စိန်မာဂရက် Bourgeoys

ဇန္နာဝါရီလ (၁၂) ရက်နေ့

ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် စိန်မာဂရက် Bourgeoys

စိန်မာဂရက်အား (၁၆၂၀) ဧပြီ (၁၇) ရက်နေ့တွင်၊ ပြင် သစ်နိုင်ငံ၊ Troyes ၌မွေးဖွားသန့်စင်ခဲ့သည်။ သူ၏မိဘနှစ်ပါးသည် ဥရောပနိုင်ငံသားများဖြစ်သော်လည်းသူသည်အမေရိကန်နိုင်ငံတွင်မွေးဖွားကြီးပြင်းခဲ့သူဖြစ် သည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်း ကိုလုံးဝ သက်ဝင်ယုံကြည်သူဖြစ်သောကြောင့်သူဖော်ဆောင်လိုသော၊ လုပ် သင့်သော၊ ခေတ်ကာလ၏လိုအပ်ချက်လည်းဖြစ်သောလုပ်ရပ်များကို မဆုတ်မနစ်သောလုံ့လဖြင့်လုပ်ဆောင်ခဲ့ခြင်းကြောင့်ကနေဒါနိုင် ငံအနေဖြင့်အကျိုးအမြတ်များစွာကိုခံစားခဲ့ရသည်။

သူသည်လည်းမိသားစုဝင်များသောမိသားစုမှဖြစ်သည်။ ညီ အစ်ကိုမောင်နှမ (၁၂) ဦးအနက် (၆) ဦးမြောက်ဖြစ်ပြီး၊ အသက် (၂၀) တွင်သူတော်စင်တစ်ပါးအနေဖြင့်ဘုရားကိုအစေခံရန်ခေါ်ဆောင်ခံရသည်ဟုစေ့ ဆော်ခံရသောကြောင့်ကာလ်မယ်လိုက်နှင့်နွမ်း ပါးစွာကျင့်ကြံ အားထုတ်သောစိန်ကလဲရသေ့သီလရှင်အသင်းနှစ်သင်းသို့ဝင်လို သူလျှောက်လွှာကိုပေးပို့တောင်းဆိုခဲ့သည်။ သို့သော်သူ၏ မိတ်ဆွေရ ဟန်းတစ်ပါးကမူဘုရားခင်သည်သူ့ အားအခြားသောအ စီအစဉ် ရှိကောင်းရှိနိုင်သည်ဟုပြောကြားခဲ့သည်။

ဤသို့ဖြင့် (၁၆၅၄) ခုနှစ်တွင်ကနေဒါနိုင်ငံသို့ပြောင်းရွေ့ အခြေချသောပြင်သစ်နိုင်ငံသားများဆိုင်ရာအစိုးရဝန်ကြီးတစ်ဦးက Troyes တွင်အမူတော်ထမ်းနေသောအစ်မသီရှင်ထံသို့လာရောက် လည်ပတ်ခဲ့သည်။ မာဂရက်သည်လည်းထိုသီလရှင်အသင်းနှင့်အ ဆက်အသွယ်ရှိသည်။ ဤသို့ဖြင့်ထိုဝန်ကြီးကကနေဒါသို့လာ၍ VilleMarie မြို့ (ယခုအခါ Montreal) တွင်ကျောင်းတစ်ကျောင်း လာရောက်ဖွင့်လှစ်ရန်ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာသို့ရောက်ရှိသွားေ သာဦးရေ (၂၀၀) ခန့်ရှိပြီး၊ ဆေးရုံတစ်ရုံနှင့်အတူ၊ ဂျက်ဆွီသာသ နာပြုများမှဆောက်လုပ်ထားသောဘုရားကျောင်းဆောင်ငယ်တစ်ဆောင်ကိုတွေ့ခဲ့ရပါသည်။

သူသည်အချိန်ကိုဖြုန်းတီးမနေတော့ဘဲစာသင်ကျောင်းတစ်ေ ကျာင်းကိုစတင်ဖွင့်လှစ်ခဲ့ သည်။ လုပ်ဆောင်ရန်ဆန္ဒကြီးသော်လည်း လုပ်ဖော်ဆောင်ဖက်ကောင်းကိုလည်းလိုအပ်ပါသည်။ ထို့ကြောင့် (၁၆၆၇) ခုနှစ်တွင် Troyes ပြန်သွားပြီး၊ သူနှင့်စိတ်တူကိုယ်တူ၊ ဝါသနာ တူသောသူငယ်ချင်းကက်သရင်းခရိုးလိုနှင့်အမျိုးသမီးငယ်နှစ်ဦးကိုစတင်လက်တွဲလုပ်ဆောင်ခဲ့သည်။ အတန်းများကိုလည်းထပ်မံတိုးချဲ့ခဲ့ပြီး၊ အိန္ဒိ ယမှပြောင်းရွေ့များ၏က လေးများကိုပညာသင်ကြားပေးခဲ့သည်။ လုပ်ေ ဖာ်ဆောင်ဖက်များနှင့်ကျောင်းကြီးကိုဖွင့်လှစ်အပြီး (၆) နှစ်အကြာတွင် တဖန်ပြင်သစ်နိုင်ငံသို့ပြန်သွားပြီး၊ ယခု တစ်ကြိမ်တွင်လည်းအင်အားဖြ ည့်တင်းပေးမည့်အမျိုးသမီးငယ် (၆) ဦးကိုထပ်မံခေါ်ဆောင်လာနိုင်ခဲ့ပါ သည်။ ထိုအချိန်ကကနေဒါနိုင်ငံသည်ပြင်သစ်၏ကိုလိုနီနယ်ဖြစ်သောေ ကြာင့်ယခုဖွင့်လှစ်သော ကျောင်းသည်အစိုးအရ (ဘုရင်) အသိအမှတ် ပြုကျောင်းဖြစ်ကြောင်း (တရားဝင်) ဘုရင်လွီစ် (၁၄) ပါးမြောက်ကတ ရားဝင်စာကိုလည်းရရှိလာခဲ့သည်။ ထိုမှတစ်စတစ်စဖြင့်ထိုသီလရှင်အ သင်းသည် Notre Dame သီလရှင်အသင်းအ ဖြစ် (၁၆၇၆) ခုနှစ်တွင် တည်ထောင်ခဲ့သည်။ သို့သော်လည်းသီလရှင်အသင်း ဝင်များသည် ယနေ့ခေတ်သီလရှင်များ ပြုရသောကတိသစ္စာများကိုမပြုဘဲဆက် ကပ်နေထိုင်ခဲ့ကြသည်။ (၁၆၉၈) ခုနှစ်ရောက်မှအသင်း၏ဖွဲ့စည်းပုံဥ ပဒေကို အမိကက်သလစ်သာသနာတော်မှအ သိအမှတ်ပြုပြီးနောက် မှသာသီလရှင်တို့ပြုရသောကတိသစ္စာကိုစတင်ဆိုခဲ့ကြပါ သည်။

ကက်သလရင်းသည် Montreal တွင်အိန္ဒိယ မှပြောင်းရွေ့ေ နထိုင်သောမိသားစုများ၏ သမီးများကိုသီးသန့်ပညာသင်ကြားေ ပးသော အမျိုးသမီးကျောင်းကိုလည်းတည်ထောင်ခဲ့သည်။ သက်တော် (၆၉) နှစ် ၌သူသည် Montreal မှ Quebec သို့ခြေလျင်လျှောက်၍ Quebec ၌သူ ၏သီလရှင်အသင်းဖွင့်လှစ်ခွင့်ပေးရန်သာသ နာပိုင်ဆရာတော်ထံသို့တောင်းလျှောက်ခဲ့သည်။ (၁၇၀၀) ခုနှစ်၊ ဇန္နာဝါရီလ (၁၂) ရက်သူပျံလွန် ချိန်၌သူအား “ကိုလို နီများ၏မိခင်” ဟုပင်တင်စား ဂုဏ်ပြုခံနေ ရပြီဖြစ် သည်။ သူ့အား (၁၉၈၂) ခုနှစ်တွင်ရဟန္တာအဖြစ်ရဟန်းမင်းကြီးစိန် ဂျွန်ပေါလ် (၂) မှတင်မြောက်ခဲ့ပါသည်။

သူသည်ဆင်းရဲ့မွှဲတေမူကျဆင်းပပျောက်ရေး၊ မိဘမဲ့များအေ ရး၊ သူတော်စင်ဖြစ်လို သော်လည်းအကြောင်းအမျိုးမျိုးပြ၍မသင့်တော်၊ မအပ်စပ်ဟုငြင်းပယ်ခံရသောသူများအားကာကွယ်မှိုင်းမသောရဟ န္တာ အဖြစ်ဂုဏ်ပြုတင်မြောက်ခြင်းခံထားရသူဖြစ်သည်။

Add new comment

3 + 9 =