# စိန့်ထရေဇားပွဲနေ့

# စိန့်ထရေဇားပွဲနေ့

အောက်တိုဘာ(၁):

ရဟန္တာထ​ရေဇား၏ လမ်းစဉ်ကိုလိုက်​ကျင့်​ရင်း သူမ၏နာမည်ကိုခံယူသူများနှင့်​အသင်းဂိုဏ်းများအားလုံးကို Happy Feast Day to you All! လို့ နှုတ်ဆက်လိုက်​ပါတယ်​။

ကျွန်ုပ်တို့ ခရစ်​ယာန်​တွေ အားလုံးရဲ့ အဓိကပန်းတိုင်က​ ရဟန္တာ ဖြစ်ဖို့ပါ။ ဘယ်လိုလူတွေကို ရဟန္တာလို့ ခေါ်တာလဲ။ လောက​မှာ သူတို့ယုံကြည်တဲ့အတိုင်း ပါရမီတွေနဲ့ နေထိုင်ပြီး သေဆုံးတဲ့ တစ်နေ့ ကောင်းကင်​နိုင်​ငံမှာ ဘုရားရှင်​နဲ့အတူ စံစားနေကြသူတွေကို ရဟန္တာ လို့ခေါ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်ုပ်တို့ အတုယူ စံပြုထိုက် သူတွေ ဖြစ်တယ်။

သူတို့က ကျွန်ုပ်တို့အတွက် ကောင်းကင်ကနေ ကူညီဆုတောင်း ပေးနေကြပါတယ်။ ဒါကြောင့် တပည့်တော်ကြီး သံဃာတော်တို့ စီရင်ရေးထားကြသော ယုံကြည်ခြင်းအချုပ်မှာ"... #သူတော်သူမြတ်အပေါင်းတို့သည်_တစ်လုံးတစ်ဝတည်းဖြစ် ၍ # အချင်းချင်းအကျိုး_ကုသိုလ်တို့ကို_ခံစားရကြောင်း ...ယုံကြည်လေးမြတ်ခြင်းရှိပါ၏"လို့ ဆုတောင်း ကြပါတယ်။ ရဟန္တာတွေ လောကမှာ အသက်​ရှိ​နေထိုင်​စဉ်​ ပါရမီတစ်​မျိုးစီ ထူးထူးခြားခြား ကြိုးစား ကျင့်​ခဲ့သူတွေ ရှိသလို၊​ နေ့စဉ်​အလုပ်​တွေကို ချစ်​ခြင်း​မေတ္တာ အပြည့်​ထားပြီး ရိုးရိုးလေး ကျင့်​ကြံ အားထုတ်​ရင်း ရဟန္တာ ဖြစ်သွားခဲ့သူ​တွေလည်း​ သူတို့သမိုင်းကနေ ဒူးနဲ့ဒေ့ တွေ့မြင်နိုင်​ပါတယ်​။

ဒီနေ့ဟာ ရဟန္တာ ထ​ရေဇားရဲ့ ပွဲနေ့ ဖြစ်တာကြောင့် သူမရဲ့ ထူးခြားတဲ့ ပါရမီကျင့်​စဉ်​တွေ့ လေ့လာ အတုယူပြီး ၀ိညာဥ် အဟာရ ယူကြပါစို့...

(၁)။ ဘုရားသခင်​ကို ချစ်​တဲ့စိတ်နဲ့ သူမရဲ့ ဆု​တောင်းခြင်း၊​ သေးငယ်​အရာများကိုပင်​ချစ်​ခြင်း​မေတ္တာ အပြည့်​နဲ့ လုပ်​ဆောင်​ခဲ့ပါတယ်​။ "Do little things with great love."

(၂)။ သူမ သ​ဘောမကျသူ၊ မကြိုက်သူတွေနဲ့ အနီးကပ်​ဆုံး ကြိုးစား​နေထိုင်​ပြီး အတင်း​ပြောခံရချိန်​မှာလည်း ဘာမှမတုန့်​ပြန်​ဘဲ နှုတ်​ဆိတ်​နေခဲ့တယ်​။ သည်းခံခွင့်​လွတ်​ခဲ့တယ်​။

(၃) အသက်​(၁၅)နှစ်​အရွယ်​မှာ သူ့အစ်​မ သီလရှင်​နှစ်​ပါး​နေထိုင်​တဲ့ Carmelite သီလရှင် အသင်းဂိုဏ်း ၀င်​ခွင့်​ကို ပုပ်​ရဟန်းမင်းကြီး​ လေအို (၁၃)ထံ​မှ တောင်းခံ ရရှိခဲ့တယ်​။ သူမရဲ့ စိတ်အားထက်သန်မှုက လေးစားအတုယူ စရာပါ။

(၄)။ သာသနာပြု သွားဖို့၊ တမန်​တော်​တွေလို သတင်း​ကောင်း​ဝေငှဖို့နဲ့ တရား​တော်​အတွက်​အသက်​ကိုပင်​စ​တေးဖို့ သာသနာပြုစိတ် ထက်​သန်​ခဲ့သူ ဖြစ်​တယ်​။ She always dreamed of being a missionary, an apostle, and a martyr.

(၅)။​ သူမရေးသားခဲ့တဲ့ အတ္ထုပ္ပတ္တိ "History of a Soul" စာအုပ်​ဟာ လူ​ထောင်​သောင်းများစွာကို လွှမ်းမိုးနိုင်​ခဲ့ပြီး သူမရဲ့ ကျင့်​စဉ်​ကို ကြိုးစား လိုက်​စဉ်​သူ​တွေ အများကြီးရှိ​နေပြီဖြစ်​တယ်​။ သူမလို့ပဲ ကြိုးစားရင်း စာရေးထားနိုင်ပါတယ်။ "ကျွန်မရဲ့ဟာ ချစ်ခြင်းမေတ္တာပြဖို့ ခေါ်တော်မူခြင်း ခံရပါတယ်" လို့ပြောခဲ့ပါတယ်။ (...my vocation is love!)

{ရဟန္တာ ထ​ရေဇားလို​ သေးငယ်​အရာ​တွေကို ချစ်​ခြင်း​မေတ္တာ အပြည့်​နဲ့ လုပ်​ဆောင်​ရင်း သူမရဲ့ ပါရမီများကို လိုက်​ကျင့်​ကြံ အားထုတ်​နိုင်​ကြပါ​စေ။ ဝိညာဥ်အဟာရ တိုးပွားနိုင်ကြပါစေ။ အာမင်​။}

Happy Feast day to All Sisters' Communities of St. Therese (of Litter Way & of Litter Flower) and those who bear the name of St. Therese, little flower of Christ.

St_Therese_of_the_Child_Jesus

St_Theresa_of_Lisieux

St_Theresa_of_the_Litter_Flower.. Pray for us. Amen.  

Add new comment

3 + 3 =