ဇွန်လ(၁၃)#သခင်ယေဇူးရွှေနှလုံးတော်နှင့်_အပြစ်ရှိသူများ၏နှလုံးများ။

ဇွန်လ(၁၃)#သခင်ယေဇူးရွှေနှလုံးတော်နှင့်_အပြစ်ရှိသူများ၏နှလုံးများ။

ငါ့သား၊ စားပွဲသောက်ပွဲကြီးပြင်ဆင်ခင်းကျင်းထားလျက်ရှိသော စီမုန်၏အိမ်သို့ငါနှင့်အတူ လိုက်ခဲ့ပါလော။ ဖိတ်ကြားခြင်းးခံရသော ဧည့်သည်များသည် မိမိတို့နေရာများ၌ထိုင်ကြသောအခါ၊ ဖိတ်ကြားခြင်းခံရသောဧည့်သည် များသည် မိမိတို့နေရာများ၌ထိုင်ကြသောအခါ ဖိတ်ကြားခြင်းမခံရသောမေရီမာဒလင်းသည် ဝင်လာလေ၏။ သူ သည် တပါးသူ၏ကဲ့ရဲ့သရော်ပြုခြင်းများကိုအမှုမထားပဲ ငါ၏ခြေတော်ရင်း၌ ဒူးထောက်၍ငါ၏ခြေကို မိမိ၏မျက်ရည် နှင့် ဆေးကြောပြီးလျှင် မိမိ၏လှပသောဆံပင်နှင့်သုတ်လေ၏။ သူ၏နှလုံးသည် လွန်ခဲ့သည့်အပြစ်များအတွက် ရှက် ကြောက်ဝမ်းနည်ခြင်းနှင့်ပြည့်နေ၏။ လူ၏အတွင်းစိတ်ကိုထိုးထွင်းသိမြင်တော်မူသောငါကား၊ သူ့ဘက်မှကာကွယ် ၍ သူ့အား သင်သည်များစွာချစ်၍များစွာသောအပြစ်လွှတ်လေပြီဟုပြောလေ၏။ ထိုစကားကြောင့် အပြစ်ရှိသူ၏ နှလုံးသည် ရဟန္တာအဖြစ်သို့ပြောင်းလဲသွားတော့၏။ အကြောင်းမူကားမေရီမာဒလင်းသည် အပြစ်အားဖြင့်ငါ၏ ရွှေနှ လုံးတော်ကိုနာကျင်အောင်နောက်ထပ်မပြုတော့ချေ။

ငါ့ကိုချစ်သော အခြားတစ်ဦးရှိသေး၏။ ထိုသူသည် မိမိကိုယ်ကိုစိတ်ချလွန်း၍ ငါ့ထံမှအကူအညီကိုတောင်း ခံရန် ကရုမစိုက်ခဲ့ချေ။ စုံစမ်းခြင်းခံရသောအချိန်မှာမူကား မိမိဆရာကိုငြင်းပယ်ခဲ့လေသည်။ ထို့ကြောင့်ငါ၏နှလုံး တော်သည် ဝမ်းနည်းခြင်းရှိငြားသော်လည်း ကျေးဇူးများစွာငါပေးခေဲ့သော တပည့်တော်အားငါသည်စွန့်ပစ်ထား သည်မဟုတ်ပေ။ ငါသည်သနားကြင်နာသော မျက်လုံးများဖြင့် ပေထရူးကိုကြည့်လိုက်သောအခါ သူ၏နှလုံးသည် ဝမ်းနည်းခြင်းနှင့်ပြည့်ဝလျက် နောင်တရ၍ ပြင်းပြစွာငိုကြွေးခဲ့၏။ ထို့ကြောင့်အသင်းတော်၏ဦးခေါင်းအဖြစ်သို့ သူ့ကို တင်မြှောက်ခဲ့လေပြီ။

ကာလ်ဝါရီတောင်ထိပ်ပေါ်တွင် အသက်တ်ာလွှတ်အံ့သောအချိန်နီးကပ်လာသောအခေါ၊ ငါ၏ဘေးတဖက် ရှိ ကရူစူးတံကျင်ပေါ်က သခင်ဘုရားတပည့်တ်ေကိုသတိရတော်မူပါဟု အသနားခံသောအသံကို ငါကြားရ၏။ ငါ၏ ကြင်နာတတ်သောနှလုံးသည်လည်းထိုသူ၏တောင်းလျှောက်ခြင်းကို နားညောင်းတော်မူခဲ့လေပြီ။ အကယ်၍ထိုသူ သည်နောက်ဆုံးအချိန်မှာပင် အပြစ်လွှတ်ခွင့်ချမ်းသာကိုတေင်းစေကာမူ ငါ၏ကြင်နာတတ်သောနှလုံးသည် ငြင်း ပယ်မည်မဟုတ်ပေ။ ထို့ကြောင့်ယနေ့သင်သည် ငါနှင့်အတူ ပါရာဒီဇူးတွင်ရှိလိမ့်မည်ဟုငါဆိုသောစကားများဖြင့် သေခါနီး၌ ရှိသောအပြစ်ရှိသူအား မျှော်လင့်ခြင်းနှင့်နှစ်သိမ့်ငြ်းကို ငါပေးခဲ့၏။

ငါ့သား၊ သင်၏ အပြစ်များမည်မျှပင်ကြီးမားစေကာမူ ငါ့ရွှေနှလုံးတော်၏ သနားတတ်ငြ်းကိုမည်သည့်အခါမျှ နှောင့်နှေးယုံမှားခြင်းမရှိပါနှင့်။ အပြစ်ဆပ်ဖြေရာတရားခွင်သို့သာ လာပါလော့။ ထိုနေရာမှာ ငါ၏ အဖိုးထိုက်လှသော အသွေးတော်သည် သင့်မကောင်းမှုဒုစရိုက်များကို သုတ်သင်ပြီးလျှင် ရဟန္တာအဖြစ်သို့ရောက်ရန် သနားတတ်သော ငါ၏နှလုံးတော်မှ လိုအပ်သောကျေးဇူးများကို ခံယူရပါလိမ့်မည်။

အိုချစ်ဖွယ်လှသော ယေဇူး၏ရွှေနှလုံးတေ် စိတ်ကြေကွဲခြင်းရရှိသော မာဒလေနားနှင့်အတူ၊ ကိုယ်တော်၏ ခြေတော်ရင်း၌တပည့်တော်သည် နိမ့်ချညွတ်တွားစိတ်နှင့် ဒူးထောက်လျက် တောင်းပန်နေပါသည်။ တပည့်တော် သည် ရန္တာအဖြစ်သို့ရောက်နိုင်ရန် လိုအပ်သောကျေးဇူးများကိုခံစားရအံ့ငှါ ပေထရူးအားကိုယ်တော်ကြည့်တော်မူ သကဲ့သို့ တပည့်တော်ကိုလည်း ကြည့်တော်မူပါ။ သေချိန်နာရီဆိုက်ရောက်သောအခါ ယနေ့သင်သည် ပါရာဒီဇူးမှာ ငါနှင့်အတူရှိမည်ဟူသောစကားကို ကိုယ်တော်၏ရွှေနှုတ်တော်မှ ကြားရပါစေသော်။

#ကျင့်ရန်။ ။ စက္ကရမင်တူးကို ထိုက်တန်စွာခံယူနိုင်ရန် ကောင်းစွာပြင်ဆင်ပါမည်။

#ဆုတောင်း။ ။ အပြစ်ရှိသူများအတွက်အသေခံတော်မူသောယေဇူး၏ရွှေနှလုံးတော်၊ကျွန်ုပ်တို့ကိုသနားတော်မူပါ။

#ဥပမာပုံပြင်

ထိုနေ့သည်ကား ရွှေနှလုံးတော်ပွဲ၏ အကြိုနေ့ဖြစ်လေသည်။ ဘုန်းတော်ကြီးတစ်ပါးသည် အာပတ်ဖြေ နားထောင်ခြင်းကို လုပ်နေရာ (၁၁)နာရီထိုးပြီဖြစ်၍ အာပတ်နေရာမှ ထသွားလေ၏။ ငယ်ရွယ်သေးသော မိန်းကလေး တစ်ယောက်သည် ရဟန်းတော်နားသို့ချည်းကပ်၍ ကိုယ်တော်ဘုရား တပည့်တော်မ၏မောင် ဖျားနေပါသည်။ မိုးလင်းအထိနေရတော့မည်မဟုတ်ပါ။ သူသည်စက္ကရမင်တူးများကို မခံယူသည်မှာ နှစ်ပေါင်းများစွာကြာပါပြီ။ သို့ ဖြစ်သောကြောင့် ကျေးဇူးပြု၍ လာပါဟုပြောလေ၏။

ရဟန်းတော်သည်လည်းကိုယ်တော်မြတ်စက္ကရမင်တူးကိုယူပြီးလျှင်လိုက်သွားလေ၏။ သူတို့သည် အိမ်ထဲ သို့ဝင်မိကြသောအခါ မိန်းကလေးသည်ရဟန်းတော်ဘက်သို့လှည့်၍ ကိုယ်တော်၊ တပည့်တော်မမောင်သည်ရဟန်း ကိုခေါ်ရန်ငြင်းပယ်သည်ဖြစ်၍ ဤအကြောင်းကိုကိုယ်တော့်ကိုပြောသင့်သည်ဟုထင်ပါသည်။ သို့သော် ကိုယ်တော် မလိုက်မည်စိုး၍ ကြိုတင်မပြောမိပါဟုလျှောက်လေ၏။ ရဟန်းသည် လူနာရှိရာ အခန်းထဲသို့ဝင်သွားသောအခါ သူနာသည် ရဟန်းကိုတွေ့လျှင်ချက်ချင်း အိပ်ယာပေါ်တွင်ထထိုင်လျက် ကြောက်မက်ဖွယ်ရာအသံဖြင့် ကိုယ်တော့ ကိုဘယ်သူခေါ်လာပါသလဲဟုမေးလေ၏။ မိခင်ဖြစ်သူမှာ ဝမ်ညးနည်းခြင်းဖြင့် အခန်းထဲမှထွက်သွားလေ၏။ ရဟန်း တော်မူကား သူနာ၏အိပ်ယာနားသို့သွား၍ ကြိမ်းမောင်းခြင်းများကိုရပ်၍ ကျွန်ုပ်ကိုနားထောင်ပါ ဟုပြောပြီးလျှင် သ နားကြင်နာတော်မူသောယေဇူးရွှေနှလုံးတော်၏အကြောင်းကို ချိုသာစွာပြော၍ မိုးမလင်းမှီဘုရားသခင်၏တရား ပလ္လင်ရှေ့တော်သို့ ရောက်ရမည်ကိုပါ ရဟန်းတော်သည် ရှင်းလင်းပြောလေ၏။ ထို့နောက်တဖန်ဆက်လက်၍ နက်ဖြန်နေ့သည်ရွှေနှလုံးတော်ပွဲဖြစ်၍ သင့်အားပေးတော်မူအံ့သော အခွင့်ချမ်းသာကိုလက်ခံပါဟု ပြောလေ၏။

ရဟန်းတော်သည် ထိုသူ့ထံမှ အဖြေရရန် စောင့်၍မေတ္တာဆိုနေစဉ် ထိုသူသည် ငြိမ်သက်လာလေ၏။ နောက်ဆုံး၌ အိုကိုယ်တော်ဘုရား ရွှေနှလုံးတော်ကတောင်းဆိုသည်ကို တပည့်တော်မငြင်းပယ်နိုင်ပါဟုလျှောက်၍ အာပတ်ဖြေလေ၏။ မိခင်နှင့်အစ်မ၏ရှေ့မှာပင် နောက်ဆုံးကိုယ်တော်မြတ်နှင့် ပရိတ်တော်ဆီလူးမှတ်ခြင်းမင်္ဂလာ ကိုခံယူလေ၏။ ထို့နောက်သူသည် ဘုရားသခင်နှင့်ဝေးကွာစွာနေခဲ့သောနှစ်များအတွင်း၌ မိခင်အပေါ်တွင်မိုက်မဲစွာ ပြုမိခဲ့ခြင်းများကို အခွင့်တောင်းလေ၏။ စက္ကရမင်တူးများကိုခံယူပြီး မကြာမှီပင် သူသည်သေဆုံးလေ၏။ ယေဇူးရွှေ နှလုံးတော်သည် တစ်ခြားအောင်ပွဲတစ်ခုကို အောင်မြင်ပြန်လေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

2 + 7 =