စိန့်ဘဲနာဒင်းပွဲနေ့ မေလ-(၂၀): 

စိန့်ဘဲနာဒင်းပွဲနေ့

မေလ-(၂၀): 
စိန့်ဘဲနာဒင်း St. Bernedine of Siena ဟာ ၁၅-ရာစုမှာ အီတလီနိုင်ငံရဲ့ ကက်သလစ် ယုံကြည်ခြင်းကို ပြန်လည်ရှင်သန်စေခဲ့လို့ "အီတလီနိုင်ငံရဲ့ တမန်တော်" အဖြစ် လူသိများပါတယ်။

အထက်တန်စားအလွှာ မျိုးရအိုးသိုင်းအဝိုးက မွေးလာတဲ့ စီယနာမြို့မှ စိန့် ဗဘဲနာဒင်းဟာ ၁၃၈၀ခုနှစ် စက်တင်ဘာလ ၈ရက်နေ့ မှာ မွေးဖွားသန့်စင်ခဲ့ပါတယ်။ အသက် (၇)နှစ်အရွယ်မှာ သူ့ရဲ့မွေးရင်း မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့ပါတယ်။ ဘုရားတရားကြည်ညိုတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့ရသူပီပီ၊ ဘုရားတရားကြည်ညိုပြီး ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့ လူငယ်လေးဖြစ်လာခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက အသိုင်းအဝ်ုင်းရဲ့ ပုံသွင်းမှုအောက်မှာ၊ ဆင်းရဲသားတွေကို အင်မတန် သနားစာနာလွန်းလို့ သူစားရမဲ့ အစားအစာကိုတောင် ဆင်းရဲသူတွေနဲ့ မျှဝေပေးတတ်သူ ဖြစ်ပါတယ်။

လူငယ်လေး_ဘဲနဒင်းရဲ့ဖြူစင်ခြင်းပါရမီ
အထက်တန်းကျောင်းသားဘဝမှာ သူ့သူငယ်ချင်းတွေက မသင့်လျော်တဲ့စကားတွေပြောနေကြတဲ့ နေရာ ဘဲနဒင်းရောက်လာတာနဲ့ "အေး... ဆက်မပြောနဲ့တော့။ ဟိုမှာ ဘဲနဒင်းလာပြီ" ဆိုပြီး အချင်းချင်း သတိပေးတတ်လာကြတယ်။ တစ်ခါက အတန်းဖော်တစ်ယောက်က ဈေးတန်းထဲမှာ ဘဲနဒင်းကိုတွေ့ကာ မဖွယ်မရာစကားတွေပြောရင်း အရှက်ခွဲဖို့ကြံစည် ခဲ့ပါတယ်။ အရှက်ကြီးတဲ့ ဘဲနဒင်းဟာ ငြိမ်ခံမနေဘဲ သူ့သူငယ်ချင်းကို လူသူရှေ့ပါးချခဲ့တာကြောင့် နောက်ပိုင်း ဘဲနဒင်းရှေ့မှာ မဖွယ်မရာစကားကို သူမပြောရဲတော့ပါ။ သူ့ရှေ့မှာ မဖွယ်မရာစကားပြောလာတဲ့ သူငယ်ချင်းတွေကိုလည်း ဆုံးမတာကို ကြည့်ရင် သူဟာ ဖြူစင်ခြင်းပါရမီကို ပိုမိုနှစ်သက်တယ်ဆိုတာ သိသာထင်ရှားပါတယ်။

ကပ်ရောဂါကို_အန်တုအစေခံခဲ့သူ 
*️သက္ကရာဇ် ၁၃၉၇-၁၄၀၀ ခုနှစ်က၊ လူငယ်လေးတစ်ယောက် စီယနာမြို့ ရဲ့ ဆေးရုံတံခါးဝကိုရောက်သွားခဲ့ပါတယ်။ ကပ်ရောဂါဆိုးရဲ့ ကြောက်မက်ဖွယ် ရိုက်ခတ်မှုက တစ်မြို့လုံးမှာ တစ်ရက်ကို အယောက် (၂၀) နီးပါးရဲ့ အသက်ကို ဆုံးရှုံးစေတဲ့အပြင် ဆေးရုံးဝန်ထမ်းတွေပါ သေခဲ့ကြတယ်။ လူနာကို ပြုစုဖို့ အရေးတကြီး လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ရောဂါကူးစက်မှုခံတဲ့သူက များလာလေလေ၊ ကြည့်ရှုစောင့်ရှောက်မဲ့သူတွေက နည်းလေလေဖြစ်တဲ့ အခြေနေကြီးက ကြောင်စရာဖြစ်နေပါပြီ။ အဲဒီအခြေနေကြားထဲ အသက် (၂၀)အရွယ် လူငယ်လေးက ဆေးရုံတံခါးဝမှ အထဲကိုဝင်ပြီး အကူညီပေးချင်ပေမယ့် သူ့ကိုယ်တိုင်မှာလည်း အဖျားရှိတော့ မကူညီနိုင်ဘဲ မတ်တပ်ရပ်ကြည့်နေခဲ့တယ်။ နောက်တော့ သူနဲ့အတူ သူ့သူငယ်ချင်း လူငယ် (၁၂) ယောက်ကို ဆွဲဆောင်ကာ သူ့ကိုကူညီဖို့ ဆေးရုံးကို ခေါ်လာပါခဲ့တယ်။ သူတိုဟာ နောက်ဆုံးအခြေနေ ရောက်နေသူတွေကို ပြုစုစောင့်ရှောက်တဲ့ လူငယ်တွေဖြစ်တယ်။ ဒီလူငယ်အဖွဲ့ဟာ နေ့၊ညမနားလုပ်အားပေးကြပြီး၊ နောက်ဆုံးအခြေနေ ရောက်နေကြတဲ့ လူနာတွေကို နှစ်သိမ့်မှုပေးရုံသာမက ဆေးရုံသန့်ရှင်းရေးကိုလည်း ဝိုင်းကူခဲ့ကြတယ်။

ဘဲနာဒင်းဟာ ရောဂါကူစက်မခံရပေမယ့် ကပ်ရောဂါကြီး ပြီးဆုံတာနဲ့ အမောဆို့ပြီး ၄ လကြာဖျားနေခဲ့တယ်။ ဒါက သူလုပ်ချင်ရင် စိတ်ရောကိုယ်ပါ၊ နှစ်မျို့ပြီး လုပ်တတ်တဲ့ ဘဲနဒင်းရဲ့ အတုယူဖွယ် စရိုက်ကောင်း ဖြစ်ပါတယ်။ သူဟာ နေပြန်ကောင်းတာနဲ့ တစ်ပြိုင်နက် လူနာတွေကို စောင့်ရှောက်ဖို့ ဆေးရုံ ရောက်သွားခဲ့တယ်။ ဒီတစ်ကြိမ်မှာ ဆေးရုံတစ်ခုလုံးမဟုတ်တော့ဘဲ၊ သေရေးရှင်ရေးကြို့တွေ့နေသူမှာ ဘဲနဒင်းကို ကြည့်ရှုပေးတဲ့ ကျေးဇူးရှင် အဒေါ်ဖြစ်ပါတယ်။ သူ့အဒေါ်ဒိုင်ယာနာ မသေခင် (၁၄)ရက်ကြာ ဂရုစိုက် စောင့်ရှောက်မှုအပြည့်ပေးခဲ့တယ်လေ။ သူ့ဘဝတစ်လျှောက်မှာ လူတစ်ရာကို ဂရုစိုက်သလို လူတစ်ယောက်ကို ဂရုစိုက်ပြီး တစ်မြို့လုံးကို တရားဟောပြီး လူမျိုးတစ်မျိုးအဖြစ်ပြောင်းလဲဖို့ ဆုံးဖြတ်ချက်ချထားသလိုမျိုး သူသေသေချာချာ ဂရုစိုက်၊ ပြုစုခဲ့တယ်။

လူငယ်လေး_ဘဲနဒင်းဘဝမှ_ဘုန်းတော်ကြီးဘဝသို့ 

သူဟာ ပညာဆက်လက်သင်ယူဖို့ စီယနာမြို့ကို သွားခဲ့ပေမယ့် သူ့ဘဝရှေ့ရေးအတွက် တွေဝေနေခဲ့တယ်။ ဘာဆက်လုပ်မလဲ သူမသိပါ။ ဒါကြောင့် သူအစာရှောင် ဆုတောင်းခဲ့ပါတယ်။ လူတွေအမြင်မှာ လူနာတွေကို ပြုစုစောင့်ရှောက်တတ်သူအဖြစ် သိထားကြပေမယ့်၊ (၁၄၀၃)ခုနှစ်မှာ ဖရန်စစ်ကင် ဘုန်းကြီးကျောင်းမှာ ဝင်ရောက်ကာ ဖရန်စစ်စကင် ဘုန်းကြီးတစ်ပါးအဖြစ် ရဟန်းသိက္ခာခံယူခဲ့ပါတယ်။ တကယ်တော့ ဖရန်စစ်ကင်ဘုန်းကြီးတွေဟာ နာမည်ကြီး တရားဟောသူတွေ ဖြစ်ခဲ့ပေမယ့် အသံကွဲအက်နေတဲ့ ဘုန်းတော်ကြီး ဘဲနဒင်း ထိထိရောက်ရောက် တရားမဟောနိုင်ခဲ့ပါဘူး။ သူဟာ (၁၂) နှစ်တိုင်တိုင် လူသူရှေ့မသွားနိုင်ဘဲ သူ့ဘဝ ပြင်ဆင်ပြောင်းလဲဖို့ အထူးဆုတောင်း ခဲ့ပါတယ်။ အဲဒီနောက်မှာ မီလန်ကို သာသနာပြုဖို့သွားခဲ့ပါတယ်။

တရားဟောကောင်းတဲ့_ဘုန်းတော်ကြီးဘဲနဒင်း 
မီလန်မှာ တရားစဟောတဲ့အခါ၊ သူ့အသံ က ခိုင်မာပြီး အာဏာပါဝါအပြည့်နဲ့ ဟောနိုင် ခဲ့ပါတယ်။ သူတရားဟောတာကို နားထောင်ကြတဲ့ မီလန်လူတွေက နောက်တစ်ကြိမ် မလာနိုင်မှာ စိုးလို့ သူ့ကို ပြန်သွားဖို့ အခွင့်မပေးချင်လောက်အောင် တရားဟောကောင်း လာခဲ့တယ်။ သူ့ဟာ လောင်းကစားသမားများနဲ့ ဒုစရိုက်သမားများ ပြောင်းလဲလာခဲ့ကြတယ်။ သူ့သာသနာလုပ်ငန်းစတင်လိုက်တာ "ဒုတိယ စိန်ပေါလု" လို့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ပိုင်းယားစ်က ချီးမွမ်း ခိုင်းနှိုင်းခဲ့ပါတယ်။ ဘုန်းတော်ကြီးဘဲနဒင်းကတော့ တစ်ရက်ထဲနဲ့ မရပ်မနား နာရီပေါင်းများစွာ တရားဟောနိုင်ခဲ့တယ်။ သူတရားဟောတိုင်း ယေဇူးသခင်ရဲ့ သနားဂရုဏာအကြောင်း၊ မယ်တော်၏ ချစ်ခြင်းမေတ္တာအကြောင်းကို ပြော့လေ့ရှိတယ် ။ သူဟာ IHS စာလုံးကို ဂရိတ်ဘာသာမှယူပြီး ယေဇူးရဲ့ သန့်ရှင်းသော နာမတော်ကို ယုံကြည်ကိုးစားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ကောင်းတာလုပ်လို့_မကောင်းသူများမုန်း
တချို့လူတွေ ကျော်ကြားနေတဲ့ ဘဲနဒင်းရဲ့ တရားဟောမှုကို မနာလိုဖြစ်တာကြောင့် ပုပ်ရဟန်းမင်းကြီးထံ တစ်ယူသန်၊ တစ်ဖက်စွန်းသင်ကြားနေကြောင်းလဲ စွပ်စွဲခဲ့ကြပါတယ်။ သူဟာ ခဏမျှ တရားဟောခြင်းကို ရပ်ဆိုင်းခဲ့ရပေမယ့် တရားတော်ဆက်လက် ဟောကြားစေခဲ့ပါတယ်။ ဘဲနဒင်းကတော့ သူ့အားဆရာတော်တင်မြောက်ချင်သော မြို့များအားရှောင်နေခဲ့ပြီး သူတည်ထောင်ခဲ့သော ဂိုဏ်းရဲ့ အသင်းဂိုဏ်းအုပ်အကြီးအကဲအဖြစ် တင်မြောက်ခံရတာကိုတော့ သူငြင်းဆန်လို့ မရနိုင်ပါ။ သူ့ရဲ့နောင်တော်တွေနှင့်အတူ ပြီးပြည့်စုံသော သူတော်စင်ဘဝကို ဆက်လက်လျှောက်လှမ်းကြဖို့ အမြဲအားပေးခဲ့ပါတယ်။

ဘုန်းတော်ကြီးဘဲနဒင်းနောက်ဆုံးခရီး 

သူ့ဘဝနေဝင်ချိန်ကို စောင့်ရင်း သူ့ရဲ့နောက်ဆုံးထွက်သက်ထိ သူနေသွားခဲ့တဲ့ နေရာကို ပြန်သွားပြီး တရာဒေးသနာတွေဟောကြားခဲ့တယ်။ သူသေရတော့မယ်ဆိုတာ သေချာနေပေမယ့်လည်း ဆက်တိုက်ဆိုသလို တရားဟောနေခဲ့တယ်။ နောက်ဆုံး သူ့အသက် (၆၄) ပြည့်တဲ့နှစ် (၁၄၄၄) ခုနှစ် မေလ (၂၀)ရက်နေ့မှာပင် ပျံလွန်သွားခဲ့ပါတယ်။ သူပျံလွန်ပြီး (၆) နှစ်အကြာမှာ ပုပ်ရဟန်းမင်းကြီး ပဉ္စမမြောက် နီကောလာစ်က ဘဲနဒင်းကို ရဟန္တာအဖြစ် တင်မြောက်ခဲ့ပါတယ်။

#စိန့်ဘဲနာဒင်း 

#StBenardineofSiena၊ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်း ပေးတော်မူပါ။အာမင်။

#KyeseMyanmar 

#AMDG 

#Catholic

Source: Catholic News Agency (#CNA)
✍️ ကြယ်စင်လေး (SJA)

 

Add new comment

8 + 3 =