စိန်စီစီလျား

သံတာစီစီလျား (၂ရာစု)

အပျိုကညာစင်နှင့် ဓမ္မအာဇာနည်

တေးဂီတပညာရှင်များကို ကူညီစောင့်ရှောက်တော်မူသော သူတို့၏အားကိုးရာ သံတာစီစီလျားသည် ရောမမြို ့ဂုဏ်သရေရှိမိသားစုမှ ၂ရာစုတွင်မွေးဖွားလာသည်။ ကညာစင်ဘဝဖြင့် တစ်သက်လုံးနေထိုင်သွားရန် ဂတိသစ္စာပြုသော်လည်း သူ့မိဘများ၏ အတင်းအဓမ္မစေခိုင်းခြင်းကြောင့် ဂုဏ်သရေရှိသော ဗါလေရီယန်း (Valerian)နှင့် လက်ထပ်သည်။ မင်္ဂလာအခမ်းအနားကျင်းပနေစဉ်မှာပင် စီစီလျားသည် သီးသီးသန့် သန့်ထိုင်ပြီး စိတ်နှလုံးထဲမှ ဘုရားသခင်ကိုသီချင်းဆိုခဲ့သည်။ ထို့ကြောင့်လည်း နောက် ပိုင်းတွင်တေးဂီတပညာရှင်များ၏ ရဟန္တာအဖြစ်ကြေညာခြင်းခံရသည်။ သူတို့သည် အခန်းထဲသို့အနားယူကြသောအခါ စီစီလျားသည် ဗါလေရီယန်းကိုပြောင်းလဲစေပြီး ကိလေသာကာမဂုဏ်ကို ချုပ်တည်းရန်သဘောတူကြသည်။ ဗါလေရီယန်းသည် ဆေးကြောခြင်းမင်္ဂလာခံပြီးသောအခါ သိကြားမင်းတစ်ပါးသည် စီစီလျား၏အနားမှာရပ် နေကာနှင်းဆီပွင့်နှင့် နှင်းပန်းပွင့်များဖြင့် သီကုံးထားသောသရဖူကို သူမ၏ဦးခေါင်းပေါ်၌ ဆောင်းပေးနေသည်ကို မြင်ရသည်။

စီစီလျားသည် သူမ၏ခဲအိုဖြစ်သော ဗါလေရီယန်း၏ညီတီဘူးရ်အူးစ် (Tiburtius) ကိုလည်းပြောင်းလဲစေခဲ့သည်။ ၁၉၂ခုနှစ်တွင် ကွန်မိုးဒပ်စ် (Commodus)က အသင်း တော်ကို ညှဉ်းဆဲသောအခါ သူတို့ညီအစ်ကိုနှစ်ယောက်သည်လည်း ပါဂူးစ်ထရီအို ပီအူးစ် (Pagus Tiriopoius)ဟုခေါ်သော ရောမမြို ့မှကီလိုမီတာအနည်းငယ်သာ ဝေးသောနေရာတွင် တရားတော်အတွက်အသေခံကြသည်။ သူတို့သေပြီးမကြာမီတွင် စီစီလျားလည်းအဖမ်းခံရသည်။ ဘုရင်ခံမင်းကြီးအာလ်မာခီအူးစ် (Prefect Almachius) ၏ရှေ့မှောက်တွင် သူမ၏ယုံကြည်ခြင်းကို မှန်ကန်ကြောင်းအခိုင်အမာပြောဆိုပြီးသော အခါ လည်ပင်းတွင်သုံးချက်တိတိအရိုက်ခံရပြီးသေလုမျောပါးဖြင့် ထားရစ်ခြင်းခံရသည်။ အလောင်းတော်သည် စိန်ကာလစ္စတူးစ်၏ မြေအောက်သင်္ချိုင်းဂူတွင် မြုပ်နှံသင်္ဂြိုလ်ခြင်း ခံရပြီးနောက်ပိုင်းတွင် ထရားစ်ထဲဗဲရဲ (Trastevere)ရှိ စိန်စီစီလျားဘုရားကျောင်းတွင် ရွှေ ့ပြောင်းထားသည်။ ၁၅၉၉ခုနှစ်တွင် သူမ၏အလောင်းတော်သည် မပျက်စီးမပုပ်သိုးပဲ အိပ်ပျော်နေသည့် ပုံပန်းသဏ္ဍာန်ဖြင့်တွေ ့ရသည်။

Add new comment

1 + 0 =