Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စိန်ပီဦး
သံပီအူးစ်(၅) (၁၅၀၄-၁၅၇၃)
ဆရာတော်
သံပီအူးစ်(၅)ကို သက္ကရာဇ်၁၅၄ဝခုနှစ်တွင် အီတလီနိုင်ငံ ကော်ထိုနာမြို ့ အနီးတွင် ဖွားမြင်ခဲ့ပြီး သန့်ရှင်းမြင့်မြတ်သော စိတ်ပုတီးပွဲနေ့ကိုစတင်ခဲ့သူဖြစ်သည်။ ၁၅၆၆ ခုနှစ်တွင် ဆရာတော်အဖြစ်တင်မြှောက်ခြင်းခံခဲ့ရပြီး အသင်းတော်ကိုအားသွန်ခွန်စိုက် ကြိုးစား၍ ပြန်လည်ပြုပြင်ပြောင်းလဲခဲ့သည်။ သူသည် Trent ညီလာခံကြီးကို ထောက်ခံ လျက် ဆရာတော်များအား မိမိတို့၏သာသနာနယ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး များမှ လူငယ်များကို ဘုရားစကားသင်ကြားပေးရန် အကြံပေးတင်သွင်းခဲ့သည်။ ရောမ တိုင်းနိုင်ငံယိုယွင်းပျက်စီးမှုများနှင့် အာဏာရှင်များ၏ ငါနှင့်ငါ့ဆွေမျိုးများ ကောင်းစား ရေးဝါဒများ ကွယ်ပျောက်သွားပြီးနောက် ရဟန်းမင်းကြီး၏မြို ့တွင် တောပုန်း ဓါးမြများနှင့် ပြည့်တန်ဆာများမှအစပပျောက်သန့်စင်စေခဲ့သည်။ သံပီအူးစ်၏ ပြစ်မှုကျူးလွန်ခြင်းဆိုင် ရာ ဥပဒေပဒေသများသည် အလွန်တင်းကြပ်သောကြောင့် ရောမမြို ့ကို ရသေ့ကျောင်း အဖြစ်သုုိ့ ပြောင်းလဲနေသူအဖြစ်စွပ်စွဲခြင်းခံခဲ့ရသည်။ သံပီအူးစ်က ဂိုဏ်းအုပ်အဖြစ် အုပ်ချုပ်ချိန်တွင် ရဟန်းတော်များနေ့စဉ် ရွက်ဖတ်ရသောဆုတောင်း မေတ္တာစာအုပ်၊ မစ္ဆားပူဇော်ချိန်တွင် အသုံးပြုရွက်ဆိုရသောစာအုပ်နှင့် ဘုရားစကားစာအုပ်များကို ထုတ်ဝေခဲ့သည်။
သံပီအူးစ်၏ အကြီးမားဆုံးဖြစ်သော အောင်မြင်မှုမှာ “Lepanto” ၏ရေတပ်တိုက်ပွဲ ဖြစ်သော ဂရိကမ်းခြေမှ အောက်တိုဘာလ(၇)ရက် ၁၅၅၁ခုနှစ်တွင် မောင်းထုတ်ခဲ့သော ကြိုးပမ်းမှုပင်ဖြစ်သည်။ ဤအောင်မြင်မှုကား ပထမဦးဆုံးသော မွတ်ဆလင်များကို အနိုင်ယူနှိမ်နှင်းနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုအောင်မြင်မှု၌ စိတ်ပုတီးစိပ်ခြင်းမှရရှိခဲ့သော မယ်တော်သခင်မ၏ ကူညီမှိုင်းမခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ဤအောင်မြင်မှုအ ထိမ်းအမှတ်အဖြစ် သံပီအူးစ်သည် အောက်တိုဘာလ(၇)ရက်၊ မယ်တော်သခင်မ၏ စိပ်ပုတီးပွဲနေ့နှင့် ခရစ်ယာန်တို့ကိုကူညီမှိုင်းမသော သခင်မအဖြစ် မယ်တော်သခင်မ၏ လစ်တနီတွင်ထည့်သွင်းခဲ့သည်။ သက္ကရာဇ်၁၅၇၂ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပြီး ခရစ်နှစ် ၁၇၁၂ခုနှစ်တွင် သံပီအူးစ်ကို ရဟန္တာအဖြစ်တင်မြှောက်ခဲ့သည်။
Add new comment