စိန့်ဆိုဖီယာ  Sophia

စိန့်ဆိုဖီယာ  Sophia

ခရစ်ယာန်တွေကြားမှာ အသုံးများသလောက် သိသူရှားတဲ့ နာမည်က ဆိုဖီယာပါပဲ။ ဆိုဖီယာဆိုတဲ့ အမည်ဟာ ခေါ်ရတာလှသလောက် အဓိပ္ပာယ်ကလည်း လေးနက်လှပါတယ် - ဆိုဖီယာဆိုတာ ဂရိဘာသာစကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ ညဏ်ပညာဖြစ်ပါတယ်။ ယနေ့ ခရစ်ယာန်ဘ၀အသက်တာမှာ မိမိအတွက် အတုယူစရာ၊ နောက် မိမိကို ကာကွယ်စောင့်ရှောက်ပေးမယ့် ရဟန္တာများကို ဆေးကြောခြင်းခံတဲ့အခါ ကင်မွန်းတပ်ယူကြပါတယ်။ ဒီရဟန္တာတွေထဲမှာ စိန်ဆိုဖီယာလည်း ပါ၀င်ပါတယ်။ ဒါပေမယ့် သူမကို သိသူကတော့ အတော်လေးနည်းပါတယ်။ သူမကိုယ်တိုင်ဟာလည်း ရှေးဦးခရစ်ယာန်တစ်ဦးဖြစ်တာမို့ သူမအကြောင်းမှတ်တမ်းမှတ်ရာများ နည်းတာလည်းဖြစ်နိုင်ပါတယ်။

သူမကို အေဒီ ပထမရာစုအတွင်း အီတလီမှာ မွေးဖွားခဲ့တာပါ။ သူမမှာ သမီးသုံးယောက်ရှိပြီး အဲဒီသမီးတွေကို သံပေါလူးရဲ့ စာချွန်တော်ထဲကအတိုင်း ပါရမီတွေဖြစ်တဲ့ ယုံကြည်ခြင်း (fide), မျှော်လင့်ခြင်း (spei) နဲ့ မေတ္တာတရား (caritas) လို့ အမည်ပေးခဲ့ပါသတဲ့။ သူမနဲ့ သမီးသုံးယောက်စလုံးဟာ အေဒီ ၁၃၅ ခုနှစ်မှာ ဟန်ထရီးယမ်းမင်းရဲ့ ညှင်းပမ်းနှိပ်စက်ခြင်းမှာ ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ကြတာပါ။ ရှေးဦးဓမ္မအာဇာနည်မိသားစုဟု ဆိုရပါလိမ့်မယ်။

အန်တီအု့ခ်လို့ခေါ်တဲ့ မင်းအရာရှိက သူတို့မိသားစုကို ဖမ်းပြီး ရောမမြို့ ဟန်ထရီးယမ်းမင်းရှေ့ ပို့ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဆိုဖီယာရဲ့သမီးသုံးယောက်က သူတို့မိခင်ဆိုဖီယာတစ်ယောက် မင်းကြီးရှေ့မှာ သူမရဲ့ယုံကြည်ခြင်းမပျောက်ပါစေနဲ့လို့ တစ်လမ်းလုံးဆုတောင်းလာခဲ့ကြပါတယ်။ ဒီလိုနဲ့ မင်းကြီးရှေ့မှာ သူတို့ကိုထုတ်ခေါ်လာတဲ့အချိန်၊ အံ့သြစရာကောင်းတာကတော့ သူတို့ဟာ ပွဲတော်လာတဲ့ပုံမျိုးပျော်နေကြတာ၊ ညှင်းပမ်းနှိပ်စက်မှာကို ဂရုမစိုက်ကြဘူးတဲ့လေ။ မင်းကြီးကလည်း သူမရဲ့သမီးသုံးယောက်ကို နတ်ဘုရားမ-အာတဲမစ်ထံမှာ ပူဇော်ပသဖို့ အမိန့်ပေးလိုက်ပါတယ်။ ဆိုဖီယာကိုတော့ သူမသမီးတွေရဲ့ ငိုကြွေးညည်းတွားသံတွေကို ခံစားစေခဲ့ပါတယ်။ သူမသမီးသုံးယောက်ကိုတော့ တောင်ကုန်တစ်ခုဘေးမှာ မြုပ်နှံပေးခဲ့ပြီး နောက်ဆုံးသူမလည်း အသက်ဆုံးခဲ့ရပါတော့တယ်။ ဒါ့ကြောင့် သူမကိုလည်း ဓမ္မအာဇာနည်မသရဖူကို အရှေ့တိုင်းအသင်းတော်နဲ့ ကက်သလစ်အသင်းတော်က ပေးအပ်ခဲ့ပြီး ရဟန္တာတစ်ပါးအဖြစ် သဒ္ဓါကြည်ညိုမှု ပေးနေကြတာပါ။ အရှေ့တိုင်းအသင်းတော်မှာတော့ သူမပွဲနေ့ဟာ စက်တင်ဘာလ ၁၇ ရက်နေ့ဖြစ်ပြီး ကက်သလစ်အသင်တော်ထဲမှာတော့ သူမပွဲနေ့ဟာ မေလ ၁၅ ရက်နေ့ဖြစ်ပါတယ်။

သူမနဲ့သမီးသုံးယောက်ရဲ့ အကြွင်းကျန်များကိုတော့ ပဌာနာအဖြစ် El’zasa က Esho ဘုရားကျောင်းမှာ အေဒီ ၇၇၇ ခုနှစ်ကတည်းက ထိန်းသိမ်းထားပါတယ်။

# ဒိုမီနီကန်ကိုရင်

Add new comment

3 + 12 =