စိန်ပက်ထရိတ်

အိုင်ယာလန်နိုင်ငံ၏တမန်တော်ဖြစ်သောစိန်ပက်ထရိတ်သည်၃၈၅-ခုနှစ်တ ွင်ဗြိတိန်နိုင်ငံတ ွင်ဖ ွားမြင်ခဲ့သည်။
အသက်(၁၇)နှစ်အရ ွုယ်တ ွင်အိုင်ယာလန်နိုင်ငံသို့ကျွန်အဖြစ်ရောင်းစားခြင်းခံခဲ့ရသည်။တောတောင်များကြားတ ွင်
ခြောက်နှစ်တိုင်တိုင်နေထိုင်ရင်းယုံကြည်ခြင်းနှင့်သန့်ရှင်းဖြူစင်ခြင်းတို့တ ွင်ရှင်သန်တိုးတက်ခဲ့သည်။ကျွန်ဘဝမှလ ွတ်မြောက်
ခဲ့ပြီးနောက်ဇာတိမြေသို့ပြန်သ ွားခဲ့သည်။အိမ်ပြန်ရောက်ပြီးမကြာခင်အိုင်ယာလန်လူမျိုးများကသူ့ကိုအိုင်ယာလန်သို့ပြန်သ ွားပြီး
သူတို့ကိုဘုရားသခင်၏တရားဒေသနာဟောကြားပေးပါရန်တိုက်တ ွန်းကြောင်းအိမ်မက်မြင်မက်ခဲ့လေသည်။၄၃၁ခုနှစ်တ ွင်
လဲရင်းစ်ရှိရ သေ့ကျောင်းတ ွင်ဘုရားဗေဒနှင့်ဘာသာရေးပညာရပ်များကိုလေ့လာသင်ကြားတတ်မြောက်ပြီးအိုင်ယာလန်နိုင်ငံသို့
သာသနာပြုရန်စေလ ွတ်ခြင်းခံခဲ့ရသည်။အိုင်ယာလန်သို့ ရောက်ပြီးနောက်တစ်နှစ်တ ွင်ရဟန်းမင်းကြီးဆဲလက်စတင်းကသူ့ကို
ဆရာတော်အဖြစ်တင်မြောက်ခဲ့သည်။
ကျွန်အဖြစ်ကျွဲန ွားများကိုထိန်းကျောင်းခဲ့ကြ သောကျွန်းတစ်ကျွန်း၏မြောက်ဘက်အရပ်တ ွင်ပထမဆုံးသာသနာပြုခဲ့သည်။
ထိုနောက်အိုင်ယာလန်တစ်နိုင်ငံလုံးသို့လှည့်လှည်ပြီးသူ၏ယုံကြည်ခြင်း၊ဘုရားသခင်၏တန်ခိုးအာနုဘော်တော်နှင့်ဘာသာပ
အများအပြားကိုဘာသာသ ွင်းနိုင်ခဲ့သည်။ဒီအ ကြောင်းကိုဘာသာပရဟန်းများကကြားသိသောအခါစိန်ပက်ထရိတ်ကိုလှံနှင့်ထိုး
သတ်ပစ်ရန်ကြံစည်ခဲ့ကြသည်။သို့ရာတ ွင်စိန်ပက်ထရိတ်ကလမ်းခရီးတ ွင်သူ့နံဘေးတ ွင်ထိုင်သောမြင်းရထားမောင်းသူ
တစ်ယောက်နှင့်နေရာချင်းလဲထိုင်လိုက် သောကြောင့်အသက်ဘေးမှလ ွတ်မြောက်ခဲ့လေသည်။သူနေရာလဲထိုင်လိုက်သော
မြင်းရထားမောင်းသူမှာစိန်ပက်ထရိတ်အတ ွက်ချိန်ရ ွယ်ထားသောလှံချက်ဖြင့်သေဆုံးခဲ့သည်။စိန်ပက်ထရိတ်၏နှစ်ပေါင်း(၃၀)
တိုင်ကြိုးပမ်းခဲ့မှုကြောင့်အိုင်ယာလန်တစ်နိုင်ငံလုံးသို့ကက်သလစ်အသင်းတော်ကြီးပျံ့နှံ့သ ွားခဲ့သည်။
၄၆၁-ခုနှစ်တ ွင်စိန်ပက်ထရိတ်သည်ကျွန်း၏အမြင့်ဆုံးနေရာဖြစ်သောအိုက်ကလီတောင်ထိပ်မှ နောက်ဆုံးအကြိမ်အဖြစ်ကောင်းချီး
ပေးခဲ့သည်။ဒီတောင်ပေါ်တ ွင်ရက်ပေါင်း(၄၀)တိုင်ခြိုးခြံဝါရှောင်ခဲ့ပြီးနောက်အနာဂတ်အိုင်ယာလန်မှာရဟန္တာများပေါ်ထ ွန်းလာ
လိမ့်မည်ဟုရူပါရုံမြင်ခဲ့သည်။သူ၏ရူပါရုံတ ွင်ဒီရဟန္တာများကသူ့ကိိုကိုယ်တော်သည်ကျွန်ုပ်တို့အားလုံးရဲ့ဖခင်ဖြစ်တယ်လို့သီချင်း
ဧကျူးနေကြ ကြောင်းကိုလည်းမြင်ခဲ့လေသည်။သူ၏ရုပ်အ လောင်းကိုသူပထမဆုံးတည်ခဲ့သောဘုရားကျောင်းဆောက်ခဲ့သော
ဖေါမြို့တ င်မြုပ်နှံသဂြိုလ်ခဲ့လေသည်။

Add new comment

1 + 0 =