စိန်အီညာစီဦး

သံအီညာဆီဦး  (လိုရိုလာ) ၁၄၉၁-၁၅၅၆

ဘုန်းတော်ကြီး

ဂျေဆွိစ်(Jesuits) အသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ သံအီညာဆီဦးသည် စပိန်နိုင်ငံ လိုရိုလာ(Loyola) မြို ့တွင်မွေးဖွားခဲ့သည်။ စစ်သားတစ်ဦးအနေဖြင့် အသက် မွေးဝမ်းကြောင်းပြုလိုသော သူ၏ရည်ရွယ်သည် ၁၅၂၁ခုနှစ် ပန်ပလိုနာ(Panplona)မြို ့ ကိုဝန်းရံထားသည့် အချိန်အတောတွင်း အမြောက်ကျဉ်ဆံတစ်လုံးက သူ၏ခြေထောက် ကိုကျိုးိသွားစေခဲ့သောအချိန်၌ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ထိုအချိန်၌ သူသည် အသက်၃ဝရှိပြီးဖြစ်သည်။ နာလန်ထလာသည့်အချိန်တွင် အချစ်ရေးနှင့်ပတ်သက်သည့် စာအုပ်များကို သူ၏အချိန်များကုန်လွန်နိုင်ရန် တောင်းဆိုခဲ့သည်။ သို့သော် အားရကျေ နပ်မှုကို သူမတွေ့ခဲ့ပေ။ ထိုစာအုပ်များအစား သခင်ခရစ်တော်၏ဘဝအကြောင်းနှင့် ရဟန္တာတို့၏ အတ္ထုပတ္တိများစာအုပ်ကို သူအားပေးခဲ့ကြသည်။ သူတို့၏ပုံသက်သေများက သူ၏နှလုံးသားကို တစ်နည်းတစ်ဖုံခံစားစေခဲ့သည်။ “ ထိုသူတို့သည် ကျွနု်ပ်ကဲ့သို့ပင် တူညီသောခန္ဓာကိုယ်တစ်ထပ်တည်းရှိသူများ ဖြစ်ကြသည်နည်းတူ အဘယ့်ကြောင့် သူတို့လုပ်ဆောင်သကဲ့သို့ ကျွနု်ပ်သည်မလုပ်ဆောင်နိုင်ရမည်နည်း” ဟုကြွေးကြော်ခဲ့ သည်။ ထိုအချိန်မှစ၍ သခင်ခရစ်တော်၏ စစ်သားတစ်ဦးဖြစ်ရန် သံန္နိဌာန်ချခဲ့ပြီး မန်ရေးဇာ(Manresa)မြို ့ရှိ ရသေ့ကျောင်းသို့ဝင်ရောက်ခဲ့သည်။ သူ၏ဘာသာရေး အတွေ့အကြုံများသည် ကျော်ကြားသောဝိညာဉ်ရေးဆိုင်ရာ ကျင့်သုံးမှုများကျမ်း” ၌ရေး သားဖော်ပြခြင်းခံရသည်။ ထိုစာအုပ်ကို တစ်ဆယ့်တစ်ပါးမြောက် ပုပ်ရဟန်းမင်းကြီး ပီအူး(Pius)က ၀ိညာဉ်ကိုကယ်တင်ခြင်းသို့ သွားရာလမ်း၌စောင့်ရှောက်ရန်အတွက် အကြွယ်ဝဆုံးနှင့်အားလုံးနှင့် အဆိုင်ဆုံးဝိညာဉ်ရေးရာ တရားဥပဒေကျမ်းဟု ကြေငြာ ခဲ့သည်။

               ဂျေရုဆလင်နှင့် ရောမတို့ကိုဘုရားဖူးသွားပြီးနောက် သူသည် ဘုန်းတော်ကြီးဘဝ သို့တက်လှမ်းရန်အတွက် လိုအပ်သောပြင်ဆင်မှုများ၌ ဓမ္မဗေဒပညာရပ်များကို ပြည့်စုံ စေရန် ပဲရစ်(Paris)သို့သွားခဲ့သည်။ ထိုတွင်သူသည် အသစ်သောဘာသာရေး အသင်း ဂိုဏ်းတစ်ခုကိုဖွဲ့စည်းခဲ့သည်။ ထိုအသင်းဂိုဏ်းသည် ၁၅၄ဝခုနှစ်၌ ယေဇူး၏အဖွဲ့အစည်း (Society of Jesus)အမည်ဖြင့် တတိယမြောက် ပုပ်ရဟန်းမင်းကြီးပေါလူး (Pope Paul II)၏ အတည်ပြုခြင်းကိုခံခဲ့ရသည်။ သူတို့၏တိုက်ပွဲကြွေးကြော်သံမှာ “ ဘုရားသခင်၏ ဂုဏ်တော်ကို ပိုမိုထင်ရှားစေရန်”  (Ad Majorem DeiGloriam)ဖြစ်သည်။ သူတို့၏ ၀ိညာဉ်ရေးနှင့် ပညာရေးဆိုင်ရာဖွဲ့စည်းပုံနှင့် သူတို့၏စစ်တပ်ကဲ့သို့သော စည်းမျဉ်းဥပဒေ များကြောင့် ဂျေဆွိစ်များသည် ကျောင်းများမေတ္တာတရားနှင့် ဆိုင်သောတည်ဆောက် မှုများနှင့် ကမ္ဘာအနှံ့သာသနာပြုခြင်းတို့၌ ဇွဲရှိရှိပါဝင်လုပ်ဆောင်ခဲ့ကြသည်။ သံအီညား ဆီဦးသည် သူ၏ကျန်ရှိသော အချိန်များကိုရောမ၌သာကုန်လွန်စေခဲ့ပြီး ထိုနေရာတွင် သံဖိလစ်နေရီ (St.Philip Neri)၏ သူငယ်ချင်းဖြစ်ခဲ့သည်။ သူတော်စင်ဂိုဏ်းသစ်အား ညွှန်ကြားရသောကြီးမားလွန်းသည့်အတွက်ကြောင့် ခြေကုန်လက်ပန်းကျ ပင်ပန်းနွမ်း နယ်ခဲ့ရပြီး ၁၅၅၆ခုနှစ်တွင် ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့သည်။

 

 

Add new comment

3 + 1 =