စိန်မော်နီကား

သံတာမော်နီကား      (၃၃၁-၃၈၇)

သန့်ရှင်းသောပုဂ္ဂိုလ်

သံသြဂုတ်စတင်း၏မိခင်ဖြစ်သော သံတာမော်နီကားသည် (၁၃၃)ခုနှစ်၊ မြောက် အာဖရိကတိုက်၊ တာဂါစထေမြို ့တွင် ဖွားမြင်ခဲ့သည်။ သူမ၏ထူးကဲသော စိတ်ရှည် သည်းခံခြင်းကြောင့် ကြမ်းတမ်းခက်ထန်ပြီး အကျင့်ပျက်သော ဗာဟီရဝါဒီသမား တစ်ဦးဖြစ်သည့် သူမ၏ခင်ပွန်းပါထရီးရှက်စ်သည် အကျင့်တရားပြောင်းလဲလာခဲ့ သည်။ သူမဆုံးမီတစ်နှစ်အလိုတွင် ဆေးကြောခြင်းစက္ကရမင်တူးကို ရရှိခဲ့သည်။ သူမ၏သားကြီး ဖြစ်သော သံသြဂုတ်စတင်းသည်လည်း သူမအတွက် အကြီးမား ဆုံးသောပြသနာတရပ် အဖြစ် ရှိနေခဲ့ပြန်သေးသည်။ သြဂုတ်စတင်းသည် ငယ်ရွယ်စဉ် အခါ၌ပင်လျှင် အသင်းသားလောင်း စာရင်းဝင်ဖြစ်သော်လည်း သူသည်ဆေးကြောခြင်း စက္ကရမင်တူး အကြောင်းကို ဘယ်သောအခါမျှ အလေးအနက်မတွေးတောခဲ့ပေ။ သူသည် မာနီချီယာန် ခေါ် ဒိဌိအယူဝါဒအသင်းသို့ ဝင်ရောက်သောအခါ၌ လောကီရေး ဆိုင်ရာ အပျော်အပါး လိုက်စားမှုကို ပိုိမိုဆိုးရွားစေခဲ့သည်။ သြဂုတ်စတင်းသည် ကာသိတ်ချ်ပြည်တွင် ပညာ သင်ယူနေစဉ်အတွင်းအမျိုးသမီးတစ်ဦးနှင့် စေ့စပ်ခဲ့ပြီးသားတစ်ယောက်ထွန်းကားခဲ့ သည်။ မော်နီကားသည် မျက်ရည်နှင့်အတူဝါရှောင်ခြင်း၊ ဆုတောင်းခြင်းများကို နှစ်ပေါင်း များစွာပြုလုပ်ခဲ့သည်။ သူ၏သားနှင့်စကားပြောရန် သူမမေတ္တာရပ်ခံခဲ့သော ပညာရှိ ဆရာတော်တစ်ပါးသည် သူမအားဘုရားသခင်၏ နေ့ရက်ချိန်ကာလရောက်လာလိမ့် မည်ဖြစ်ကြောင်း၊ မင်းကျခဲ့တဲ့မျက်ရည်များကြောင့် မင်းရဲ့သားဟာ ပျက်စီးရမယ်ဆိုတာ မဖြစ်နိုင်ကြောင်း သူမအားပြောခဲ့သည်။

               သြဂုတ်စတင်းသည် အီတလီနိုင်ငံသို့ တိတ်တဆိတ်ထွက်ခွာသွားကြောင်း သူမသိရှိသောအခါ မီလန်အထိသူ့အားမတွေ့တွေ့အောင်ရှာခဲ့သည်။ သူမ၏သားသည် အကျင့်တရားပြောင်းလဲလာပြီးဖြစ်ကြောင်း သိရှိရသောအခါ သူမသည်အတိုင်းအဆမဲ့ အလွန်ပျော်ရွှင်ခဲ့သည်။ များမကြာမှီနောက်ပိုင်းတွင် အာဖရိကသို့ပြန်လာရန် သူမသည် ခရီးစတင်ထွက်ခွာလာခဲ့သည်။ မော်နီကားသည် အော်စတီးယားဆိပ်ကမ်း၌ သင်္ဘော စောင့်နေစဉ်အသဲအသန်ဖျားနာခဲ့သည်။ သူမ၏နောက်ဆုံးသောစကားတွင် ပြောခဲ့သည် မှာ “ ဘဝမှာ ဘယ်အရာမှ ငါ့ကိုပျော်ရွှင်မှုမပေးခဲ့ဘူး၊ ငါအသက်ရှင်နေတာကလည်း မင်းကို ခရစ်ယာန်တစ်ဦးအနေနဲ့ မြင်ကောင်းမြင်နိုင်ပါရဲ ့ဆိုပြီး အသက်ရှင်နေတာပါ” နာက်ဆက်ပြီး “ ငါ့ရဲ ့ခန္ဓာကိုယ်ကို ကြိုက်တဲ့နေရာမှာမြုပ်ပါ၊ သားကိုတစ်ခုတောင်းခံချင် တာကတော့ ဘုရားသခင်ရဲ ့ယဇ်ပလ္လင်ရှေ ့မှာ အမေ့ကိုသတိယဖို့ပဲ” ဟုသူမ၏ သားအား ပြောခဲ့သည်။ သူမသည် အသက်(၅၅)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး မိခင်များအား ကူညီမှိုင်းမသော ရဟန္တာအဖြစ်တင်မြှောက်ခြင်းခံခဲ့ရသည်။ သြဂုတ်စတင်းသည် သူ၏ စာအုပ်တွင် “ ကျွန်တော်အတွက် နှစ်ပေါင်းများစွာ မျက်ရည်ကျခဲ့တဲ့အမေ့အတွက် ကျွန် တော်တစ်နာရီလောက် ငိုကြွေးတာမမှားဘူးလို့ ကျွနု်ပ်ထင်တယ်” ဟု ရေးသားခဲ့သည်။

 

 

Add new comment

4 + 1 =