ဇွန်လ(၁၄) #ယေဇူးရွှေနှလုံးတော်နှင့်_ရန္တာများ၏နှလုံးများ။

ဇွန်လ(၁၄) #ယေဇူးရွှေနှလုံးတော်နှင့်_ရန္တာများ၏နှလုံးများ။

ငါ့သား၊ အီစရာအဲလ်လူမျိုးတို့သည် ကန္တာရ၌လှည့်လည်သွားလာနေကြသောအခါ ငါသည်မီးရှုးတိုင်များဖြင့် သူတို့အားလမ်းပြခဲ့၏။ ထို့နည်းတူ ငါ၏နှလုံးတော်သည် ရဟန္တာများလျှောက်ရာလမ်းကိုထွန်းလင်းစေသောအထိမ်း အမှတ်ဖြစ်စေသတည်း။

ကောင်းကင်ကြယ်တာရာရာများသို့အရောက်သွားရန် မဖြစ်နိုင်သော်လည်း သန့်ရှင်းစင်ကြယ်ခြင်းအဖြစ်သို့ ရောက်ရန်ကားမဖြစ်နိုင်ဟု မထင်လေနှင့်။ ရဟန္တာများသည်မွေးဖွားစဉ်ကပင် ရဟန္တာများအဖြစ်နှင့်မွေးဖွားလာကြ သည်မဟုတ်ပါ။ သို့သော်ဤသူတို့သည် ငါ၏နှလုံးတော်နှင့် နီးကပ်စွာနေ၍ ငါ၏ပြုမူကျင့်ကြံပုံများကို အတုယူခြင်း အားဖြင့် တဖြည်းဖြည်းစုံလင်ခြင်းအဖြစ်သို့ရောက်ကြလေသည်။ ရဟန္တာတို့တွင် အများတို့သည် ဤလောက၌ အ သက်ရှင်စဉ်ကာလ တန်ခိုးများကိုပြုလုပ်နိုင်ခဲ့ကြသည် မဟုတ်ပါ။ ထိုမျှမက သူတို့နှင့်အတူသွားလာနေထိုင်သော သူတို့ပင် သူတို့၏သန့်ရှင်းစင်ကြယ်ခြင်းကို သတိမမူမိကြပေ။ ရဟန္တာမထရေဇားကလေးသည် အသက်ရှင်စဉ်အ တွင်း ရဟန္တာတစ်ဦးဖြစ်ကြောင်းကိုသူနှင့်အတူနေထိုင်ကြသော စစ္စတာရ်များတွင်တစ်ဦးတစ်ယောက်မျှပင် အသိအ မှတ်မပြုခဲ့ကြပေ။ ရဟန္တာမ မာဂရက်မေရီသည်လည်းရွှေနှလုံးတော်၏ချစ်ခြင်းကို ကမ္ဘာသူကမ္ဘာသားများတို့အား သိကြစေရန် အခက်အခဲများစွာတို့ကိုကျော်နင်းခဲ့ရလေသည်။ ငါ့ကိုချစ်ခြင်းကြောင့်နေ့စဉ် သင်ဆောင်ရွက်ရန်ရှိ သော အပြုအမူများအားလုံးကို တတ်နိုင်သလောက်ကြိုးစားဆောင်ရွက်ပါလျှင် သင်လိုလားတောင့်တခြင်း ဧကန် ရောက်ပါလိမ့်မည်။ ရဟန္တာတို့၏အဖြစ်သို့ရောက်ရန် ရဟန္တာတို့၏လျှို့ဝှက်ရာကား ကိုယ်တော်မြတ်ကျောင်းဆောင် ကလေးပင်ဖြစ်သတည်း။ အကြောင်းမူကားကိုယ်တော်မြတ်ကျောင်းဆောင်တွင် နေ့ရောညပါအစဉ်ကိန်းအောင်း လျက်ရှိသည့် ငါ့နှင့်ပေါင်းစပ်၍မနေသောသူမည်သည်ကား၊ အဘယ်နှင့်မျှသန့်ရှင်းစင်ကြယ်ခြင်းကို မရနိုင်ရာ။

ချည်ထည်ကိုဖြူအောင်လုပ်လိုသောအခါ ထိုအထည်ကိုရေဆွတ်၍ နေပူထဲမှာထားရာ၏။ သို့သော်တခါ တည်းရေဆွတ်၍ နေပူလှမ်းကာမျှနှင့်လုံလောက်သေးသည်မဟုတ်ပါ။ ဖြူလာသည့်တိုင်အောင် ကြိမ်ဖန်များစွာပြု လုပ်ရပေသည်။ ထိုနည်းတူစွာကိုယ်တော်မြတ်ကိုပင့်ယူခြင်းအားဖြင့် သင်၏ ဝိညာဉ်သည် နေနှင့်တူသောငါ၏ မျက် မှောက်တော်၌ ရှိနေသည်ဖြစ်၍ မကောင်းဝါသနာများကို တိုက်ခိုက်အောင်မြင်နိုင်ရန်ငါ၏ ကျေးဇူးများကိုခံစားရပေ သည်။ သို့သော်လည်းကိုယ်တော်မြတ်ကို တစ်နှစ်တကြိမ်ပင့်ယူခါမျှနှင့်မလုံလောက်သေးပေ။ နေ့စဉ်နံနက်တိုင်း ကိုယ်တော်မြတ်ကိုပင့်ယူပါလျှင် သင်၏ဝိညာဉ်သည် သန့်ရှင်းဖြူစင်ခြင်းသို့ အမှန်ရောက်ပါလိမ့်မည်။ သေချိန်အခါ ၌လည်း ရဟန္တာတို့၏ စာရင်း၌သင်၏နာမည်ရေးမှတ်ထားသည်ကိုတွေ့မြင်ရပါလိမ့်မည်။

အိုချစ်ဖွယ်လှသောယေဇူး၏ရွှေနှလုံးတော်၊ ကိုယ်တော်သည်တပည့်တော်အား ရဟန္တာတို့၏လျှို့ဝှက်ရာကို သင်ပေးသောကြောင့် ကျေးဇူးတင်ပါသည်။ တပည့်တော်သည်နေ့စဉ်နံနက်တိုင်း ကိုယ်တော်မြတ်စားပွဲတော်သို့ ချည်းကပ်နိုင်အောင်ကူညီမစတော်မူပါ။ အိုချစ်ဖွယ်လှသောယေဇူးသခင် တပည့်တော်သည် ပြုပြင်စရာများစွာရှိနေ ပါသည်။ ထို့ကြောင့်စင်ကြယ်ခြင်းသို့ရောက်ရန် မဖြစ်နိုင်ပါဟုယူဆပါသည်။ သို့သော်လည်း ကိုယ်တော်သည် တပည့်တော်၏ လုံ့လစိုက်ထုတ်မှုကိုကောင်းကြီးပေးတော်မူပါလျှင် အရာခပ်သိမ်းချောမွေ့စွာဖြစ်ရောက်ပါလိမ့်မည်။

#ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကို မကြာမကြာပင့်ယူရန်။

#ဆုတောင်း။ ။ အို ယေဇူး၏ရွှေနှလုံးတော်၊ အရာအားလုံးကိုယ်တော့်အတွက်ဖြစ်ပါသည်။
 

#ဥပမာပုံပြင်

ဖာသာကလပ်ခ်(Clark)သည် အားလပ်ချိန်ယူရာမှ ပြန်လာသောအခါ သူ၏ကျောင်းနားရှိလှပသော အိမ် ကြီးတဆောင်ကိုရောင်းလိုက်ပြီးဖြစ်၍ ကက်သလစ်ဘာသာမဟုတ်သောအိမ်ထောင်တစ်စုမှ လာရောက်နေထိုင် ကြောင်းကိုသတင်းရရှိလေ၏။

တနေ့သောညနေခင်းတွင် ရဟန်းတော်သည် မိမိ၏ဥယျာဉ်ထဲ၌ စာဖတ်နေစဉ် ကလေးတစ်ယောက်သည် မိမိ၏ခွေးအား ရိုဗာ(Rover) နင်ဟာအင်မတန်ဆိုးတဲ့ခွေးပဲ။ နင်ဟာငါ့အရုပ်ကလေးရဲ့လက်ကိုချိုးပစ်လိုက်တယ် ဟုဆုံးမ၏။ ရဟန်းတော်သည်လည်း ကလေးနှင့်ခွေးအဖြစ်ကိုစောင့်ကြည့်နေလေ၏။ ကလေးသည်လှည့်ကြည့် လိုက်သောအခါ ရဟန်းတော်သည်ပြုံးနေသည်ကိုမြင်၍ ရဟန်းတော်ထံခြံဝင်းအနီးသို့ လာပြီးလျှင် ခြံတိုင်ကြားမှ မိမိအရုပ်ကလေးကို ပြင်ပေးပါဟုပြောလေ၏။ ရဟန်းတော်သည် ကျိုးနေဆဲအရုပ်ကလေးကို ယူကြည့်ရာ ပလာစ တာနှင့် ကပ်ပေးနိုင်သည်ကိုမြင်၍ မင်းအရုပ်ကလေးကို ကျွန်ုပ်ကျောင်းသို့ခဏယူသွားမယ် ဟုပြောသောအခါ က လေးက ကျွန်မလည်းကျောင်းသို့လိုက်ရမယ်ဟုဖြေလေ၏။ ထိုအတောအတွင်းကလေးထိန်းရောက်လာ၍ ရဟန်း တော်က ကလေးထိန်းအား ထိုကလေးသူ့ထံလာရန်ဖြစ်နိုင်မည်လားဟု မေးရာ ကလေးထိန်းက ကလေးကိုချီမ၍ ခြံ ဝင်းမှကျော်ပေးလိုက်လေ၏။ ဖာသာရ်ကလပ်ခ်သည်လည်း ကျိုးနေသောအရုပ်ကလေးကိုပြင်ရန် အလုပ်ရှုပ်နေစဉ် အရုပ်ပိုင်ရှင်ကလေးကလည်း စောင့်ကြည့်နေလေ၏။

ထို့နောက် ရဟန်းတော်က ကလေးအားသင့်နာမည်ဘယ်လိုခေါ်သလဲဟုမေးရာ ကလေးက တပည့်တော်မ လိမ္မာတဲ့အခါတပည့်တော်မကို အက်ဗလင်း လို့ခေါ်ကြတယ်။ မိုက်တဲ့အခါ အီးဗ် လို့ခေါ်ကြတယ်ဟုဖြေလေ၏။ ဖါ သာရ်ကလည်း ကလေး၏အဖြေကိုကြားရသောအခါ ရယ်မောလေ၏။ ကလေးကတဖန် ကိုယ်တော့နာမည်ကော ဘယ်လိုခေါ်သလဲဟုမေးရာ ရဟန်းတော်က ကျွန်ုပ်လိမ္မာတဲ့အခါ ကျွန်ုပ်ကို ဖာသာရ်ဂျိမ်း လို့ခေါ်ကြတယ်။ ကျွန်ုပ် မိုက်တဲ့အခါ လူများက ဖာသာရ်ဂျင်းမ် လို့ခေါ်ကြတယ် ဟုဖြေလိုက်လေ၏။ ထိုအခါ အက်ဗလင်းသည် လက်ခုပ် လက်ဝါးတီး၍ တပည့်တော်မဝမ်းသာတယ်။ ကိုယ်တော်လည်းမိုက်တာပဲဟု ရဟန်းတော်အားပြောလေ၏။

နောက်တနေ့တွင် ခြံထဲ၌ ရဟန်းတော်သည်ပရိတ်မေတ္တာရွတ်ဆိုနေစဉ် ဖာသာရ်ဂျိမ်း ဟု အက်ဗလင်းခေါ် လိုက်သောအသံကိုကြားလေ၏။ ရဟန်းတော်သည် မိမိမေတ္တာကို ပြီးဆုံးစေလို၍ မဖြေပဲနေရာ၊ ကလေးသည် သူ့ နာမည်ကိုထပ်ပြီးခေါ်လိုက်၏။ သို့သော်ရဟန်းတော်သည် မထူးပဲနေပြန်၏။ နောက်ဆုံး၌ စူးရှလှသောအသံကလေး ဖြင့် ဖာသာဂျင်းမ် ဟုခေါ်လိုက်လေသည်။ ၎င်းအကြိမ်၌ရဟန်းတော်သည် မထူးပဲမဖြစ်နိုင်တော့သဖြင့် မိမိလက်ကို နောက်ပစ်၍ ခြံဝင်းနား၌ရပ်နေသော အက်ဗလင်းအနားသို့သွားလေရာ အက်ဗလင်းက ကိုယ်တော်မိုက်တယ်။ တပည့်တော်မက ကြိုက်နှစ်သက်လို့ကိုယ်တော့ကိုပေးဖို့ လက်ဆောင်တစ်ခုယူလာတယ်ဟုဆို၍ လှပသောအနီ ရောင်ရှိသည့်နှင်းဆီဖူးတစ်ဖူးကို ရဟန်းတော်အားပေးလိုက်၏။ ရဟန်းတော်သည်ကျေးဇူးတင်ပြီးနောက် ထိုနှင်းဆီ ကလေးကို သူ၏အကောင်းဆုံးသောမိတ်ဆွေအားပေးမည်ဟု ပြောလေ၏။ ထိုအခါ အက်ဗလင်းက ကိုယ်တော်၏ အကောင်းဆုံးသောမိတ်ဆွေက အဘယ်မှာနေပါသနည်းဟု မေးရာ ရဟန်းတော်ကဟိုမှဟု ပြော၍ ဘုရားကျောင်း ကိုညွန်ပြလေ၏။ သူကအကောင်းမိတ်ဆွေကိုကြည့်ရအောင် တပည့်တော်မကိုခေါ်သွားပါဟုပြောလေ၏။ ဤသို့ ပြောနေစဉ် ကလေး၏မိခင်ရောက်လာ၍ တပည့်တော်မ၏သမီးကလေးသည် ကိုယ်တော့်အားအနှောင့်အရှက်ပေး နေတယ် ထင်ပါသည်ဟုလျှောက်လေရာ ရဟန်းတော်က ကိစ္စမရှိပါ။ ကျွန်ုပ်ကလေးများကိုချစ်ခင်တတ်ကြောင်း၊ က လေးများကျွန်ုပ်ကျောင်းနားမှာရှိနေလျှင် မငြီးငွေ့တတ်ကြောင်း များကို အားပါးတရနှင့် ဖြေဆိုလိုက်လေသည်။ သည့်နောက် အက်ဗလင်းသည် ရဟန်းကျောင်းတော်သို့ လိုက်သွားခွင့်ရလေ၏။ ထို့ကြောင့် ထိုကလေးသည် ဘုရားကျောင်းသို့ ပဌမအကြိမ်သွားရောက်ကြည့်ရှုရန် အခွင့်အရေး ရလေ၏။

ဖာသာရ်ကလပ်ခ်သည် နှင်းဆီပန်းကလေးကို ပန်းအိုးထဲတွင်ထည့်လိုက်၍ လှပသောရွှေနှလုံးတော်ဆင်းထု ကို ပိုမိုနီးကပ်စွာတွေ့နိုင်ရန် ကလေးကိုမြှောက်ချီ၍ပြေ၏။ အက်ဗလင်းသည် ဆင်းထုတော်ကိုကြည့်၍ သနားစရာ ကောင်းသောမိတ်ဆွေဟုရွတ်ဆိုပြီး ဖာသာဂျိမ်းစ် ကိုယ်တော်သည် တပည့်တော်မ၏အရုပ်ကလေးကို ဆေးကုသ ပေးသလို သး၏ခြေလက်၏ဒဏ်ရာများကို ဆေးကုသမပေးဘူးလားဟု မေးလိုက်၏။ ရဟန်းတော်က ကလေးအား လူများသည် ဆိုးမိုက်ကြ၍ချစ်ဖွယ်ရာနှလုံးတော်သည် ဒုက္ခများကိုခံထမ်းလိုသည်ဟုပြောလိုက်၏။ အက်ဗလင်း သည် သနားစရာကောင်းသော ယေဇူးရွှေနှလုံးတော်ထံသို့ နေ့တိုင်းလာရောက်ဖူးမျှော်ရန် ကတိပေးလေ၏။ ထိုသို့ အယ်ဗလင်းသည် မိမိ၏ကတိကိုမပျက်မကွက်ပဲ ဆောင်ရွက်သဖြင့် ကလေးများအားချစ်ခင်တော်မူသော ယေဇူး၏ ရွှေနှလုံးတော်သည် ထိုကလေး လာရောက်ဖူးမျှော်ခြင်းဖြင့် နေ့တိုင်းနှစ်သိမ်းခြင်းကိုရလေ၏။

တနေ့သောနံနက်တွင် အက်ဗလိန်းသည် ပေါ်မလာတော့ချေ။ သို့သော်သူ၏ဖခင်ဖြစ်သည့် မစ္စတာရ် ဖရက် သည် လှပသောနှင်းဆီခိုင်ကလေးတစ်ခိုင်ကိုကိုင်ကာ ဖါသာရ်ကလပ်ခ်ထံသို့လာ၍ပြောသည်မှာ အက်ဗလိန်းသည် ဖျားနေ၏။ သို့သော် ကိုယ်တော့်ထံဤနှင်းဆီပန်းကိုယူလာပေးရန် တပည့်တော်ကို ကတိပြုခိုင်းပါသည်။ သို့ဖြစ်၍ တပည့်တော်သည်ထားခဲ့သောကတိအတိအတိုင်း ဆောင်ရွက်ကြောင်းသူ့အားသိစေဖို့ကျေးဇူးပြု၍ ကိုယ်တော်အား လပ်ချိန်၌ တပည့်တော်တို့၏အိမ်ကို လာပါဟုလျှောက်လေ၏။ ဖာသာရ်ကလပ်ခ်သည် မိမိ၏မိတ်ဆွေကလေးအား သွားရောက်ကြည့်ရှုရာ အလွန်ဖျားနေသည်ကိုတွေ့လေ၏။ ရဟန်းတော်သည်မိဘတို့အား ထိုကလေးကိုဆေးကြော ခြင်းပေးရန် ခွင့်ပြုနိုင်မည်လားဟု တောင်းဆိုရာ မိဘများကလည်းသဘောတူသဖြင့် ဆေးကြောခြင်းပေးလိုက်လေ ၏။ ဆေးကြောခြင်းပေးသောအခါ အက်ဗလင်းသည် ရဟန်းတော်အားလေသံဖြင့် ဖာသာရ်ဂျိမ်း၊ အကောင်းဆုံးမိတ် ဆွေအား မနက်ဖြန်တပည့်တော်မ လာခဲ့ပါမည့်အကြောင်းပြောပြလိုက်ပါဟု မှာကြားလိုက်၏။

နောက်တနေ့ညနေအချိန်တွင် ကလေးထိန်းသည် အက်ဗလင်းအခန်းမှထွက်ခွါသွားသောအခါ သူမ၏အိပ် ယာပေါ်မှတက်၍ စားပွဲပေါ်ရှိပန်းအိုးထဲမှ နှင်းဆီပန်းအဖြူတစ်ပွင့်ကိုယူပြီးလျှင် တိတ်တဆိတ်အိမ်မှထွက်၍ ဘုရား ကျောင်းသို့သွားလေ၏။ ဖာသာရ်ကလပ်က ဘုရားစင်ရှေ့တွင်ဆုတောင်းနေစဉ် အက်ဗလင်း သည်တုန်တုန်ချိချိနှင့် သင်္ဃန်းလဲခန်းတံခါးပေါက်မှ ရွှေနှလုံးတော်ရှိရာသို့လျှောက်လာသည်ကို တွေ့လေ၏။ ရဟန်းတော်သည် ကလေး ထံသို့လျှင်မြန်စွာထသွားရာ ရဟန်းတော်မရောက်ခင်သူမသည်မြေပြင်ပေါ်သို့လဲကျသွားလေ၏။ သို့သော်ပန်းခိုင်က လေးကိုကားဆုပ်ကိုင်ထားဆဲရှိ၏။ ရဟန်းတော်သည် သူအလွန်ချစ်သောထိုကလေးကိုဖြည်းညှင်းစွာချီမလိုက်၏။ သို့သော်သူ့အားများစွာချစ်ခင်သော အကောင်းဆုံသောမိတ်ဆွေသည် မိမိ၏ရွှေနှလုံးတော်အတွင်း၌နေစေရန် သူမ ၏ဝိညာဉ်ကို သိမ်းပိုက်သွားလေ၏။

ထိုကလေးမ မရှိတော့သည့်နောက် မိဘနှစ်ပါးသည် ဝမ်းနည်းညှိုးငယ်ခြင်း၊ ငြီးငွေးခြောက်သွေ့ခြင်းနှင့်နေ ကြလေ၏။ ထိုလအတွင်းမှာပင် ယေဇူး၏ရွှေနှလုံးတော်ကို သိမြင်လာကြ၍ ရွှေနှလုံးတော်ကိုလည်းသူတို့၏ အကောင်းဆုံးမိတ်ဆွေကဲ့သို့ သူ့ထံမှနှစ်သိမ့်ခြင်းကို ရရှိကြလေသည်။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

6 + 0 =