စိန်သောမတ်စ်

သံသောမတ်စ်  (ပထမရာစုနှစ်)
တပည့်တော်ကြီး
ဗိသုကာပညာရှင်တို့ကစောင့်ရှောက်သော တပည့်တော်ကြီး သ့သောမာတ်စ် သည် ဂါလီလေမြို ့ဆင်းရဲသောမိသားစုမှ ဆင်းသတ်လာသူဖြစ်သည်။ ကို်ယ်တော်ရှင် အပေါ်၌ပြင်းပြသော ချစ်ခြင်းမေတ္တာရှိ၍ သူ့အတွက်အသေခံရန် စိတ်အားထက်သန်ခဲ့ သည်။ သို့သော် သခင်ယေဇူးအသက်တော်စွန့်အသေခံတော်မူပြီးနောက်ပိုင်းတွင် အခြား သောတပည့်တော်ကြီးများထံမှ သီးသန့်ခွဲနေပြီး “ ကိုယ်တော်ရှင်သေမင်းကို အောင်မြင် လျက်ရှင်ပြန်ထမြောက်တော်မူပြီ” ဟူသော သတင်းကိုမယုံကြည်ခဲ့ချေ။ ထို့ကြောင့်  “ သံ သယရှိသောသောမားစ်” ဟူသော အမည်နာမကိုရရှိခဲ့ခြင်းဖြစ်သည်။ သခင်ယေဇူးထင် ရှားပြပြီးနောက်တစ်ပတ်အကြာတွင် ဒုတိယထပ်မံထင်ရှားပြပြီးသော မားစ်အား “ ဒီဒဏ် ရာတွေထဲ မင်းလက်ကိုထိုးကြည့်ပါ ငါ့ကိုယုံပါ” ဟုပြောခဲ့သည်။ သောမားစ်ကလည်း “ ကျွနု်ပ်၏သခင်၊ ကျွနု်ပ်၏ဘုရား” ဟုပင်ပြန်လည်ပြောကြားခဲ့သည်။ ဤတွင် သခင်ယေဇူး က “ သင်သည် ငါ့ကိုမြင်သောကြောင့်သာယုံကြည်၏။ မမြင်ဘဲယုံကြည်သောသူတို့သည် မင်္ဂလာရှိ၏။ (ယောဟန်  ၂၁း၂၄-၂၉) ဟုပြောခဲ့သည်။
သန့်ရှင်းသော ၀ိညာဉ်တော်ဆင်းကြွလာပြီးနောက်ပိုင်းတွင် သောမာစ်သည် ဖမ်းဆီးချုပ်နှောင်ခံရပြီး အန္ဒိယဘုရင်ဂွန်ဒါဖိုး (Gundafor)ထံသို့ ကျွန်အဖြစ်ရောက်ရှိ သွားခဲ့သည်ဟု ရှေးထုံးသက်သေအရသိရှိရသည်။ ဗိသုကာအတတ်၌ တဘက်ကမ်းခတ် အောင်ကျွမ်းကျင်တတ်မြောက်ကြောင်း  သိရသောကြောင့် ဘုရင်သည် သောမာစ်အား အခမ်းအနားကြီးကျယ်သော နန်းတော်ဆောက်လုပ်ပေးရန်စေခိုင်းခဲ့သည်။ ဘုရင်ကြီးမရှိ ခိုက်သောမာစ်သည် လုပ်အားခအတွက်ရရှိသောငွေကြေးအားလုံးကို ဆင်းရဲသားတို့ အား ဝေငှပေးခဲ့သည်။ ဘုရင်ကြီးပြန်ရောက်လာပြီး သူဆောက်လုပ်ခိုင်းသောနန်းတော် အကြောင်းမေးသောအခါ သောမားစ်က “ အရှင်မင်းကြီး ထိုနန်းတော်ကို အခုချိန်တွင် မြင်ရမည်မဟုတ်။ ဤလောကမှထွက်ခွာသွားသောအခါမှသာလျှင် မြင်ရလိမ့်မည်။” ဟု ပြောခဲ့သည်။ ထိုအခါဘုရင်ကြီးဒေါသထွက်ပြီး သူ့အားအရှင်လတ်လတ် အရေခွံခွာရန် အမိန့်တော်ချမှတ်ခဲ့သည်။ သို့သော် ဘုရင်၏နောင်တော်သည် “ သာမတ်စ်သည် ကောင်းကင်ဘုံတွင် ဘုရင်ကြီးအတွက် ပြင်ဆင်ပေးထေားသော နန်းတော်ကိုရူပါရုံတွင် မြင်ရသည်” ဟုပြောခဲ့သောကြောင့် အသက်ချမ်းသာရာရခဲ့သည်။ ဘုရင်ကြီးသည် သောမားစ်အားလွတ်လိုက်ပြီး များစွာသောအခြွေအရံများနှင့်အတူ ဆေးကြောခြင်း မင်္ဂလာခံယူခဲ့လေသည်။ နောက်ပိုင်းတွင်သောမားစ်သည် အိန္ဒိယနယ်တစ်ခွင်လှည့် လည်ပြီး ဧဝံဂေလိတရားတော်ဟောကြားခဲ့သည်။ ထို့နောက် မားဇ်ဒေး(Mazday)၏ မိဘုရားအား အကျင့်ပြောင်းလဲစေပြီး ခရစ်ယာန်ဘာသာထဲသို့ ဝင်ရောက်စေခဲ့သော ကြောင့် ဘုရင်နှင့်မသင့်မတင့် ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် တောင်ထိပ်တစ်နေရာသို့ ခေါ်ဆောင်ခြင်းခံရပြီး အသတ်ခံခဲ့ရသည်။

Add new comment

3 + 0 =