စိန်ဂျွန်မေရီဗီယားနေ ရဲ့ပွဲနေ့

စိန်ဂျွန်မေရီဗီယားနေ ရဲ့ပွဲနေ့

ဒီနေ့ဟာ စိန်ဂျွန်မေရီဗီယားနေ ရဲ့ပွဲနေ့ဖြစ်ပါတယ်...

ကျောင်းထိုင်ဘုန်းတော်ကြီး များကို ကူညီမှိုင်းမသော ရဟန္တာ ဖြစ်ပါတယ်...

ကိုယ့်ရဲ့ ကျောင်းထိုင် ဘုန်းတော်ကြီး များအတွက် ဆုတောင်းပေးကြပါစို့။

အထူးသဖြင့် စိတ်ဓာတ်ကျအားငယ်နေတဲ့ ရဟန်းတော်များ..

မကျန်းမာသော ရဟန်းတော်များ

ဒုက္ခ ရောက်နေသော ရဟန်းတော်များ

အခက်အခဲနဲ့ရင်ဆိုင်နေရသော ရဟန်းတော်များ အားလုံးအတွက် သတိရဆုတောင်းပေးကြစို့.....

သူ့အဆိုအမိန့်များ....

{"ကားတိုင်ကို လက်ခံပါ။ သတ္တိရှိစွာ ခံထမ်းတယ်ဆိုရင် ကားတိုင်က သင့်ကို ကောင်းကင်အရောက်သယ်ဆောင်သွားမှာပါ။"

"လူတွေအကြောင်းသိလာလေလေ၊ လူတွေကိုချစ်တာ နည်းလေလေဖြစ်တယ်။ ဒါပေမယ့် ဘုရားနဲ့တော့ဆန့်ကျင်ဘက်ပဲ။ ဘုရားကို ပိုသိလာလေလေ၊ သူ့ကို ပိုချစ်လာလေလေပါပဲ။"

"ဘုရားကကိုယ့်ဆီကနေ တစ်စုံတစ်ခုကိုတော့ အမြဲတမ်းအသုံးပြုတယ်"}

 

ဘုန်းတော်ကြီးတွေရဲ့ ပွဲနေ့ (စိန့်ဂျွန်းမေရီဗီယာနေ၏ပွဲနေ့) မိတ်ဆွေများနဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ဘုန်းတော်ကြီးတွေအတွက် သတိရ ဆုတောင်းပေး ပါ

ဆုတောင်းကြစို့

" အိုမြတ်စွာ ဘုရားသခင်၊ သူတို့၏ တစ်ဘဝလုံးကို ဆက်ကပ်ကာ ကိုယ်တော်၏ သာသနာတော်၌ အမှုထမ်း နေကြသည့် ဘုန်းတော်ကြီးများ အားလုံးကို ဘေးရန်အပေါင်းမှ ကာကွယ်တော်မူပါ။...

(ကိုဗစ်ကပ်ရောဂါကြောင့် ပျံလွန်သွားသူများကိုလည်း ကိုယ်တော်နှင့်အတူ ငြိမ်းချမ်းသာယာသည့် ကောင်းကင်နိုင်ငံသို့ ဝင်စေ တော်မူပါ။)

ဘုန်းတော်ကြီးများ အားလုံးကိုလည်း...

*သူတို့၏ ယုံကြည်ခြင်းနှင့် သွန်သင်ချက်များကို သိနားလည်နိုင်သည့် (ဦးနှောက်) မှတ်ဉာဏ်၊

*ဘုရားသခင်အား ကျွန်ုပ်တို့၏ တောင်တမှုများကို မြင်နိုင်သည့် (အမြင်အာရုံ)မျက်စိ၊

*ကျွန်ုပ်တို့၏ အပြစ်များကို ကြားသိနိုင်သည် နား၊

*ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်သကဲ့သို့ ချစ်တတ်စေမည့် နှလုံးသား၊

*သခင်ယေဇူးနှင့် အတူတကွ ကားတိုင်ထမ်းနိုင်သည့် ပခုံးများ၊

*ကောင်းကြီး မင်္ဂလာပေးပြီး သန့်စင်စေမည့် လက်များ၊

*သူတို့အား ဘုရားသခင် စေလွှတ်သည့် နေရာများတွင် သွားရောက်နိုင်သည့် ခြေထောက်၊

...စသည်တို့ကို ကောင်းကြီးပေးလျက် သန့်ရှင်း ကျန်းမာစေကာ ခွန်အားရှိ စေသဖြင့် သူတို့သည် ကိုယ်တော်၏ ဘုန်းဂုဏ်းတော်အတွက် အသက်ဆုံးတိုင် တည်မြဲစွာ အမှုဆောင် နိုင်စေတော်မူ ပါမည့်အကြောင်း ကိုယ်တော်၏ တစ်ပါးတည်းသော သားတော် သခင်ယေဇူး၏ နာမတော်မြတ်ကို အမှီပြုလျက် တောင်းလျှောက် ကြပါသည်။

အာမင်။

Crd: ထန်းဟာ, SJ and RVA K’Cho Service

Photo from google

Add new comment

9 + 5 =