စိန်ဒေါမိနစ်

သံဒေါမိနစ်        (၁၁၇၀-၁၂၂၁)

ဘုန်းတော်ကြီး

ပရေဒီကာတောရွန်း အသင်းဂိုဏ်း (Ordo Praedicatorum)ကို တည်ထောင်ခဲ့ သော သံဒေါမိနစ်သည် ၁၁ရဝခုနှစ်တွင် စပိန်နိုင်ငံ ကာလရိုးဂါ (Calaroga)မြို ့တွင် မွေးဖွားခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် အော်စမာ(Osma)မြို ့ကာသီဒရယ်၌ တာဝန်ချထားခြင်းခံခဲ့ရသည်။ ထိုနေရာ၌ သူသည်သံသြဂုတ်စတင်း (St.Augustine)၏ ဥပဒေများကို လိုက်ကျင့်ခဲ့သည်။ ၁၂၀၄ခုနှစ်တွင် ဒိန်းမတ် (Denmork)သို့သွားစဉ်တွင် လမ်း၌တောလောစ်မြို ့ (Taulous)မှ ဟိုတယ်ပိုင်ရှင်တစ်ဦးကို ပြောင်းလဲစေခဲ့သည်။ ထို့ကြောင့် ဒေါမိနစ်သည် တရားဟောခြင်းက သူ၏စိိတ်တက်ကြွမှုကို ဖြစ်စေသော အဓိကစွမ်းရည်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုနောက်တွင် သူသည်ပြင်သစ်နိုင်ငံ တောင်ပိုင်း၌ ထွန်းကားလျက်ရှိသော ဘာသာရေးဂိုဏ်းတစ်ခု (French Albigenses)ကို ပြောင်းလဲရန် စေလွှတ်ခံခဲ့ရသည်။ နှစ်အနည်းငယ်မျှ အပြင်းအထန်တရားဟောခြင်း ကြောင့်သော်လည်းကောင်း၊ သူ၏သန့်ရှင်းသောဘဝ၏ ပုံသက်သေများကြောင့်သော် လည်းကောင်း၊ လူအများအပြားကက်သလစ်ဘာသာသို့ ပြန်လှည့်လာခဲ့ကြသည်။ အယူဝါဒလွဲမှားသူများကို ဆန့်ကျင်တိုက်ခိုက်ရာ၌ အောင်မြင်မှုမရှိသော (Citeaux)မြို ့မှ ရသေ့များကို သူက“ ဓားအစား ဆုတောင်းမေတ္တာဖြင့် သင်တို့ကိုယ်ကို သင်တို့လက်နက် တပ်ဆင်ပါ။ ကောင်းသောအဝတ်အစားများအစား နှိမ့်ချခြင်းကိုယူတင်ဝတ်ဆင်ပါ” ဟု ပြောကြားခဲ့သည်။ တစ်နေ့သောအခါ သူ၏ကောင်းမွန်သော ဆုံးမသြဝါဒကို မည်သည့် စာအုပ်မှလေ့လာခဲ့သနည်းဟု မေးသောအခါ သူက “ ချစ်ခြင်းမေတ္တာစာအုပ်ကလွဲပြီး မည်သည့်စာအုပ်ကမျှ မဟုတ်” ဟုပြန်ဖြေခဲ့သည်။

သူသည် သာသနာပြုအပေါင်းအပါအနည်းငယ်နှင့်အတူ တေလော့စ်မြို ့၌ ပရေဒီ ကာတောရွန်းအသင်းဂိုဏ်းကို တည်ထောင်ခဲ့သည်။ သူ၏အဖွဲ့သားများသည် မွန်မြတ် သော စာပေလေ့လာမှုနှင့် တရားဟောခြင်းများ ပြုလုပ်ဆက်ကပ်ကြသည်။ သူတို့သည် တရားဝင်ထောက်ခံမှုကို ၁၂၁၆ခုနှစ်တွင် ရရှိခဲ့ကြသည်။ ဒေါမိနစ်သည် သူ၏ညီအစ်ကို များကို ဘုရားသခင်၏အကြောင်း သို့မဟုတ် ဘုရားသခင်နှင့်သာ စကားပြောကြရန်အ ကြံပေးခဲ့သည်။ သူသည် ကညာစင်မယ်တော်မာရီးယားကို ဂုဏ်ပြုသော အားဖြင့် လှပသောဆုတောင်းမေတ္တာဖြစ်သော မွန်မြတ်သောစိပ်ပုတီးကို စတင်အသုံးပြုခဲ့သူဖြစ် သည်။ ၁၂၁ရခုနှစ်တွင် မယ်တော်သခင်မ ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရ သောပွဲနေ့၌ သူသည်ဒေါမိနစ်ကန်အသင်းသားများသည် နေရာအနှံ့သို့စေလွှတ်ရင်း “ ကျွနု်ပ်တို့ မျိုးစေ့ ကိုသိမ်းဆည်းသိုဝှုက်မထားဘဲကြဲကြရမည်” ဟုပြောခဲ့သည်။ သူသည် ဘိုလောနာ (Bologna)မြို ့၌ အတည်တကျမနေထိုင်မီ ရောမမြို ့၌နှစ်အနည်းငယ်မျှ နေထိုင်ခဲ့သည်။ ပြင်းထန်သောတမန်တော်လုပ်ငန်းအသက်တာကြောင့် အင်အားကုန်ခမ်း၍ သူ၏သက် တော်၅၂နှစ်တွင် ဘိုလောနာမြို ့၌ ကွယ်လွန်ခဲ့သည်။

 

Add new comment

2 + 13 =