စိန်သောမတ်စ်အကွီးနက်စ်

(၁၂၂၅-၁၂၇၄)
ရဟန်းနှင့်ဓမ္မသုခမိန်
    သံသောမတ်စ်သည် တစ်ခေတ်တစ်ခါကပေါ်ထွန်းခဲ့သော သီအော်လော်ဂျီပညာ ရှင်များထဲ၌ တစ်ဦးအပါအဝင်ဖြစ်၍ ၁၂၂၅ခုနှစ်တွင် နေပယ်မြို့ အနီး အကွီရှိမြင့်မြတ် သောမျိုးရိုး၌ မွေးဖွားခဲ့သည်။ မွန်တေကာဆီနိုရှိ ဘဲနဲဒစ်ရသေ့ကျောင်းတွင် ပထမဆုံး ပညာသင်ကြားခဲ့ပြီး နေပယ်မြို့ တက္ကသိုလ်ကျောင်းတွင် ပိုမိုအဆင့်မြင့်သော ပညာရပ် များသင်ယူခဲ့သည်။ ထိုမြို့ ရှိတရားဟောသူများအသင်းကို စိတ်ဝင်စားခဲ့၍ အသက်(၁၉) နှစ်အရွယ်တွင် သံဒေါမိိနစ်ရသေ့ဂိုဏ်းဝတ်ရုံသင်္ဃန်းကိုရရှိိခဲ့သည်။ ချမ်းသာသောသံ ဘေနဒစ်ရသေ့ဂိုဏ်းကို ဝင်စေလိုသည့်သူ၏မိဘများသည် ဒေါသထွတ်၍ရဲတိုက်သို့ အကျဉ်းသားတစ်ဦးပမာ အတင်းအကျပ်ပြန်ခေါ်ဆောင်လာခဲ့ကြည်သည်။ သူ၏ခေါ်တော် မူခြင်း တစ်ဖြည်းဖြည်းမှေးမှိန်လာစေရန် ရည်ရွယ်ချက်ဖြင့် သူ၏အကိုများသည်၊ သူ၏အ ခန်းငယ်ထဲသို့ အမျိုးသမီးတစ်ဦးကိုထည့်ထားလိုက်ကြသည်။ သို့သော် သောမတ်စ် သည်မီးတုတ်ကိုကိုင်ဆွဲ၍ ထိုအမျိုးသမီးကိုမောင်းထုတ်ခဲ့သည်။ (၂)နှစ်ကြာသော် အကျဉ်းချခံခဲ့ရပြီးနောက် သူ၏မိသားစုသည် သူ၏အသင်းဂိုဏ်းသို့ပြန်သွားရန် ခွင့်ပြုခဲ့ ရလေသည်။
    ၁၂၄၅ခုနှစ်တွင်၊ သံသောမတ်စ်သည် ပဲရစ်မြို့ ရှိသံအဲလ်ထံ၌ ပညာသင်ကြားရန် စေလွှတ်ခြင်းခံခဲ့ရသည်။ သူ၏တိတ်တိတ်ဆိတ်ဆိတ်နေတတ်ခြင်းနှင့် ကြီးမားသော ကိုယ်နေဟန်ထားတို့ကြောင့် သူ့ကို“ နွားအ”  ဟုနာမည်ပြောင်းပေးကြသည်။ သံအဲလ် ဘတ်သည် သူ၏အပေါင်းအဖော်တို့ကိုပြစ်တင်လျက် “ မင်းတို့တွေသူ့ကို “နွားအကြီး” လို့ ခေါ်နေကြတယ်။ ဒါပေမဲ့သူဟာ သူ့ရဲ့ အသံကို ကမ္ဘာရဲ့ဝေးလံလှတဲ့ အရပ်ဒေသအထိ ကြားစေလိမ့်မယ်” ဟုပြောခဲ့သည်။ ဘွဲ့ ရရှိပြီးသည်နောက် သံသောမတ်စ်သည် နေရာအနှံ့အပြား၌ အလွန်အောင်မြင်စွာဖြင့် ဉာဏ်ပညာ၊ ဆုတောင်းမေတ္တာနှင့် နှိမ့်ချ ခြင်းတို့ကိုသာဓကများဖြင့် ဟောပြောပို့ချပေးနေလေသည်။ “ မိမိသည် စာအုပ်များစွာမှ သင်ယူခြင်းထက် ခရူူစူးခြေရင်း၌ပိုမိုသင်ယူခဲ့ပါသည်” ဟူ၍လည်းပြောကြားခဲ့သည်။ ၁၂၆၆ ခုနှစ်တွင် ဆွန်းမားသီအိုလိုဂျီရေး (Summa Theologiae) ကိုစတင်ရေးသားခဲ့ သည်။ ထိုရေးသားခဲ့သမျှစားများထဲ၌ သီအိုလိုဂျီနှင့်ဆိုင်ရာ စာအုပ်ကောင်းဟူ၍ယူဆခဲ့ ကြသည်။ တစ်နေ့တွင် ဘုရားစင်ပေါ်၌ရှိသော ခရူစူး၌အသံတစ်သံသည် သူ့အား “ သောမတ်စ် မင်းဟာငါရဲ့ အကြောင်းကို ကောင်းမွန်စွာရေးသားခဲ့တယ်။ ဘယ်လိုလူမျိုး ကို မင်းလိုချင်သလဲ” ဟုမေးခဲ့ရာ သောမတ်စ်သည် “ ကိုယ်တော်ရှင် ကိုယ်တိုင်ကလွဲ၍ ဘာမှအလိုမရှိပါ” ဟုပြန်ဖြေကြားခဲ့လေသည်။
    သူသည် တစ်နေ့တာ၏အချိန်များစွာကို ဆုတောင်းခြင်းအားဖြင့်သာ ကုန်လွန်စေ ခဲ့ရာ တစ်ခါတစ်ရံ၌ဆုတောင်းမေတ္တာထဲတွင် သတိလစ်နစ်မျော၍နေလေသည်။ ၁၂၇၁ ခုနှစ်တွင် သံနီကောလပ်စ်၏ပွဲနေ့၌ မစ္ဆားတရားပူဇော်နေချိန် ကောင်းကင်မှ ဗျာဒိတ် တော်ကို သူလက်ခံရရှိခဲ့သည်။ ထိုအချိန်မှစ၍ မည်သည့်စာအုပ်မျှ မရေးသားတော့ပဲ အပေါင်းမဖော်တို့အား “ ငါရဲ့ တာဝန်ပြီးဆုံးတဲ့အချိန်ရောက်လာပြီ။ ငါ့ကိုဘုရား သခင်က ဗျာဒိတ်တော်ရဲ့ အကြောင်းကိုဖော်ပြပြီးတဲ့နောက်မှာ ငါရေးသားခဲ့သမျှတွေဟာ ကောက် ရိုးမျှင်ပမာပဲထင်ရတော့တယ်” ဟုပြောပြခဲ့လေသည်။ ၁၂၇၄ခုနှစ်တွင် လွိုင်စ်မြို့ စည်းဝေး ပွဲသို့သွားရာလမ်းတွင် သူသည်အသည်းအသန်ဖျားနာခဲ့ပြီး နောက်ဆုံးစက္ကရမင်တူး များကိုခံယူခဲ့ရလေသည်။ ကိုယ်တော်မြတ်စက္ကရမင်တူးကို ခံယူချိန်၌သူသည် “ တပည့် တော်တို့၏ဝိညာဉ်ကို ကယ်တင်ပိုင်သောအရှင်၊ ကိုယ်တော်ကိုတပည့်တော်ခံယူပါ၏။ တပည့်တော်၏သင်ယူလေ့လာခြင်းများ၊ နိုးကြားခြင်းများနှင့်တပည့်တော်၏အလုပ်များ သည် ကိုယ်တော်ကိုချစ်ခြင်းကြောင့်သာ ဖြစ်ပေါ်လာရခြင်းပါကိုယ်တော်” ဟုကြွေးကြော် ခဲ့လေသည်။ နှစ်ရက်လွန်ပြီးနောက် အသက်(၄၉)နှစ်သာရှိသေးသော၊ သောမတ်စ်သည် ကွယ်လွန်သွားခဲ့လေသည်။ ၁၃၂၃ခုနှစ်တွင် ရဟန္တာတင်မြှောက်ခြင်းခံရပြီးလျှင် ၁၈၈၀ ခုနှစ်တွင် စာသင်ကျောင်းများကို ကာကွယ်စောင့်ရှောက်သော ရဟန္တာအဖြစ်ကြေငြာ ခြင်းခံခဲ့ရလေသည်။စိန်သောမတ်စ်ဟာတစ်ခေတ်တစ်ခါက ပေါ်ထ ွန်းခဲ့တဲ့သီအော်လော်ဂျီပညာရှင်တေ ွထဲကတစ်ဦးအပါအဝင်ဖြစ်တယ်။သူ့ရဲ့မိသားစုတေ ွရဲ့ဘယ်လိုတားမြစ်ဟန့်တားမှုမျိုးကိုမဆိုကြံကြံခံပြီးစိန်ဒေါမိနစ်ရ သေ့တစ်ပါးအဖြစ် ခေါ် တော်မူခြင်းလမ်းကိုလျောက်လှမ်းပြီးနေရာအနှ့ံအပြားမှာသူ့ရဲ့ဆုတောင်းခြင်း၊ ဉာဏ်ပညာ၊နှိမ့်ချခြင်း၊ဟောပြောသက်သေခံခြင်းတေ ွနဲ့ဘုရားရှင်ရဲ့အမှုတော်မြတ်ကို သေသည့်တိုင်အောင်ထမ်းဆောင်ခဲ့ပါတယ်။စိန်သောမတ်စ်ဟာတစ်ခေတ်တစ်ခါက ပေါ်ထ ွန်းခဲ့တဲ့သီအော်လော်ဂျီပညာရှင်တေ ွထဲကတစ်ဦးအပါအဝင်ဖြစ်တယ်။သူ့ရဲ့မိသားစုတေ ွရဲ့ဘယ်လိုတားမြစ်ဟန့်တားမှုမျိုးကိုမဆိုကြံကြံခံပြီးစိန်ဒေါမိနစ်ရ သေ့တစ်ပါးအဖြစ် ခေါ် တော်မူခြင်းလမ်းကိုလျောက်လှမ်းပြီးနေရာအနှ့ံအပြားမှာသူ့ရဲ့ဆုတောင်းခြင်း၊ ဉာဏ်ပညာ၊နှိမ့်ချခြင်း၊ဟောပြောသက်သေခံခြင်းတေ ွနဲ့ဘုရားရှင်ရဲ့အမှုတော်မြတ်ကို သေသည့်တိုင်အောင်ထမ်းဆောင်ခဲ့ပါတယ်။သံသောမတျစျအကှီးနကျစျ 

Add new comment

2 + 4 =