စိန့်ကူးဘတ် နဲ့ စိန့်ဟားရ်ဘတ်

Saints Cuthbert & Herbert 

မတ်လ(၂၀)

#စိန့်ကူးဘတ်နဲ့စိန့်ဟားရ်ဘတ်

ရဟန္တာ နှစ်ပါးဟာ အသင်းတော်မှာ အရေးပါတဲ့ နေရာမှာ ပါဝင်ကြပြီး ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်ုပ်တို့ဟာလည်း ကောင်းတဲ့ သူငယ်ချင်း ထားရှိကာ ကြိုးစားခြင်းအားဖြင့် ရဟန္တာ ဖြစ်နိုင်ပါတယ်။

#စိန့်ကူးဘတ် အကြောင်း လေ့လာကြပါစို့။

စိန့်ကူးဘတ်ဟာ အင်္ဂလိပ်လူမျိုး ဆရာတော်တစ်ပါးဖြစ်ပါတယ်။ Northumbria ဇာတိဖြစ်ကာ မိဘမဲ့ သိုးကျောင်းသား ဘဝကို ခက်ခဲစွာ ဖြတ်သန်းခဲ့တယ်။ လူငယ်ပီပီ မတရားတဲ့ မာစီယားဘုရင်အား တိုက်ခိုက်ရာမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ နောက်ပိုင်းတိုင်းပြည် ငြိမ်းချမ်းရေး ရလာသောအခါ ရသေ့ကျောင်းကို ဝင်ခဲ့ပ့တယ်။ ရသေ့ကျောင်းမှာ ပညာသင်ကြားရင်း သန့်ရှင်းခြင်းပါရမီနှင့် ပြည့်ဝလာခဲ့တယ်။ တန်ခိုးလက္ခဏာများ ပြသနိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။

သူဟာ ရစ်ပွန်ရှိ ရသေ့ကျောင်းမှာ ဧည့်သည်များကို တာဝန်ယူရ ကြည့်ရှုခဲ့တယ်။ အဲဒီအချိန် ရစ်ပွန်မှ စိတ်ဓါတ်ကျနေတဲ့ ရသေ့တစ်ချို့နဲ့အတူ မေရိုစ်ကို ပြန်လာခဲ့ကြပါတယ်။ ၆၆၄-ခုနှစ် ရောမ မစ္ဆားတရား ကျင့်ထုံးကို ပိုသဘောတူခဲ့သဖြင့် လင်းဒီဖန်အကြီးအကဲအဖြစ် ရွေးကောက်ခြင်းခံရပါတယ်။ အိုင်ယာလန်မှာ အနားယူပြီး ၉-နှစ်အကြာ ၆၈၅-ခုနှစ်မှာ စိန့်တီအိုဒို လက်တော်မှ ဆရာတော်သိက္ခာ ခံယူခဲ့ပြီး လင်းဒီဖန် ဆရာတော်ကြီး ဖြစ်လာသည်။

ထူးခြားချက်ကတော့ စိန့်ကူးဘတ် ပျံလွန်တော်မူပြီး နှစ်ပေါင်း (၄၀၀)အကြာမှာ သူ့ရုပ်အလောင်းကို ဖော်ကြရာ အလောင်းတော် မပျက်စီးဘဲ ရှိနေကြောင်း တွေ့ကြရပါတယ်။ အဲဒါကြောင့် အင်္ဂလန်ရှိလူများဟာ သူ့ကို သင်္ဂြိုလ်တဲ့ နေရာကို သွားရောက် ကြည်ညို ဆုတောင်း ကြပါတယ်။ ထာိနေရာကို အင်္ဂလန်ရှိ ဘေနဒီတင်းရသေ့များက အဆင့်ဆင့်ထိန်းသိမ်းထားခဲ့ကြပါတယ်။ စိန့်ဟူးဘတ်ဟာ အရောင်းအဝယ် ပြုလုပ်သူများ ကိုးစားရာ ရဟန္တာဖြစ်ပါတယ်။

#စိန့်ဟားရ်ဘတ် ရဲ့ဘဝသမိုင်းကိုတော့ သေသေချာချာ မသိရပေမဲ့ သူဟာ စိန့်ကူးဘတ်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ခဲ့ပြီး အင်္ဂလန်နိုင်ငံရဲ့ ရသေ့ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပါတယ်။ သူဟာ ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး "Lake Derwentwater" ကျွန်းမှာ တစ်ဦးတစ်ယောက်ထဲ တရကျင့်ကြံခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ သူငယ်ချင်း သေဆုံးရင် သူ့သူငယ်ချင်းနဲ့အတူ ဒီလောကကြီးကနေ ထွက်ခွါခွင့်ရပေးဖို့ ဘုရားသခင်ထံမှာ ဆုတောင်းလေ့ ရှိခဲ့ပါတယ်။ အဲဒါကြောင့် သူဆုတောင်းခဲ့တဲ့အတိုင်း ဘုရားက သူ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ သူ့သူငယ်ချင်း ဆရာတော်ကြီး ကူးဘတ်ကွယ်လွန်တဲ့နေ့ တစ်ရက်ထဲမှာပဲ စိန့်ဟားရ်ဘတ်လည်း ကွယ်လွန် ခဲ့ပါတယ်။

More about St. Cuthbert & Herbert: (https://www.catholic.org/saints/saint.php?saint_id=491)

(https://www.catholicnewsagency.com/saint/st-herbert-183)

#Saint_of_the_day

#CNA

Add new comment

3 + 4 =