စိန်ဘာနဘနှင့်စိန်အန်ထော်နီ

တမန်တော်စိန်ဘာနဘ နှင့် စိန်အန်ထော်နီ ရဲ့ အ ကြောင်းကို
တင်ဆက်ပေးလိုက်ပါတယ်။

ပါဒူအာမြို ့မှသံအန်ထော်နီ  (ရဟန်း၊ ဓမ္မသုခမိန်)

(၁၁၉၅-၁၂၃၁)

ဆင်းရဲသားများအား ကူညီမှိုင်းမသောရဟန္တာဖြစ်သည်။ ပါဒူအာမြို ့မှ သံအန်ထော် သည် သက္ကရာဇ် ၁၁၉၅ခုနှစ်တွင် ပေါ်တူဂီနိုင်ငံလစ်စဘွန်းမြို ့တွင် မွေးဖွားခဲ့သည်။ အ သက် ၁၅နှစ်အရွယ်တွင် သူသည် သံသြဂုတ်စတင်းရသေ့ ဂိုဏ်းသို့ဝင်ရောက်ခဲ့ပြီး အချိန်သင့်သောအခါ ရဟန်းသိက္ခာခံယူခဲ့သည်။ သက္ကရာဇ် ၁၂၂၁ခုနှစ်တွင် သံဖရန်စစ် ရသေ့ဂိုဏ်းမှ ဓမ္မအာဇာနည်ငါးဦးတို့၏ ဓာတ်တော်မွေတော်များကို မော်ရိုကိုမှ ပေါ်တူဂီ သို့သယ်ဆောင်လာသောအခါ သူတို့၏ခြေရာကို လိုက်နင်းရန်ထက်သန်သော ဆန္ဒများ ဖြစ်ပွားလာသည်။ အချိန်အနည်းငယ်ကြာသောအခါ အာဖရိကရှိမွတ်စလင်များ ကိုဟောပြောရန်အတွက် စေလွှတ်ခြင်းခံရသည်။ သို့သော်မကြာမီတွင် သူသည်အပြင်း အထန်နာမကျန်း ဖြစ်လေသည်။ လအနည်းငယ်ကြာသောအခါ ပေါ်တူဂီသို့ပြန်ိခဲ့ရသည်။ သူရွက် လွှင့်လိုက်ပါလာသော သင်္ဘောကြီးသည် သင်္ဘောလမ်းကြောင်းမှ တွန်းပို့ခြင်းခံရ ပြီးစီစီလီတွင် ဆိုက်ကပ်ခဲ့သည်။ ထိုမှတစ်ဆင့် အန်ထော်နီသည် အစီစီမြို ့သို့သွား ရောက်ခဲ့ပြီး ထိုမြို ့တွင်သံဖရန်စစ်နှင့်တွေ့ဆုံခဲ့သည်။

               ဖောလီ (Forli)အနီးရှိ လူသူအရောက်အပေါက်နည်းသော ရသေ့ ကျောင်းသင်္ခမ်း တွင်ခန့်ထားခြင်းခံရပြီး ဟင်းခွက်ပန်းကန်ပြားများဆေးကြောရန် တာဝန်ပေးခြင်းခံရ သည်။ နောင်ကာလအနည်းငယ်ကြာသောအခါ သံဖရန်စ် ရသေ့ဂိုဏ်းနှင့် သံဒိုမီနီကန် ရသေ့ဂိုဏ်းမှ ဦးပဥ္စင်းများကိုသိက္ခာတင်ပွဲကို ဖောလီ တွင်ကျင်းပပြုလုပ်လေသည်။ နားလည်မှုအနည်းငယ် ကွဲလွဲသောကြောင့် ဒိုမီနီကန်ရသေ့ဂိုဏ်းမှ မည်သူတစ်ဦး တစ်ယောက်မျှ သြဝါဒပေးရန်မပြင်ဆင်ခဲ့ကြပေ။ ထိုအတွက်ကြောင့် သူတို့ကိုယ်စား အနေဖြင့် ဟောပြောရန်သံအန်ထော်နီ သည်ပြောကြားခြင်းခံရသည်။ သူ၏စကားပြော ကောင်းခြင်းကို သူ့အကြီးအကဲ များအံ့သြကြရပြီး ထို့နောက်မှစ၍ အီတလီနှင့်ပြင်သစ် ပြည်တစ်လျှောက် ဧဝံဂလိတရားဟောရန် သူ့ကိုစေလွှတ်ကြလေသည်။ သူဘယ်နေရာ ဘဲသွားသွား လူများတိုသည် သူ့ကိုနာကြားအံ့သောငှာ စုဝေးကြလေသည်။ သူ၏သိမ်မွေ့နူးညံ့ ခြင်း၊ သမ္မာကျမ်းစာကိုခရေစေ့တွင်းကျကျ သိကျွမ်းခြင်းတို့ကြောင့် များစွာသော ဒိဌိအယူရှိသူတို့သည် အကျင့်ပြောင်းလဲလာကြသည်။ သံအန်ထော်နီသည် သူ၏ ညီအစ်ကိုရသေ့များအား ဓမ္မဂြိုလ်ဗေဒကိုသင်ကြားရန် သံဖရန်စစ်မှခွင့်ပြုခြင်းခံရ သောပထမဦးဆုံး သံဖရန်စစ်ရသေ့တစ်ပါးဖြစ်ခဲ့သည်။ “ ဤကဲ့သို့လေ့လာဆည်း ပူးမှုသည် ဆုတောင်းမေတ္တာပြုလိုသော သဒါ္ဓကြည်ညိုခြင်းပြုလိုသော ဆန္ဒများကိုမဖြေ ဖျောက်နိုင်ပါ” ဟုသူဆိုခဲ့သည်။

               သံအန်ထော်နီသည် သူ့ဘဝ၏နောက်ဆုံးသောနှစ်များကိုပါ ဒူပါမြို ့တွင်ကုန်လွန် စေခဲ့သည်။ အသက်၃၆နှစ်တွင် ထိုမြို ့၌ပျံလွန်တော်မူခဲ့သည်။ နောက်နှစ်တွင်သူသည် ရဟန္တာအဖြစ်တင်မြောက်ခံရပြီး ထိုအချိန်မှစ၍ မရေတွက်နိုင်သော တန်ခိုးလက္ခဏာ များကိုပြသသူအဖြစ်ထင်ရှားကျော်ကြားခဲ့သည်။ သူ့ကိုသန့်ရှင်းသောပရိတ်သူငယ်ကို သူ၏လက်တွင်ချီပိုက်လျှက် မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ သူ၏သန့်ရှင်းသော သမ္မာကျမ်းစာကို ထူးကဲသောသိကျွမ်းမှု၏ လက္ခဏာအဖြစ်သူ့ကို စာအုပ်တစ်အုပ်နှင့် လည်းကောင်း၊ သူ၏သန့်ရှင်းစင်ကြယ်ခြင်းလက္ခဏာအဖြစ် နှင်းပန်းပင်နှင့်လည်း ကောင်းပုံဖော်ခိုင်းပြသည်။ သံအန်ထော်နီ၏လက်ဖြင့် ကိုင်မြြှောက်ထားသော မွန်မြတ် သောကိုယ်တော်မြတ်ရှေ ့တွင် ဒူးထောက်ခဲ့သောလားတစ်ကောင်သည် သူနှင့်အတူရံ ဖန်ရံခါလိုက်ပါလေ့ရှိသည်။ ထိုအဖြစ်အပျက်ကြောင့် လားပိုင်ရှင်သည် ယုံကြည်ခြင်းရှိ ခဲ့သည်။ သံအန်ထော်နီသည် ဆင်းရဲသားများ၏ ကိုးစားရာရဟန္တာဖြစ်သည်။ သူ၏ ကြားဝင်ဆုတောင်းပေးမှုကို ရယူရန်အတွက် အထူးရည်စူး၍ပေးကမ်းစွန့်ကြဲသော ငွေ၊ ပစ္စည်းတို့ကို “ သံအန်ထော်နီ၏ပေါင်မုန့်” ဟုခေါ်ဆိုလေသည်။ ပျောက်ဆုံးသွားသော ပစ္စည်းများကို ပြန်လည်တွေ့ရှိရန်အတွက် သံအန်ထော်နီသို့တိိုင်တည်ဆုတောင်းကြ သည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါသော် ကိုရင်လောင်းတစ်ပါးသည် ဘုရားရှိခိုးစာ အုပ်ကိုယူပြီးထွက်ပြေးလေသော် ရဟန္တာ ထိုစာအုပ်ပြန်လည်တွေ့ရှိရန်အတွက် ဆုတောင်းခဲ့သည်။ ထိုသူခိုးသည် ထိုစာအုပ်ကိုပြန်ထားရန် ရူပါရုံအားဖြင့် အကြပ်ကိုင် ခြင်းခံရလေသည်။

 

#goodness #saintandhero

Add new comment

9 + 0 =