စိန့်ဂျေရုန်း (Saint Jerome) ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်

စိန့်ဂျေရုန်း (Saint Jerome) ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်

စက်တင်ဘာလ (၃၀) ရက်နေ့

ယနေ့ပွဲနေ့ရှင်အား (၃၄၀) ယူဂိုဆလပ်နိုင်ငံတွင်မွေးဖွားသန့် စင်ခဲ့သည်။ သူသည်အသက်အရွယ်ရလာ သည်အထိခရစ်ယာန်မဟုတ် ခဲ့ပေ။ မင်္ဂလာကိုခံယူခဲ့သည်။ ရဟန္တာအတော်များများသည်၄င်းတို့၏ ထူးခြားသောအသက်တာ၊ ကျင့်စဉ်များဖြင့်လူသိများကြပြီး၊ ကြည်ညိုလေ့ ရှိကြသည်။ သို့သော်ရှင်ဂျေရွန်းမှာအလွန်စိတ်တို၊ စိတ်စပ်သည့်အ ကျင့်ဖြင့်လူသိများကြသည်။ သူသည် အလွန် စိတ်မြန်သူဖြစ်သကဲ့သို့၊ အ လွန်ချွန်မြသောကလောင်တံဖြင့်အားမနာပပြန်လည်ရေးသားထိုးနက်တတ်သည်။ သို့သော်ဘုရားသခင်နှင့်သူ၏သားတော်အား ချစ်သောချစ်ခြင်း မှာမူသာမန်ထက်လွန်ကဲပြီး၊ အလွန်ပြင်းထန်သည်။ မမှန်မကန်သွန် သင်သောသူသည်ဘုရားသခင်နှင့်အမှနတရား၏ရန်သူဖြစ်သည်။ ထို သို့သွန်သင်သောသူတို့ကိုသူ သည်ကလောင်တံထက်ထက်ဖြင့်လော င်ပြောင်ရေးသားပညာပေး၍အမှန်တရားကိုပြန်လည်သိရှိလာအောင်၊ ဖက်တွယ်တန်ဖိုးထားတတ်အောင်ပညာပေးလေ့ရှိသည်။

သူသည်သမ္မာကျမ်းစာကိုအလွန်နှံ့စပ်ပြီး၊ တတ် ကျွမ်းသောဓမ္မ ကတိကတစ်ပါးဖြစ်သည်။ ဓမ္မဟောင်းကျမ်းစာ ၏မူရင်းဘာသာစ ကားဖြ စ်သောဟေဘရူး (အာရာမိုက်) စကားကိုကျွမ်းကျင်တတ်မြောက်အောင် သင်ယူလေ့လာပြီး၊ သမ္မာကျမ်းစာကိုဟေဘရူး ဘာသာစကားမှဘာ သာပြန်ဆိုခဲ့သူဖြစ်သည်။ သမ္မာကျမ်းစာကိုဘာသာပြန်ဆိုရုံမျှမကဘဲ၊ သမ္မာကျမ်းစာ၏ဆိုလိုရင်းကိုအနက်ဖွင့်ဆိုသည့်အစာအုပ်ကိုလည်းရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည်သမ္မာ ကျမ်းစာလေ့လာသူများ၊ ဖတ်မှတ်သူများ၊ အနက်မရှင်းမလင်းဖြစ်နေသူများအဖို့မှီငြမ်းရန် အကောင်းဆုံးစာအုပ်တစ် အုပ်ဖြစ်ခဲ့သည်မှာယနေ့ထိတိုင်ဖြစ်သည်။ သူသည်အလွန်ထူးချွန်ပြီး၊ စူးစမ်းလေ့လာသောကျောင်းသားတစ်ဦးဖြစ် သည်။ စေ့စပ်သေချာသောဓမ္မပါရဂူ၊ အလွန်နက်ရှိုင်းသော အတွေး အခေါ်ပါသည့်စာပေများကိုရေးသားသူ၊ ရသေ့များ ၊ ဆရာတော်များ၊ ရဟန်းမင်းကြီးတို့၏အတိုင်အပင်ခံပုဂိုလ်ဖြစ်သည်။ ‘လောက ၌ဂျေ ရွန်းမသိခဲ့သောအရာမှာအပြစ်ကြီး ဖြစ်သည်’ ဟုရှင်သြဂုဏ်စတင်းက သူ့အားမှတ်ချက်ပေးခဲ့သည်။

သူပြန်ဆိုခဲ့သောသမ္မာကျမ်းစာကို ‘Vulgate’ ဟုခေါ်သည်။ သူပြန်ဆိုခဲ့သောကျမ်းစာသည်လုံးဝခြောက်ပြစ် ကင်းသည်မ ဟုတ်ခဲ့သော် လည်း၊ ပြစ်ချက်အနည်းဆုံးဖြစ်ပြီး၊ သာသ နာတွင်း၌ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့သည်။ ကက်သလစ်သာသနာအနေဖြင့် လည်းသူပြန်ဆိုသောသမ္မာကျမ်းစာ လက်၀ယ်ရှိနေ ခဲ့သောကြောင့် အ လွန်ကံကောင်းခဲ့ ပါသည်။ ‘ဂျေရွန်း၏ခေတ်ပြိုင်နှင့်ဂျေ ရွန်းပြီးနောက် ရာစုအတော်ကြာသူမရှိတော့သည့်နောက်ပိုင်းတွင်လည်းသမ္မာ ကျမ်း စာကိုသူကဲ့သို့ထိရောက်စွာပြန်ဆိုနိုင်သူအလွန်ရှားခဲ့သည်’ ဟုမျက်ေ မှာက်ခေတ်ဓမ္မပါရဂူများကကောက်ချက် ချသြည်။ နောက်ပိုင်း၌ထ ရင့်စ်အစည်းအဝေးကြီးမှအသစ်ပြန်ဆိုခြင်းမဟုတ်ဘဲ၊ ရှင်ဂျေရွန်းပြန် ဆိုထားသည်မူရင်း ကိုပြန်လည်သုံးသပ်ပြီး။ အားနည်းချက်အနည်း ဆုံးဖြစ်အောင်ပြန်လည်ထုတ်ဝေကာ၊ သာသနာအတွင်း၌သုံးစွဲရန်ကြေ ငြာချက်ထုတ်ပြန်ခဲ့သည်။

သူသည်သမ္မာကျမ်းစာအားထိရောက်စွာဘာသာပြန်ဆိုနိုင်ရန်၊ ပြင်ဆင်မူများကိုပြုလုပ်ခဲ့သည်။ ပြင်ဆင်သည် ဆိုရာ၌ဘာသာစကားလေ့ လာသင်ကြားတတ်မြောက်ရုံမျှမဟုတ်၊ စိတ်နေစိတ်ထား၊ အာရုံ၊ ဆုတောင်းခြ င်းအတွင်းအ ပြင်အားလုံးကိုပြင်ဆင်ခဲ့သည်။ သူသည်လာတင်း၊ ဂရိ။ ဟေဘရူးနှင့်ချားလ်ဒိုင် (Chaldaic) ဘာသာစကား ကိုအလွန် ကျွမ်းကျင်စွာတတ်မြောက်သူဖြစ်သည်။ သူ၏ပညာရေးကိုသူ၏မွေးရပ်မြေဖြစ်သောဒါလ်မားဆီယာမြို့၊ Stridon ၌အစ ပျိုးခဲ့သည်။ သူ၏အခြေခံပညာရေးပြီးဆုံးသွားသောအခါရောမသို့သွားပြီး၊ ဂျာမန်ဘာသာစကားကိုပြန်လည်လေ့လာခဲ့ ပြန်သည်။ ထိုစဉ် ကရောမသည်ပညာရေးအလွန်ကောင်းပြီး၊ သင်ကြားပို့ချပေးေ သာဆ ရာသမားများသည်လည်းအ လွန်တော်ကြသည် ဟုကျော်ကြားလူ သိ များသောမြို့ကြီးဖြစ်ခဲ့သည်။ သူသည်ရောက်လေရာရာရောက်ပြန် (သို့) ခဏ သာနေ၍ပြန်လေ့မရှိ။ ရောက်သည့်နေရာ၌နှစ်အတော် အတန် ကြာနေထိုင်လေ့ရှိသည်။ ဆရာသမားကောင်းများကိုဖွေ ရှာ၍တပည့် ခံကာပညာများလေ့လာသင်ကြားလေ့ရှိသည်။ သူသည်ရဟန်း မင်းကြီးဒါမားဆုစ့်၏အတွင်းရေးမှူးအဖြစ် လည်းအ မူတော်ထ်းဆောင်ခဲ့ဖူးသည်။

တစ်နေ့သူ၏အိမ်မက်ကိုဖော်ဆောင်ရန်အတွက် လိုအပ်မည့်ပညာ များကိုလေ့လာသင်ခဲ့ပြီးနောက်ယေဇူးသခင် မွေးဖွားသောသန့်ရှင်း ရာမြေသို့ဘုရားဖူးကြွသွားခဲ့သည်။ ယေဇူးသခင်၏သက်တော်စဉ်နှင့် သီတင်းသုံးရာနေရာများ ကိုအလွန်နက်ရှိုင်းသောကြည် ညိုမူဖြင့်ဖွေ ရှာလျှောက်လှမ်းခဲ့သည်။ သူသည်ချားလ်ဆစ်ကန္တာရ၌ ငါးနှစ်ကြာ တရားအား ထုတ်သီတင်းသုံးခဲ့သည်။ ထိုအတောအတွင်းဆုတောင်းခြင်း၊ အပြစ်ဒဏ်ဆပ်ဖြေခြင်း၊ သူလေ့လာသိရှိလိုသည်များကို အချိန်ယူေ လ့လာခဲ့သည်။ နောက်ဆုံး၌ယေဇူးသခင်မွေးဖွားသန့်စင်ခဲ့သည် ဘက်သလင်ဟင်၌အခြေချသီတင်းသုံးခဲ့ သည်။ သူသည် (၄၂၀) ခုနှစ်တွင်ပျံလွန်တော်မူခဲ့သည်။ ယခုအခါသူ၏ရုပ်ကလပ်ကို အီတ လီနိုင်ငံ၊ ရောမမြို့ရှိစိန်မေရီ ဘုရားကျောင်းတော်ကြီး တွင်ကြည်ညိုနိုင် ရန်ထား ရှိပေးထားသည်။

ပွဲနေ့ရှင်သည်အလွန်သန်မာသူ၊ စကားပြောရာတွင်ပွင့်လင်းသူဖြစ် သည်။ သူ၏အားသာချက် (သို့) အားနည်း ချက်ဟုခေါ်လေမလားမသိ။ ဝေဖန်တိုက်ခိုက်ချက်များကိုလားလားမျှမကြောက်သကဲ့သို့၊ လူ့ ကိုယ့် ကျင့်တရားပိုင်း ဆိုင်ရာအားနည်းချက်များကိုလည်း လုံး၀အတိမ်း အစောင်းမခံအောင်ဝိနည်းလုံသူဖြစ်သည်။ မကောင်းမူနှင့်ပတ်သက် လာလျှင်သက်ညှာတတ်သူကိုလုံး၀အထင်ကြီးသူမဟုတ်။ သူသည် စိတ်မြန်သည်။ ထို့အတူစိတ်ပြေမြန်သည်။ မှား သွားလျင်လည်းတောင်း ပန်ရန်၀န်မလေးသူ။

အများ၏အားနည်းချက်ကိုထောက်ပြပြောဆိုခြင်းထက်သူ ၏ အားနည်း ချက်ကိုထိန်းချုပ်နိုင်ရန်ပို၍ကြိုးစားသူဖြစ်သည်။ ကျောက် ခဲဖြင့်ရှင်ဂျေရွန်းသည်သူရင်ပတ်ကိုထုခတ်နေသောပန်းချီ ကားကိုကြည့် ၍ရဟန်းမင်းကြီးတစ်ပါးက ‘သင်ဤကျောက်ခဲကိုဆောင် ထားသည်မှာ အလွန်သင့်မြတ်လှသည်။ အ ဘယ်ကြောင့်ဆိုသော် ဤကျောက်သာမရှိ ပါလျှင်သာသနာသည်သင့်ကိုရဟန္တာအဖြစ်တင်မြောက်ရန်ငြင်းရပေလိမ့် မည်’ ဟုကျီစယ်မြွတ်ကြားခဲ့သည်။

### CLE PIKE###

Add new comment

2 + 16 =