စိန်ထ ရေဇား

သူငယ်တော်ယေဇူး၏သံတာထရေဇား

ကညာစင်   (၁၈၇၃-၁၈၉၇)

သာသနာပြုများအား ကူညီမှိုင်းမသောရဟန္တာဖြစ်သည့် သံတာထရေဇားကို ပြင်သစ်ပြည် အီလန်းကွန်း (Alancon)မြို ့၌ (၁၈၇၃)ခုနှစ်တွင်ဖွားမြင်ခဲ့သည်။ သူမ၏ခေါ် တော်မူခြင်းသည် (၁၈၈၆)ခုနှစ်နာတာလူးပွဲ (Christmas)အကြိုနေ့တွင် သူငယ်တော် ယေဇူးလေးသိမ်မွေ့နက်နဲလှသော ရူပါရုံကိုရရှိခဲ့ပြီးမှ ပေါက်ဖွားလာခဲ့ရသည်။ အသက် (၁၅)နှစ်အရွယ်၌ ရဟန်းမင်းကြီး အထူးခွင့်ပြုချက်(Papal dispensation)ဖြင့်  လီဆီရု (Lisieux)ရှိ ကာမလိုက်သီလရှင်ကျောင်းသို့ ဝင်ရောက်ခဲ့သည်။ သူမဆောင်ပုဒ်အဖြစ် လက်ကိုင်ထားသောစကားမှာ “ ချစ်ခြင်းမေတ္တာဖြင့်သာလျှင် ပြန်လည်၍ပေးဆပ်နိုင် သည်။” ဟူ၍ဖြစ်သည်။ သီလရှင်ကျောင်း၌ နေ့စဉ်ကာလတစ်လျှောက်၌ သူမသည် မည် သည့်ထူးခြားသည့်အရာများကိုမျှ မပြုမူခဲ့ပေ။ သူမနေ့စဉ်ပြုမှုရသည့်တာဝန် ဝတ္တရားများ ကိုသာလျှင် သာမန်ထက်ထူးခြားသောနည်းဖြင့် တာဝန်ကျေပြွန်စွာ ဆောင်ရွက်ခဲ့သည်။ သူမသည် သမ္မာကျမ်းစာကိုဖတ်ရှုခြင်းဖြင့် ကြီးလှစွာသောနှစ်သိမ့်မှုကိုရှာဖွေကာ အခက်အခဲဒုက္ခများကို ယုံကြည်ခြင်းဖြင့် ခံယူခဲ့သည်။

ဝင်လိုသူသီလရှင်လောင်းများကို ကြည့်ရှုစောင့်ရှောက်သူ အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံရသောအခါ၌လည်း သီလရှင်လောင်းများအား နှိမ့်ချခြင်းနှင့်သန့်ရှင်းဖြူစင် ခြင်းရှိစေရန် နှုတ်အားဖြင့်သော်လည်းကောင်း၊ အပြုအမှုများနှင့်ပုံသတ်သေပြခြင်းဖြင့် လည်းကောင်း သင်ကြားပြသပေးခဲ့သည်။ သူမရေးသားခဲ့သည့် “ ၀ိညာဉ်ငယ်၏ရာဇဝင်”  “The History of a (Soul)” အမည်ရှိ ၀ိညာဉ်ရေးဆိုင်ရာ အတ္ထုပတ္တိတွင်ဖော်ပြခဲ့သည် မှာ“ ကျွနု်ပ်သည် ဘုရားသခင်အား သေးနုပ်သောအရာလေးများဖြင့် ပူဇော်နိုင်သည့် ဘာမျှမဟုတ်သော ၀ိညာဉ်ငယ်လေးပင်ဖြစ်သည်” ဟူ၍ဖြစ်သည်။

သာသနာ့အာဇာနည်တစ်ဦးအနေဖြင့် အသက်အသခေံလိုစိတ်ပြင်းပြလွန်းသည့် အတွက် သူမ၏ဘဝကို ၀ိညာဉ်များကယ်တင်ခြင်းခွင့်သာ သာသနာတော်တိုးတက်ပြန့် ပွားစေရန်ပူဇော်ခဲ့သည်။ သူမပြောကြားခဲ့သည်မှာ “ ကျွနု်ပ်သည် သံတာအာဂနတ်၏ လက္ခဏာမျိုးကို အစွမ်းကုန်ရရှိချင်သည်” ဟူ၍ဖြစ်သည်။ အကယ်၍ ထိုအရာသည် အတွေးအားဖြင့်မဖြစ်နိုင်သော ချစ်ခြင်းမေတ္တာဖြင့်ဖြစ်စေရမည်” ဟူ၍ဖြစ်သည်။ သူမ သည် (၁၈၉၇)ခုနှစ်တွင် အသက်(၂၄)နှစ်အရွယ်နှင့်ပင်ကွယ်လွန်ခဲ့သည်။ ဧဝံဂေလိအမှု တော်ပြန့်ပွားရေး သာသနာပြုလုပ်ငန်းတွင် ဆုတောင်းမေတ္တာနှင့်လုပ်ဆောင်ချက်တို့ သည် အတူတကွအပြန်အလှန်ဆက်နွယ်နေကြောင်း ဖော်ပြလိုသောအားဖြင့် (၁၉၂၇) ခုနှစ်တွင် ရဟန္တာကြီးသံဖရန်စစ်ဇေးဗီးယားနည်းတူ ရေမြေခြားသာသနာပြုများကို ကူညီ မှိုင်းမသောရဟန္တာအဖြစ် သံတာထရေဇားကို အတည်ပြုတင်မြှောက်ခဲ့သည်။

သူမပြောကြားခဲ့သည်မှာ “ ကျွနု်ပ်သိရှိသည်မှာ အသင်းတော်ကြီးဟူသော ခန္ဓာကိုယ်ကြီးသည် အမျိုးမျိုးသော အင်္ဂါအစိတ်အပိုင်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထား သည်။ ထိုအထဲတွင် ချစ်ခြင်းမီးလျှံဖြင့် တောက်လောင်နေ်သည့် နှလုံးသားတစ်ခုလည်း အပါအဝင်ဖြစ်သည်။ ကျွနု်ပ်သိရှိခဲ့သည်မှာ ထိုချစ်မေတ္တာသည် အသင်းတော်ကြီး အတွင်းရှိ ဘာသာဝင်များကို လက်တွေ့လုပ်ဆောင်ချက်အသွင်သို့ ဦးတည်စေခဲ့သည်။ ထို့ကြောင့် အကယ်၍သာ ထိုချစ်ခြင်းမေတ္တာမီးလျှံသာချုပ်ငြိမ်းပျောက်ပျက်သွားပါက တမန်တော်ကြီးများလည်း ဧဝံဂေလိတရားတော်ကို ဟောပြောဝေငှတော့မည်မဟုတ်။ ထိုနည်းတူစွာ သာသနာ့အာဇာနည်တို့၏ သွေးသည်လည်းပြောစရာအကြောင်းရှိတော့ လိမ့်မည်မဟုတ်ပေ” ဟူ၍ဖြစ်သည်။

 

 

 

Add new comment

9 + 7 =