စိန့်အန်ဒရူးကိမ်းတဲဂွန်_နဲ့အပေါင်းအဖော်များ  ပွဲနေ့

စက်တင်ဘာ(၂၀): # စိန့်အန်ဒရူးကိမ်းတဲဂွန်_နဲ့အပေါင်းအဖော်များ  ပွဲနေ့ (# ကိုးရီးယားကက်သလစ်သမိုင်း) (St Andrew Kim Taegon, St Paul Chong Hasang & Companion)

စိန့်အန်ဒရူးကိမ်းတဲဂွန်ဟာ ဆိုးလ်မြို့ အနီး(၁၈၂၁)ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့ မွေးဖွားခဲ့ပါတယ်။ သူဟာ ကိုးရီးယားနိုင်ငံရဲ့ ပထမဦးဆုံး ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ယုံကြည်ခြင်းအတွက် သူ့သူငယ်ချင်းများနဲ့အတူ အသတ်ခံခဲ့ရတဲ့ ဓမ္မအာဇာနည်း တစ်ပါးဖြစ်ပါတယ်။ သူနဲ့အတူအပေါင်းအဖော် ယုံကြည်ခြင်းအတွက် အသက်သူတွေကတော့ ဓမ္မဆရာ Paul Chong Hasangနဲ့ အခြားကက်သလစ် ဘာသာတူ (၇၈)ယောက်တို့ ဖြစ်ကြပါတယ်။

# ကိုးရီးယားကက်သလစ်သမိုင်း
တကယ့်တော့ (၁၈)ရာစုမှာ ကိုးရီးယား ကက်သလစ် သာသနာသမိုင်းအစက တရုတ်ပြည်မှာ အလုပ်လုပ်တဲ့ ကိုးရီးယားနိုင်ငံသား တချို့နဲ့ ကက်သလစ်ယုံကြည်ခြင်း မျိုးစေ့ကို ရခဲ့ကြပါတယ်။ အဓိကအားဖြင့် (၁၇၇၉)ခုနှစ် ပီကင်းမြို့မှာ တရုတ်စာသို့ ဘာသာပြန်ထားတဲ့ ကက်သလစ် စာပေကို လေ့လာခဲ့သူ ကိုးရီယားနိုင်ငံသား ရီပီရော့ Yi Byeok တို့အဖွဲ့ပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံကနေ သာသနာပြုခဲ့ကြတဲ့ ဂျက်ဇွစ်အသင်းဂိုဏ်းက မန်ဒယူလီချီးနဲ့ အဖွဲ့သားများက သမ္မာကျမ်းစာနဲ့ အခြားတရုတ်နိုင်ငံအတွက် အရေးပါတဲ့ စာအုပ်များစွာကို တရုတ်ဘာသာစကားနဲ့ ပြန်သာပြန်ဆို ရေးသားခဲ့ကြပါတယ်။

ဒါပေမယ့် (၁၇၈၄)ခုနှစ်မှာ ကိုးရီးယားနိုင်ငံကနေ ပထမဦးဆုံး ဆေးကြောခြင်း လက်ခံသူကတော့ တရုတ်ပြည်မှာ စာအုပ်လေ့လာရင်း ယုံကြည်ခြင်းရခဲ့တဲ့ ကိုးရီးယားပညာရှင် Yi Seung-hun ဖြစ်ပါတယ်။ ဂျက်ဇွစ်သာသနာပြု ဘုန်းတော်ကြီးတွေဆီကနေ ဆေးကြောခြင်း ရခဲ့ပါတယ်။ သမ္မာကျမ်းစာ ဘာသာပြန်စာအုပ်ကို ကိုးရီးယားနိုင်ငံသို့ ယူသွားပြီး သတင်းကောင်း ဖြန့်ဝေတာကနေ ယုံကြည်သူများစွာ တိုးပွားလာပြီး အသင်းတော်ကို ကက်သလစ် ဘာသာတူ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ခြင်းကနေ စတင်ခဲ့ပါတယ်။ အတူဆုတောင်း ခဲ့ကြတယ်။ စိန့်အန်ဒရူးကိမ်းတဲဂွန်လည်း အဲဒီခရစ်ယာန် အသိုင်းအဝိုင်းကနေ ဆင်းသက်လာ ခဲ့သူ ဖြစ်ပါတယ်။

စိန့်အန်ဒရူးကိမ်းတဲဂွန် အသက် (၁၅)နှစ်အရွယ်မှာ ကက်သလစ် ခရစ်ယာန်ယုံကြည်ခြင်းရခဲ့ပြီး ဆေးကြောခြင်းခံခဲ့ပါတယ်။ သူဟာ ဇွဲကောင်းသူဖြစ်ကာ မိုင်းပေါင်း (၁,၃၀၀)ခန့် ခြေကျင်းခရီးသွားပြီး တရုတ်ပြည်၊ မကာအိုမှာရှိတဲ့ ရဟန်းဖြစ်သင်ကျောင်းကို ရောက်သွားခဲ့ပါတယ်။ ပညာသင်ယူပြီးနောက် (၁၈၄၅)ခုနှစ် ရှန်ဟိုင်းမြို့မှာ ရဟန်းသိက္ခာခံယူခဲ့ပါတယ်။ အဲဒီနောက် ဆရာတော်ရဲ့ကောင်းချီးခံယူကာ သူ့နေရာ ကိုးရီးယားကျွန်းကို ပြန်သွားခဲ့တယ်။ သူဟာ ကိုးရီးယားနိုင်ငံရှိ ဘာသာတူများကို မစ္ဆားတရား ဟောကြားရင်း တက်ကြွစွာတစ်နှစ်ခန့်သာ သာသနာပြု ခွင့်ရခဲ့ပါတယ်။ အသက် (၂၅)နှစ်သာ ရှိသေးတဲ့ ကိမ်းဟာ ဘာသာတူတွေ ကြည့်ရှုကာ သာသနာ့လုပ်ငန်း ထမ်းဆောင်နေတဲ့ နယ်စပ်ဒေသတစ်ခုမှာ နိုင်ငံခြား သာသနာပြုများ ဝင်ရောက်နိုင်မယ့် လမိးကြောင်းရှာနေရင်း လှည့်ကင်းအဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

အဲဒီအချိန်က ခရစ်ယာန်တွေကို အမျိုးမျိုး နှိပ်စက် သတ်ဖြတ်ခဲ့တာကြောင့် သူနဲ့အတူ အပေါင်းအဖော် (၇၈)ယောက် သူတို့ယုံကြည်ခြင်းအတွက် အသက်ပေးဆပ်ခဲ့ကြပါတယ်။ ယုံကြည်ခြင်းမှာ အာကျစရာကောင်းတာက ကိုးရီးယားနိုင်ငံမှာ (၁၇-၁၉)ရာစုအတွင်း ခရစ်ယာန်ဘာသာဝင် စုစုပေါင်း (၈,၀၀၀ - ၁၀,၀၀၀)ဦးခန့် သူတို့ ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ပါတယ်။ ဒါကြောင့် ကက်သလစ်အသင်းတော်က ကိုးရီးယား ဓမ္မအာဇာနည်း စုစုပေါင်း (၁၀၃)ဦးကို ရဟန္တာများအဖြစ် (၁၉၈၄)ခုနှစ်၊ ဆိုးလ်မြို့မှာ Pope John Paul II က တင်မြှောက် ခဲ့ပါတယ်။

စိန့်အန်ဒရူးတဲဂွန်ဟာ ရဟန်းတော်များကို ကူညီစောင့်ရှောက်တဲ့ ရဟန္တာလည်း ဖြစ်ပါတယ်။ စိန့်အန်ဒရူးတဲဂွန်နဲ့ ကိုးရီးယား ရဟန္တာအပေါင်းတို့ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။

✍️ ဝိညာဥ်အဟာရ ✍️
Sources:
New World Encyclopedia,
The Biography of Saints &
Korea Today - History of Korean Catholic

 

Add new comment

3 + 4 =