ဇာနည်ထူးထူး

သဘာဝတရားကို အလင်းနဲ့ အမှောင်၊ နေ့နဲ့ညဆိုတာတွေနဲ့ ဖန်းတီးတည် ဆောက်ထားပါတယ်။ ဒီလိုပါပဲ ကမ္ဘာကြီးကိုတော့ တောတွေ၊ တောင်တွေ၊ မြစ်တွေ၊ ချောင်းတွေနဲ့ အလှဆင်ထားသလို  ပန်းချီကားတွေကိုတော့ အမျိုးစုံတဲ့အရောင်တွေနဲ့ အလှဆင်ရေးဆွဲထား ကြတာဖြစ်ပါတယ်။ လူသားတွေအတွက်ကိုတော့ ဒီဇိုင်နာဆိုတဲ့သူတွေက အရောင်အသွေး၊ အပြင် အဆင်နဲ့ တွဲစပ်ဖန်တီးပြီး အလှတွေ ဆင်ပေးနေကြတာပါ။ ဒီဇိုင်နာဆိုတဲ့ လူတစ်ယောကြ် ဖစ်လာဖို့ဆိုတာကတော့ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီဇိုင်နာအသိုင်းအဝိုင်ဆိုတာ အခက်အခဲတွေ၊ ပြိုင်ဆိုင်မှုတွေ အများကြီးရှိတဲ့ နေရာတစ်ခုပါ။ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်တီထွင်မှုတွေနဲ့ သူများတွေထက် အမြဲခြေတစ်လှမ်းပိုနေဖို့အတွက် ကြိုးစားနေရတဲ့ သူတွေလည်းဖြစ်ပါတယ်။

ဒီလို အခက်အခဲတွေ အများကြီးရှိနေတဲ့လောကကြီးထဲမှာ အောင်မြင်လာဖို့အတွက် ဆိုတာကတော့ စိန်ခေါ်မှုတွေများတဲ့ အိမ်မက်တစ်ခုပါ။ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင် ခဲ့တဲ့လူတွေ ဟာ ဘဝမှာအောင်မြင်တဲ့လူတွေဖြစ်လာကြပါတယ်။ အခုကျွန်တော် တင်ပြချင်တာကတော့ ဂျပန်လိုနိုင်ငံမျိုးမှာ  အောင်မြင်နေတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်လာပြီး  ကိုယ်ပိုင်တံဆိပ်နဲ့ လူ့အသုံး အဆောင်ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ မြန်မာလူငယ်တစ်ယောက်အကြောင်း ဖြစ်ပါတယ်။

သူကတော့ ှ့ငဘကပေ ဇမေညင ံအသသ ံအသသ လို့ခေါ်တဲ့ မြန်မာလူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ကို ရန်ကုန်မှာ မွေးဖွားခဲ့ပြီး အ.ထ.က(၂) လသာမှာ တတိယတန်းအထိ ပညာသင် ကြားခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ၁၉၉၃ခုနှစ် သူ အသက် (၈)နှစ်လောက်အရွယ်မှာ မိခင်ဖြစ်သူနဲ့အတူ ဖခင်ရှိရာ တိုကျိုမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ တိုကျိုကိုရောက်လာပြီး နှစ်နှစ် သုံးနှစ်လောက်အထိ မြန်မာပြည်ပြန်ဖို့အတွက်ကိုပဲ အမြဲစဉ်းစားနေခဲ့သူတစ်ယောက်ပါ။

ဂျပန်မှာ ကလေးဘဝ ကျောင်းတက်နေချိန်တုန်းက သူငယ်ချင်းတွေကျောင်းပိတ်လို့ အဘိုး၊အဘွားတွေရှိတဲ့ နယ်တွေကို ပြန်ကြပြီး ခရစ္စမတ်တွေ၊ နယူးရီးယားတွေ ကျင်းပနေတဲ့အချိန်မှာ သူကတော့ မိုးချုပ်မှ အလုပ်က ပြန်လာလေ့ရှိတဲ့ အဖေနဲ့အမေကို အိပ်ရာထဲကနေ မျက်ရည်ကို အဖော် ပြုပြီး စောင့်မျှော်နေခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။ သူ့ငယ်စဉ်ဘဝမှာ ခရစ္စမတ်တို့၊ နယူးရီးယားတို့ ဆိုတာ တွေ မရှိခဲ့ပါဘူး။

သူ့နာမည်ရင်းကတော့ ဇာနည်ထူးထူးပါ။ တိုကျိုမှာ ရှိတဲ့ ရှိဘူယဆိုတဲ့မြို့ဟာ သူ့အတွက် အောင်မြင်မှုတွေကို ဖော်ဆောင်ပေးတဲ့နေရာဖြစ်လို့ သူ့နာမည်ကို ရှိဘူယ ဇာနည်ထူးထူးဆိုပြီးတော့ ပြောင်းလဲခဲ့တယ်လို့လည်း ပြောပါတယ်။ ရှိဘူယဆိုတာက မြန်မာလူမျိုးတွေ အသိများတဲ့ သခင်ပြန်မလာ မချင်း ဘူတာအရှေ့မှာ ထိုင်စောင့်နေပြီး အသက်အသေခံသွားရှာတဲ့ ခွေးလေးရဲ့ ရုပ်ထုရှိတဲ့ မြို့ဖြစ်ပါ တယ်။ ဖက်ရှင်မြို့တော်လို့ နာမည်ကျော်ပြီး လူငယ်တွေနဲ့ စည်ကားနေတဲ့ မြို့ဖြစ်ပါတယ်။

ဂျပန်ကို ရောက်ရှိခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဖက်ရှင်ဒီဇိုင်းဆိုတာကို သိရှိလာခဲ့ပါတယ်။ သူဟာ ငယ်စဉ်ဘဝကတည်းက ဒီဇိုင်နာဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကြီးမားသူလည်းဖြစ်ပါတယ်။ မိဘတွေ ရဲ့ အဝတ်အထည်တွေကို ယူပြီး စိတ်ကြိုက် ဒီဇိုင်းတွေဖန်တီးခဲ့လို့ ကြိမ်ဖန်များစွာ မိဘများရဲ့ အဆူ အဆဲခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဇာနည်ထူးထူးဟာ ဂျပန်မှာ တက္ကသိုလ်ပညာပြီးဆုံးတိုင်အောင် သင်ယူခဲ့ပြီး အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် တက္ကသိုလ်ကနေ နိုင်ငံတကာဆက်ဆံရေး နည်းပညာနဲ့ ဘွဲ့ ထပ်ယူထားသူလည်း ဖြစ်ပါတယ်။ ဇာနည်ထူးထူးဟာ စိတ်ကူးကောင်းသူ၊ ပန်းချီဆွဲ တော်သူတစ်ယောက် ဖြစ်တဲ့အတွက် သူ့အသက် ၁၈နှစ်အရွယ်မှာ ဖက်ရှင်ဒီဇိုင်နာလုပ်ကိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဇွဲရှိသူတစ်ယောက်ဖြစ်ပြီး ဆန်းသစ်မှုနဲ့ တီထွင်မှု အားကောင်းတဲ့အတွက် ဖက်ရှင်ဒီဇိုင်နာလုပ်ငန်းမှာ အောင်မြင်မှုတွေ ရရှိလာခဲ့ပါတယ်။ ဖက်ရှင်ဒီဇိုင်နာ ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ အောင်မြင်တဲ့ လူတစ် ယောက် ဖြစ်ဖို့အတွက် ြညေေါနာနညအ ှိုနေ လည်း လိုအပ်တယ်ဆိုတာ သိရှိလာခဲ့ပြီး လုပ်ငန်းကို ကောင်းမွန်စွာ ဦးဆေင်နိုင်ခဲ့တဲ့အတွက် ပိုမိုအောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အမေရိကန်မှာ တက္ကသိုလ်ပြီးလို့ ဂျပန်ပြန်ရောက်လာခါစမှာ တိုကျိုမှာရှိတဲ့ နိုက်ကလပ် တွေမှာ ရှိုးလျှောက်ရင်းနဲ့ မော်လ်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မော်လ်ဒယ်ဘဝမှာ ကိုယ်ဝတ်ချင် တဲ့ အဝတ်အစားဒီဇိုင်းတွေကို ကိုယ်ပိုင်ဖန်တီးခဲ့ရင်းနဲ့ ဒီဇိုင်နာတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ အဝတ်အစား ကုမ္ပဏီတွေနဲ့ စာချုပ်တွေချုပ်ဆိုပြီး အင်္ကျီဒီဇိုင်းတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ဒီဇိုင်းတွေ  လူကြိုက်များလာတဲ့အတွက် အောင်မြင်မှုတွေအများကြီး ရရှိခဲ့ပါတယ်။ သူယ် ငယ်စဉ်ဘဝကတည်းက မြန်မာ့ရိုးရာဝတ်စုံတွေကို စိတ်ဝင်းခဲ့သူ တစ်ယောဖြစ်ပြီး လက်ရှိ ဒီဇိုင်နာဖြစ်လာတဲ့အခါမှာ အသုံးပြု နေတဲ့ အရောင်တွေ၊ ဒီဇိုင်းတွေက ရန်ကုန်မှာ တွေ့မြင်ခဲ့ဖူးတဲ့ မြန်မာ့ရိုးရာ သမိုင်းတွေ၊ ရာဇဝင်တွေ ထဲက ရရှိလာတဲ့ အတွေးအခေါ် အကြံÓဏ်တွေနဲ့ ပြုလုပ်ထားတာလို့လည်း ပြောပါတယ်။

သူချုပ်လုပ်ထားတဲ့ ဒီဇိုင်းတွေကို တိုကျို၊ ရှန်ဟိုင်းနဲ့ အာရှတိုက်အတွင်းက နိုင်ငံတွေမှာ သုံးစွဲနေကြတဲ့သူတွေ အများအပြားရှိနေကြပါတယ်။ ကမ္ဘာ့အကြီးဆုံး ဖက်ရှင်ဈေးကွက် တစ်ခုဖြစ်တဲ့ တိုကျိုမှာ အောင်မြင်လာခဲ့သူဖြစ်လာတဲ့အတွက် ဂျပန်အနုပညာရှင်၊ လုပ်ငန်းရှင်တွေအတွက် ကိုယ်ပိုင် ဒီဇိုင်းတွေကို ရေးဆွဲပေးရင်း ပိုမိုအောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုယူတဲ့အချိန်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားဒီဇိုင်းကိုလည်း ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ သူ့ပစ္စည်းတွေက ဆယ်ဒေါ်လာကနေ ဒေါ်လာတစ်သောင်းတန်လောက် အထိ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်မှာ ကိုယ်ပိုင်လိုဂိုနဲ့ ကိုယ်ပိုင်ကုမ္ပဏီကို တည် ထောင်ပြီး လုပ်ငန်းလုပ်ဆေင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။

သူက ဒီဇိုင်နာလုပ်ငန်းအပြင် ျွှလို့အမည်ရှိတဲ့ ဂျပန်နာမည်ကျော် ဲစေညေ ူင်န ျအပူန - သညူငညန ျေ့်ငသည မဂ္ဂဇင်းမှာ ဖက်ရှင်နဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကို ရေးသားနေသူလည်း ဖြစ်ပါတယ်။ ဂျပန်တီဗီတွေမှာ ထုတ်လွှင့်ပြသနေတဲ့ ဖက်ရှင်အကြောင်း အစီအစဉ်တွေမှာ ပါဝင် ဆွေး နွေးသူတစ်ယောက်အဖြစ်လည်း လုပ်ကိုင်နေပါတယ်။

ရှိဘူယ ဇာနည်ကုမ္ပဏီက ထုတ်လုပ်ရောင်းချတဲ့ လူသုံးကုန်ပစ္စည်းတွေကတော့ အစုံပါပဲ။ သားရေ အသုံးအဆောင်ပစ္စည်းတွေကနေ မင်္ဂလာဆောင် အဝတ်အထည်တွေအထိကိုပါ ထုတ်လုပ် ရောင်းချနေပါတယ်။ အင်တာနက်ကပါ ရောင်းချပေးနေတာဖြစ်လို့ အမေရိကန်၊ ပြင်သစ်၊ အစ္စတန် ဘူကနေ ဈေးဝယ်တဲ့ မိတ်ဆွေတွေလည်း ရှိနေပါတယ်။ နောင်နှစ် အင်္ဂလန်မှာ ဆိုင်ဖွင့်နိုင်အောင်ကြိုးစား နေတဲ့ မြန်မာလူငယ်တစ်လည်း ဖြစ်ပါတယ်။ သူ အမြဲပြောလေ့ရှိတဲ့ စကားကတော့ -

]]ငွေဆိုတာ တန်ဖိုးရှိတဲ့ အရာမဟုတ်ပါဘူး၊ မိမိဘဝအတွက် လုပ်ကိုင်ဆေင်နေတဲ့ အလုပ်ကသာ တကယ့်တန်ဖိုးရှိတာပါ }}တဲ့သူသာ လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် လူမျိုးတွေ၊ ဘာသာတွေ၊ ဘာသာစကားတွေ၊ တိုင်းပြည်တွေ ခွဲခြားခြင်းမရှိတဲ့ လောကကြီးတစ်ခုကို တည်ဆောက်ချင်ပါတယ်တဲ့။ အသက် ၃၁နှစ်သာ ရှိသေးတဲ့ လူငယ်လေးတစ်ယောက်လည်းဖြစ်ပါတယ်။

ရှိဘူယ ဇာနည်ထူးထူးဟာ ဂျပန်မှာ နေထိုင်ခွင့်ကို ဖခင်ဖြစ်သူရဲ့ (၈၈) အမွေနဲ့အတူ ျွန်ကါနန ဆိုတဲ့ သတ်မှတ်ချက်နဲ့ ရပ်တည်နေရတာ ဖြစ်ပါတယ်။ ကြေးနီရောင်ဆံပင်နဲ့ မဖြူမညို အသားရောင်ကို ပိုင်ဆိုင်ထားရသူ ဖြစ်တဲ့အတွက် ဂျပန်လူမျိုးတွေနဲ့ ကွဲထွက်နေတဲ့ပုံစံတော့ ရှိပါတယ်။ ဂျပန်လူမျိုးတွေရဲ့ အလုပ်မှာ လူတန်းစားခွဲခြားတတ်မှု မရှိခြင်းတွေက သူ့အောင်မြင်မှုအတွက် အထောက် အပံ့တွေ၊ အင်အားတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ သူကတော့ ျွန်ကါနန ဆိုတဲ့ စကားကိုနေထိုင်ရာ အတည်တကျမရှိတဲ့သူလို့ သတ်မှတ်ခေါ်ပြီး ဂျစ်ပစီဆိုတဲ့ စကားနဲ့ ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ သူ့ကိုယ် သူလည်း ဂျစ်ပစီဒီဇိုင်နာဆိုပြီး သတ်မှတ်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

ဒါကတော့ ကျွန်တော်ပြောပြချင်တဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလူငယ်တစ်ဦး ရဲ့ အောင်မြင်မှုတွေပါ။ သူဘာကြောင့် အောင်မြင်ခဲ့တာလဲ၊ သူဘယ်လို ကြိုးစားခဲ့တယ်ဆိုတာကတော့ သူ့ကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။ ကျွန်တေည်တို့ အပြင်ကနေ သူ့ရဲ့အောင်မြင်မှုကို လေ့လာစမ်းစစ်ကြည့် မယ်ဆိုရင် ဇာနည်ထူးထူးဟာ ဂျပန်နိုင်ငံမှာ သူ့မိဘတွေရရှိထားတဲ့ ျွန်ကါနန ဆိုတဲ့ အဆင့်နဲ့ နေထိုင်ခြင်းဖြစ်ပါတယ်။ ဒီအတွက် သူ့မှာ အရိပ်တစ်ခုက ကာမိုးနေပါတယ်။ ဒီအရိပ်အောက်ကနေ လွတ်မြောက်လိုတဲ့ ဆန္ဒပြင်းပြနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

နောက်ပြီး သူဟာ ဒီဇိုင်နာအလုပ်တစ်ခုတည်း မဟုတ်ဘဲ လူသားတွေကောင်းကျိုး အတွက် ကမ္ဘာ့ကုလသမဂ္ဂ ြံ့ဃျွ  ရဲ့ ငြစစသည င်္သကညိအေငသည နဲ့ လူသားချင်းစာနာထောက် ထားမှုအတွက် အတူတူလှုပ်ရှားနေတဲ့သူတစ်ဦးဖြစ်လို့လည်း လူသိများလာခဲ့ခြင်းဖြစ်ပါတယ်။ ဂျပန်မှာ သူငယ်စဉ်က အသားရောင်ခွဲခြားခံထားရသူဖြစ်တဲ့အတွက် အသားအရောင်ခွဲခြားမှုတွေကို တိုက်ဖျက် နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ အမြဲတမ်းနိမ့်ချပြီး နေထိုင်တတ်သူတစ်ဦးဖြစ်ပြီး အလုပ်ကို မဖြစ်မနေလုပ်ဆောင်တတ်တဲ့သူလည်းဖြစ်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ အမြဲတမ်း ဆန်းသစ်တီထွင် မှုကို သဘောကျတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းတွေကို နိုင်ငံပေါင်းစုံ၊ နေရာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ ဝယ်ယူနိုင်အောင်လည်း ကြိုးစားနေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ကျွန်တော်တို့လည်း ဇာနည်ထူးထူးလို အနှိမ်ခံဘဝကနေ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက် လူချစ်လူခင်ပေါများပြီး ကမ္ဘာကြီးလှပသာယာမှုတွေကို တည်ဆောက်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာ အောင် ကြိုးစားကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

Add new comment

2 + 11 =