စိန်ဂျော့

သံဂျော့
ဓမ္မအာဇာနည် (+၃၀၃)
အင်္ဂလန်နိုင်ငံကို ကာကွယ်စောင့်ရှောက်သူသံဂျော့သည် ကက်ပါဒိုဂျီယာ (Cappadocia)မြို့ မှ ခရစ်ယာန်သူရဲကောင်းတစ်ဦးဖြစ်သည်။ တစ်နေ့တွင် သံဂျော့သည် ကြောက်မက်ဖွယ်နဂါးတစ်ကောင်၏ ခြောက်လှန့်မှုကိုခံနေရသည်။ လစ်ဗျာ(Libya)နိုင်ငံ ရှိဆီလင်း (Sylene) ဟူသောမြို ့သို့မမျှော်လင့်ပဲရောက်ရှိခဲ့သည်ဟု ထုံးတမ်းအစဉ်အ လာကဆိုထားသည်။ မြို ့သူမြို ့သားများက ထိုကြောက်မက်ဖွယ်ကောင်းသော နဂါးထံ နေ့စဉ်နေ့တိုင်း သိုးနှစ်ကောင်စီပူဇော်ဆက်သခဲ့ကြရသည်။ သို့သော် သိုးနှစ်ကောင်စီ နေ့တိုင်းနေ့တိုင်းဆက်သရသောကြောင့် သိုးများတစ်နေ့တစ်ခြားရှားပါလာလေသည်။ ထို့ကြောင့် သိုးအစားလူတစ်ဦးစီဆက်သခဲ့ကြရပြန်သည်။ ထိုကဲ့သို့ယဇ်ပူဇော်ပသရန် လူကိုမဲနှိုက်ပြီးရွေးချယ်ခဲ့သည်။ တစ်နေ့တွင် ထိုမဲလိပ်သည် ဘုရင်၏သမီးတော်ထံသို့ ကျရောက်ခဲ့သည်။ သူမ၏နေရာတွင် မည်သူမျှအစားထိုးအသေမခံချင်ပေ။ ထိုကြောင့် ဘုရင့်သမီးတော်သည် နဂါး၏အစာအဖြစ်အသေခံရန် ထွက်ခွာသွားခဲ့လေသည်။ သို့ သော်သံဂျော့သည် သူ၏လှံဖြင့်နဂါးကိုသတ်ပစ်ပြီး သူမကိုေုသဘေးမှလွတ်မြောက်စေ ခဲ့သည်။ ဘုရင်က သူ့သမီးတော်ကိုကယ်တင်ခဲ့သည့် သံဂျော့ကို ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာများ ရက်ရောစွာပေးကမ်းစွန့်ကြဲခဲ့သည်။ သို့သော် သံဂျော့ထိုလက်ဆောင်ပစ္စည်း များအားလုံးကို သူ့အားပေးမည့်အစား ဆင်းရဲသားများကိုပေးလိုက်ရန် ညွှန်ကြားခဲ့သည်။ သံဂျော့သည် ထိုသို့လုပ်လိုက်ခြင်းကြောင့် လူသူအများအပြားက ခရစ်ယာန်ယုံကြည် ခြင်းကို ရင်ဝယ်ထွေးပိုက်ကာ ဆေးကြောခြင်းမင်္ဂလာကိုခံယူခဲ့ကြသည်။
    သက္ကရာဇာ် ၃၀၃ခုနှစ်တွင် ရက်စက်ကြမ်းကြုတ်သော ခရစ်ယာန်များကို နှိပ်စက်ညှုင်းပန်းမှုကြီးစတင်ခဲ့သည်။ ထိုသို့ညှင်းပန်းနှိပ်စက်မှုကြေင့် ဘာသာသူအချို ့က ခရစ်ယာန်ဘာသာယုံကြည်ခြင်းကို စွန့်လွတ်ခဲ့ကြသည်။ ထိုအဖြစ်အပျက်ကိုမြင်သော သံဂျော့သည် သူ၏ခရစ်ယာန်ယုံကြည်ခြင်းကို လူသိရှင်ကြားဖွင့်ဟကြေငြာရန် ပါလက်စတိုင်းနိုင်ငံ ဒီယိုစပိုလစ် (Diospolis)မြို ့ရှိ လူထုကြားသို့ ရဲဝင့်စွာသွားရောက် ခဲ့သည်။ ရောမတပ်မတော်အရာရှိ ဒါစီယာနွတ်(ခ)(Datianus)က သူ့ကိုတင်းပုတ်ဖြင့် ရိုက်နှက်ပြီး နီရဲပူလောင်သောသံများဖြင့် ညှင်းပန်းနှိပ်စက်ခဲ့သည်။ နောက်ဆုံးသူ့ကို ခေါင်းဖြတ်သတ်ပစ်ခဲ့သည်။ သံဂျော့သည် အင်္ဂလန်ပြည်ကိုကာကွယ်စောင့်ရှောက်သော ရဟန္တာ သခင်ခရစ်တော်အတွက် ၀ိညာဉ်ရေးတိုက်ပွဲဝင်သောသူများကို ကူညီမှိုင်းမ သောရဟန္တာတစ်ပါးဖြစ်ခဲ့သည်။

Add new comment

5 + 3 =