စိန်ဘက်နဒစ်

သံဘယ်နဒစ်    (၄၈၀-၅၄၇)

ဂိုဏ်းအုပ်ရသေ့

               အနောက်တိုင်းသားရသေ့များ၏ ဂိုဏ်းချုပ်မှူးကြီးဖြစ်သော သံဘယ်နဒစ်သည် ၄၈ဝခုနှစ် အီတလီနိုင်ငံနောက်ချီယာ (Norcia)မြို ့တွင်မွေးဖွားခဲ့သည်။ အကျင့်သိက္ခာ ပျက်စီးယိုယွင်းနေသော သူ၏အပေါင်းအဖော်များ၏ဘဝကို ကြည့်ပြီးထိတ်လန့်တုန်လှုပ် သွားခဲ့သောကြောင့် အသက်၂ဝအရွယ်တွင် စူဘီအားကူတောင်တွင်သွားရောက်နေထိုင် ခဲ့သည်။ တစ်နေ့တွင် နတ်ဆိုးသည်အရင်ကသူနှင့် သိကျွမ်းခဲ့သူသည် ချောမောလှပ သောအမျိုးသမီးတစ်ဦးကို သူ့၏စိတ်ကူးကမ္ဘာထဲတွင် ဖြစ်ပေါ်စေပြီး သူ၏နှလုံးသားကို ရမ္မက်မီးပြင်းထန်စွာတောက်လောင်စေခဲ့သည်။ ချက်ခြင်းပင်ဘယ်နဒစ်သည် သူ၏ကိုယ် ပေါ်တွင်ဆင်မြန်းထားသော ဝတ်ရုံတန်ဆာများကိုဖယ်ခွာပြီး သူ၏အသားအရေများ ပေါက်ပြဲသွားသည့်တိုင်အောင် ဆူးချုံပေါ်တွင်လူးလိမ့်နေခဲ့လေသည်။ ဤနည်းဖြင့် ၀ိညာဉ်၏အနာများကို ခန္ဓာကိုယ်၏ဒဏ်ရာဒဏ်ချက်များဖြင့် ကုသပျောက်ကင်းစေခဲ့ သည်။ နာမည်ဆိုးဖြင့်ကျော်ကြားနေသော ဗီကိုဗာရိုရသေ့ေကျောင်း၏ အကြီးအကဲအ ဖြစ်ကမ်းလှမ်းခံခဲ့ရသောကြောင့် လက်သင့်ခံခဲ့သည်။ ထိုနေရာရှိရသေ့များသည် သူ၏ တင်းကျပ်သောစည်းကမ်းကာလနားများကို မနှစ်မြို ့သောကြောင့် သူ့အားအဆိပ်ခတ် သတ်ရန်ကြံစည်ကြိုးစားခဲ့ကြသည်။ သို့သော် သူတော်ကောင်းအားဘုရားမဆိုသည့် အတိုင်းပင် သူခရူစူးအမှတ်အားပြုသောအချန်တွင် အဆိပ်ခတ်ထားသည့်စပျစ်ရည် ဖလားတော်အစိတ်စိတ်အမွှာမွှာကွဲသွားပြီး၊ သူတို့၏အကြံအစည်လည်းပေါ်သွားခဲ့လေ သည်။

               သူ့အိမ်နီးချင်းနေထိုင်ခဲ့သော ဖလောရင့်တီအူးစ်ဟုအမည်ရသော ရဟန်းတစ်ပါး တည်းသည်လည်း သူ့ကိုမနာလိုစိတ်ပွားခဲ့သောကြောင့် ဖျက်ဆီးရန်ကြံစည်ခဲ့လေသည်။ သူ့အားအဆိပ်ခတ်ထားသည့် ပေါင်မှုန့်ဖြင့်လုပ်ကြံရန်ကြိုးစားခဲ့သော်လည်း မအောင်မြင် သောကြောင့် နောက်ပိုင်းတွင်မကောင်းသည့်အမျိုးသမီးများဖြင့် သူ၏ရသေ့များအား ဖျားယောင်းဖျက်စီးစေရန်ကြိုးစားခဲ့သည်။ ထို့ကြောင့် နောက်ထပ်လာမည့် နှောက်ယှက် ခြင်းများကိုရှောင်လွဲနိုင်ရန် ၅၃ဝခုနှစ်တွင် စူဘီအားကူကိုစွန့်ပြီး ကာစီးနိုတောင် (Monte Cassino) တွင်ရသေ့ကျောင်းအသစ်ဖွင့်လှစ်ခဲ့သည်။ ရွှေကွပ်ထားသောဥပဒေဟု အမည်တွင်သော “ ဆုတောင်းခြင်းနှင့်အလုပ်” ဟူသောဥပဒေအရ နာရီအလုပ်ကြမ်းလုပ် ခြင်း၊ ဘာသာရေးစာပေများဖတ်ကြားခြင်း၊ ဂရုဏာရေးလုပ်ငန်းများလုပ်ဆောင်ခြင်းအစ ရှိသည်များကို လုပ်ဆောင်ကြရသည်။ ဂေါသ်လူမျိုးတို့ အီတလီပြည်ကိုကျူးကျော်ခဲ့စဉ် တွင် ဘုရင်သောတိလသည် သူ့စစ်သူကြီးအားမင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်စေပြီး သံဘယ်နဒစ်အား အဖြစ်မှန်သိမသိစမ်းသပ်ခဲ့သည်။

               သို့သော် ဘယ်နဒစ်သည် ဘုရင်အဖြစ်အယောင်ဆောင်ထားသော စစ်သူကြီးဖြစ် ကြောင်းမဆိုင်းမတွပင်ပြောဆိုနိုင်ခဲ့သောကြောင့် သောတိလကပင်အရိုအသေပေးခဲ့ရ သည်။ ဘယ်နဒစ်သည် ၅၄ရခုနှစ်တွင် ကိုရင်ဘဝဖြင့်ပင် ကွယ်လွန်သွားခဲ့ပြီး ရဟန်းမင်း ကြီးက သူ့အားဥရောပတိုက်ကို မှိုင်းမကာကွယ်သူအဖြစ်ကြေငြာခဲ့သည်။ ဘယ်နဒစ် အသင်းဝင်များထဲမှ ရဟန်းမင်းကြီး ၅ဝပါ၊ ဆရာတော်ရဝဝဝပါးနှင့် ရဟန္တာအပါး ပေါင်း၄ဝဝဝဝကျော်ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။

 

စိန်ဘက်နဒစ်ရဲ့ အ ကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

#goodness #saintandhero

Add new comment

6 + 0 =