ၏ပညတ်ကိုသစ္စာရှိစွာစောင်းထိန်းသည်ကို ငါသိ၏။ ထို့ကြောင့် ငါသည်သူ့အား သင်သည် စုံလင်ခြင်းသို့ရောက်လိုလျှင် ငါ့နောက်သို့လိုက်လော့ဟု ဖိတ်ကြားခဲ့၍ သူ၏စိတ်တွင်း၌ ဘုရား၏ကျေးဇူးတော်နှင့် လောကီချမ်းသားတို့တွင် မည်သည့်အရာကိုရွှေးချယ်မည်နည်း ဟုငါသည်စောင့်ကြည့် နေခဲ့၏။ သို့ရာတွင်သူသည် လောကီစည်းစိမ်စွန့်ပစ်ရမည်ကိုစိတ်ပျက်၍ လှည့်ထွက်သွားသောအခါ ငါ၏နှလုံးမှာ အ ထူးဝမ်းနည်းခြင်းဖြစ်ရပြန်လေသည်။

တခြားငါရွေးကောက်သောသူတို့အားလည်း အထက်ကနည်းတူ ငါ့နောက်သို့လိုက်လောဟု ငါဖိတ်ကြားခဲ့ ၏။ ယောက်ျားကလေးများအား ရဟန်းဘောင်သို့၊ မိန်းကလေးမျာအား သီလရှင်ဘောင်သို့ ငါသည်ဖိတ်ကြားခဲ့၏။ သို့သော်လည်း ဤသူတို့သည် လောကီပျော်ရွှင်မှုတို့ကို ပိုမုစုံမက်ကြသည်ဖြစ်၍ ငါ၏ဖိတ်ခေါ်သံကို မကြားလိုကြ သောကြောင့် ငါ၏နှလုံးတော်မှာ ဝမ်းနည်းခြင်းဖြစ်ရပြန်လေသည်။

ယုဒသည်ငါနှင့်အတူ သုံးနှစ်ပတ်လုံးရင်းနှီးစွာနေပြီးမှ ငွေအသပြာသုံးဆယ်နှင့်ငါ့ကိုရောင်းစားခဲ့၏။ ထို့နည်း တူများစွာသောလူငယ်လူရွယ်တို့သည် မိမိဘာသာကိုစွန့်ပစ်ပြီးမှ ဘာသာမတူသူများနှင့် လက်ထပ်ခြင်းဖြင့် ငါ့ကို လက်မခံငြင်းပယ်ကြလေသည်။ ဂျက်ဆေမာနီဥယျာဉ်တွင် ငါ့တပည့်များသည် ငါ့ကိုစွန့်ပစ်၍ ထွက်ပြေးကြသဖြင့် ငါသည် ရန်သူများနှင့်တစ်ဦးတည်းသာကျန်ရစ်ခဲ့လေသည်။ ထို့အတူမရေမတွက်နိုင်လောက်အောင်များပြားသော သူတို့သည် ဘုရားကျောင်းနားဖြတ်သွားကြပါသော်လည်း တစ်မိနစ်ကလေးမျှရပ်၍ ငါ့အားဖူးမျှော်ရန် မလာကြသ ဖြင့်၊ တနေ့ပြီးတနေ့ ငါသည်ကိုယ်တော်မြတ်စက္ကရမင်တူးတွင် စွန့်ပစ်ခြင်းခံနေရလေ၏။

ငါ၏ချစ်သား သင့်အပေါ်သို့သွန်းလောင်းသော ကျေးဇူးများကို သစ္စာတည်ကြည်စွာ လက်ခံယူ၍ ငါ့နောက် သို့လိုက်လောဟု သင့်အား ငါဆိုသော စကားကိုကြားရသောအခါ၊ သင်၏စိတ်နှလုံးကို တင်းမာ၍မထားပါနှင့်။

အိုချစ်ဖွယ်လှသောယေဇူးဘုရား ကိုယ်တော်နှင့်နီးကပ်စွာနေ၍ ဝမ်းနည်းကြေကွဲတော်မူသော ကိုယ်တော် ၏ နှလုံးတော်အား နှစ်သိမ့်ခြင်းပေးပါတော့်မည်။ ကိုယ်တော်ထားတော်မူရာ ပညတ်တော်များနှင့် အသင်းတော်၏ ကျင့်ဝတ်တို့ကို သစ္စာတည်ကြည်စွာစောင့်ထိန်းပါတော့မည်။ ကိုယ်တော်သည် တပည့်တော်အား စုံလင်ခြင်းအဖြစ် သို့ခေါ်တော်မူပါလျှင် ကိုယ်တော့ရွှေနှလုံးတော်၏ ချစ်ခြင်းကိုရက်ရောစွာတုံ့ပြန်နိုင်ရန် လိုအပ်သောကျေးဇူးတော် ကိုပေးသနားတော်မူပါ။

#ကျင့်ရန်။ ။ ယနေ့ကိုယ်တော်မြတ်စက္ကရမင်တူးတွင် ကိန်းအောင်းတော်မူသော ယေဇူးရွှေနှလုံးတော်အား ဖူးမျှော်ရန်နှင့် ခေါ်တော်မူခြင်းအတွက် ဆုတောင်းရန်။

#ဆုတောင်း။ ။ ချိုမြတ်လှသောယေဇူး၏ရွှေနှလုံးတော်၊ ကိုယ်တော့ကိုအစဉ်တိုး၍ ချစ်လေးမြတ်အံ့သောငှါ ကျေး ဇူးတော်ကိုပေးသနားတော်မူပါ။

#ဥပမာပုံပြင်

လူနာတင်မော်တော်ကားခေါင်းလောင်းထိုးသဖြင့် လူနာပြုစုသူ ဆရာမကလေးသည် သူကြည့်ရှုရသော အခန်းအတွက် လာနေသောလူနာသစ်ကို ဆောင်ယူရန် ဓါတ်လှေကားသို့ သွားနေ၏။ လူနာရောက်လာသောအခါ သူ့အားတတ်နိုင်သလောက်သက်သက်သာသာ နေစေပြီး၊ လူနာ၏အကြောင်းဇာစ်မြစ်ကို စုံစမ်းလေ၏။ ဆရာမက လေးသည် လူနာအားမည်သည့်ဘာသာကို ကိုးကွယ်ကြောင်းမေးသောအခါ လူနာကကျွန်တော်သည် ကက်သလစ် ခရစ်ယာန်တစ်ဦးဖြစ်ပါသည်။ သို့သော် ရဟန်းဘုန်းကြီးကိုတွေ့ရန်အလိုမရှိပါဟုဖြေလေ၏။ တဖန်ဆရာမကလေး က သူ့အားအကယ်၍ရောဂါတိုးလာခဲ့ပါမူ အာပတ်ဖြေလျှင်ကောင်းပါလိမ့်မည်ဟုပြောသောအခါ လူနာကကျွန်တော့ ကိစ္စကျွန်တော်သိပါသည်ဟု ပြန်ဖြေလေ၏။

နောက်တနေ့၌ ရဟန်းတပါးသည် ခါတိုင်းကဲ့သို့ပင်ဆေးရုံကိုလှည့်လည်ကြည့်ရှုရန်လာသောအခါ ဆရာမ လေးကလူနာသစ်အကြောင်းကို အလုံးစုံလျှောက်ထားပြောပြလေ၏။ ရဟန်းတော်သည်ပြုံး၍ သင်ကား ကျွန်ုပ်ကို သူ့ထံသွားရန်ပို့ဆောင်သည်မဟုတ်။ သို့သော်ကျွန်ုပ်သွားနေကြအတိုင်း ကျွန်ုပ်သွားမည်ဟုပြောလိုက်၏။ ရဟန်း တော်သည် လူနာခန်းသို့ဝင်သွားရာ ထိုလူနာသည် ရဟန်းတော်ကိုင်ရွယ်စဉ်ကလေးဘဝက ကစားဖော်ကစားဖက် ဖြစ်ကြောင်းမှတ်မှိလေ၏။ ရဟန်းတော်က ရှေးဟောင်းနှောင်းဖြစ်များကိုပြောပြသောအခါ လူနာက ကစားရာ၌ ကိုယ်တော်ပြောင်လှောင်လှည့်ဖြား ကစားသည်မျာကို မှတ်မိသေးသည်ဟုပြောကာ နောက်ကြောင်းအရာများကို သတိရကြ၍ နှစ်ဦးစလုံးအားရပါးရရယ်မောကြလေ၏။

ရဟန်းတော်သည် ဤကဲသို့ရယ်မောကာနေသည်ကိုတွေ့ရ၍ စက္ကရမင်တူးများခံယူရန် အရေးကြီးကြောင်း ကို တစတစပြောဆိုလေ၏။ ထိုအချက်ကိုစ၍ပြောသည်နှင့် တပြိုင်နက်လူနာက ကိုယ်တော်သည်တပည့်တော်ထံ သို့အလည်အပတ်လာနိုင်ပါသည်။ သို့သော်ဘာသာတရားအကြောင်းကို တပည့်တော်မကြားလိုပါဟု ပြန်ဖြေလိုက် လေ၏။ ရဟန်းတော်ကကောင်းပြီ။ သင့်အတွက်ရွှေနှလုံးတော်ထံ ကျွန်ုပ်ဆုတောင်းမည်။ ကျွန်ုပ်ဤကဲ့သို့ပြုသည် ကို သင်မကန့်ကွက်နိုင်ပါဟု ရယ်၍ပြောရာ လူနာသည် မဖြေပဲ ပြုံး၍သာနေလေ၏။

နောက်ရက်များမကြာမှီ သနားခြင်းအသင်းဂိုဏ်းမှ စစ္စတာရ်နှစ်ပါးသည် ဆေးရုံသို့လာရောက်ကြည့်ရှုရာ စစ္စတာရ်တစ်ပါးက ထိုသူနာအားမှတ်မိလေ၏။ အကြောင်းမူကား ထိုလူနာသည် မိမိဖခင်ထံမှာ အလုပ်လုပ်ဖူးသူဖြစ် လေသည်။ စစ္စတာရ်နှစ်ပါးလည်း ဘုရားတရားအကြောင်းမပြောသေးပဲ ထွေရာလေးပါးလျှောက်ပြောနေကြ၏။ နောက်ဆုံး၌ စစ္စတာရ်တစ်ပါးက သူမကြိုက်မနှစ်သက်သောမေးခွန်းကိုမေးလိုက်ရာ လူနာကနားထောင်နေ၏။ သို့ သော်အာပတ်မဖြေလိုကြောင်း ပြန်ဖြေ၏။ ထိုစစ္စတာရ်က ကျေးဇူးတော်မေတ္တာတစ်ပုဒ်ဆိုရန်နှင့် ရွှေနှလုံးတော်ပုံက လေးကို သူ၏ရင်ခွင်၌ဆောင်ထားရန် နိုးဆော်သဖြင့်ကောင်းပါပြီဟု ဝန်ခံလေ၏။ လူနာက ရွှေနှလုံးတော်ပုံကို ကြည့်လိုက်သောအခါ အကယ်၍ထိုပုံတော်ကိုဆောင်ထားပါလျှင် ဒုက္ခရောက်မည်မဟုတ်ဟူသော မိမိ မိခင်ကပြော ဖူးသည်ကို အမှတ်ရ၍ စစ္စတာအားပြောပြလေ၏။ ထိုအခါစစ္စတာရ်က သင်၏မိခင်သည် ရွှေနှလုံးတော်ထံ ကောင်း ကင်ထက်က သင့်အတွက်ဆုတောင်းပေးနေသည်။ ကောင်းကင်ဘုံ၌သင့်ကိုတွေ့လိုသည်ဟု ပြန်ပြောလေ၏။

ထိုလူနာသည်အာပတ်ဖြေ၍စိတ်၏ငြိမ်သက်ခြင်းရပါမည့်အကြောင်းစစ္စတာရ်များသည်ကြိုးစား၍ဆုတောင်း ကြလေ၏။ သူတို့၏ဆုတောင်းခြင်းကား အကျိုးမဲ့အချည်းနှီးဖြစ်သည်မဟုတ်ချေ။ အကြောင်းမူကား ရက်များမကြာ မှီအတွင်းမှာ ထိုလူနာသည် ရဟန်းတော်ကိုအပင့်ခိုင်း၍ စက္ကရမင်တူးများကို ခံယူလေ၏။ ထိုညမှာပင် ထိုလူနာသေ ဆုံးလေ၏။

အပြစ်ရှိသူများသည် ရွှေနှလုံးတော်ထံ၌ ခိုလှုံခြင်းကိုတွေ့ရမည်ဟူသော ဘုရားသခင်၏ကတိတော်သည် ယခုတဖန်ပြည့်စုံခြင်းသို့ရောက်ပြန်လေသည်။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

1 + 1 =