Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စိန်မာတီးယား
သံမာတီးယား (တမန်တော်) (ပထမရာစုနှစ်)
သံမာတီးယားသည် သခင်ခရစ်တော် ဆေးကြောခြင်းခံသည့်နေ့မှစ၍ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်တိုင်အောင် သခင်ခရစ်တော်၏ တပည့်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် သခင်ခရစ်တော် ဒေသစာရီလှည့်လည်စဉ်အတွင်း ဧဝံဂေလိတရား ကိုဟောပြောသက်သေခံရန် စေလွှတ်ခြင်းခံရသောတပည့် ၇၂ယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ဟန်တူသည်။ သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွတော်မူ သောနေ့မတိုင်မီတွင် တစ်ဆယ့်တစ်ယောက်သော တပည့်ကြီးတို့နှင့် အခြားသော တပည့်များသည် ဆုတောင်းမေတ္တာပြုပြီးစုဝေးနေကြစဉ် သံပေထရူးသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောသက်သေခံသူတစ်ယောက်ဖြစ်လာရန် ယုဒ၏နေရာ၌ တမန်တော်တစ်ပါးကို အစားထိုးရွေးချယ်ခန့်အပ်ရန် လိုအပ်မှုကိုကြေငြာ ခဲ့သည်။ (တမန်တော်ဝတ္ထု ၁း၂၁) မာတီးယားနှင့် ဗာရာဘနှစ်ဦးတို့သည် ယာထားခြင်း ခံရပြီး၊ မာတီးယားအား မဲချခြင်းအားဖြင့်ရွေးချယ်ခံခဲ့ရသည်။ ထိုသို့ရွေးချယ်ခြင်းသည် အီဇရာအဲလ်လူမျိုး ၁၂မျိုးကို ကိုယ်စားပြုသည်။
သန့်ရှင်းသောဝိညာဉ်တာ်ကုုိခံယူပြီး သံမာတီးယားသည် ဧဝံဂေလိတရားကို ယူဒေယာနယ်မှ ကယ်စပီယန်ပင်လယ်တိုင်အောင် ဟောပြောလေသည်။ သူသာသနာ ပြုခဲ့သောရိုင်းစိုင်းသော သူများ၏ညှင်းပန်းနှိပ်စက်ခြင်း၊ မတရားပြုခြင်းများခံထမ်းပြီး ကိုလ်ချိစ်တွင် တရားတော်အတွက်အသေခံခဲ့သည်။ သူ၏ခန္ဓာကိုယ်ဂျေရုဇလင်တွင် အချိန်အတော်ကြာထားရှိခဲ့သည်။ ထို့နောက် သံတာဟယ်လင်မှ ရောမမြို ့သို့ပြောင်းရွှေ့ ခဲ့သည်။
Add new comment