စိန်ဖရန်စစ်(ပေါလာ)

ပေါင်လာမြို ့မှသံဖရန်စစ်   (၁၄၁၆-၁၅၀၇)

တောကျင့် ရသေ့

အငယ်ဆုံးဖိုးသူတော်များဂိုဏ်း (Minim Friars) ကိုစတင်တည်ထောင်ခဲ့သော သံဖရန်စစ်သည် သက္ကရာဇ်၁၄၁၆ခုနှစ်တွင် အီတလီနိုင်ငံ၊ ပေါင်လာ(Paola)မြို ့၌ဖွားမြင် ခဲ့သည်။ နှစ်ပေါင်းများစွာသားသမီးများကို လိုလားတောင့်တခဲ့သော သူ၏မိဘနှစ်ပါး သည် သံဖရန်စစ်အစီစီ၏ကြားဝင်ဆုတောင်းပေးခြင်းဖြင့်၊ သားလေးတစ်ယောက်ကိုမွေး ဖွားနိုင်ခဲ့သောကြောင့် သူတို့၏သားလေးကို“ ဖရန်စစ်” ဟုအမည်ပေးခဲ့လေသည်။ ဖရန်စစ် သည်အသက်(၁၆)နှစ်အရွယ်တွင် ပင်လယ်အနီးရှိလိုဏ်ဂူတစ်ခုထဲတွင် တောကျင့်ရသေ့ တစ်ပါးအနေဖြင့် စတင်တရားအားထုတ်ခဲ့သည်။ သူ၏သန့်ရှင်းစင်ကြယ်ခြင်းနှင့် ဘုရားတရားကြည်ညိုခြင်းတို့ကြောင့် တပည့်တပန်းအများအပြား၊ သူ့နောက်သို့လိုက်ခဲ့ ကြပြီး၊ ပထမဆုံးသော “ အငယ်ဆုံးများ” ဟူသောဂိုဏ်းဂနကိုတည်ထောင်ဖွဲ့စည်းခဲ့သည်။ ထိုအမည်နာမကိုရွေးချယ်ရခြင်းမှာ သူတို့ကိုသူတို့ဘုရားသခင်၏ အသင်းတော်၌အငယ် ဆုံးဟုရည်ညွှန်းပြသရန်ဖြစ်သည်။ သူတို့သည်အဖုံးအကာမရှိသော မြေကြီးပေါ်တွင်အိပ် စက်ခြင်းနှင့် အသားရှောင်ဝါရှောင်ခြင်းတို့ဖြင့် စည်းကမ်းတင်းကြပ်သောဘဝကို ကျင့်ကြံ နေထိုင်ခဲ့သည်။ သံဖရန်စစ်က “ ညီအစ်ကိုတို့ သက်ရှိကမ္ဘာငါတို့သည် ၀ိညာဉ်ရေးကို ကြည့်ရှုစောင်မကြရန် ချိုသာစွာဖြင့်သတိပေးပါ၏။ သေခြင်းတရားသည် သေချာသော အရာ၊ မည်သူမဆိုမလွန်ဆန်နိုင်သောအရာဖြစ်သည်။ လူ့ဘဝသည် အလွန်တိုတောင်း ပြီး၊ မီးခိုးများကဲ့သို့ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မည်” ဟု သူ၏နောက်များကို မိန့်တော်မူခဲ့သည်။

               သက္ကရာဇ် ၁၄၈၁ခုနှစ်တွင် သံဖရန်စစ်သည် သေလုနီးပါးရောဂါဝေဒနာကို ခံစားနေရသော ဒွါဿမမြောက်ဘုရင်လူးဝစ်၏ တောင်းဆိုမှုကြောင့် ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ သံဖရန်စစ်ကဘုရားကို “ ဘုရားမင်းကြီးများ၏ အသက်ပင်လျှင် အကန့်အသတ်ရှိပြီး၊ ထာဝရဘုရားသခင်တစ်ဆူတည်းသာလျှင် ထိုအသက်များကို ပိုင်ဆိုင်၏ဟုမိန့်တော်မူခဲ့သည်။ ဘုရင်လူးဝစ်သည် ရောဂါမပျောက်ကင်းသော်လည်း ဘုရားသခင်၏ရွှေလက်တော်၌ ငြိမ်းချမ်းစွာသေဆုံးသင့်သည့်အကြောင်းကို သံဖရန်စစ် ထံမှသိရှိခဲ့ရလေသည်။ ဘုရင်လူဝစ်၏ ထီးနန်းအရိုက်အရာကိုဆက်ခံသော ဘုရင် ချားလ်စ်(၈)သည် သံဖရန်စစ်ကိုသူ၏အကြံပေးအရာရှိအဖြစ်ခန့်အပ်ပြီး ပြင်သစ်ပြည်နှင့် အီတလီပြည်တို့ိတွင် ရသေ့ကျောင်းသင်္ခမ်းများကို ဆောက်လုပ်ပေးခဲ့သည်။ ပေါင်လာမြို့ မှသံဖရန်စစ်သည် သက္ကရာဇ် ၁၅ဝရခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။

 

 

 

 

Add new comment

5 + 4 =