စိန်ဂျိုးဇက်

 

သံဂျိုးဇက် (မယ်တော်မာရီးယား၏ခင်ပွန်းတော်)

ပထမရာစုနှစ်

ကညာစင်မာရီးယား၏ ခင်ပွန်းတော်၊ သခင်ယေဇူး၏ မွေးစားဖခင်ဖြစ်သော သံဂျိုးဇက်သည် ဒါ၀ိဒ်မင်း၏အမျိုးအနွယ်ဝင်တစ်ဦးဖြစ်သည်။ သံဂျိုးဇက်သည် နာဇရက် မြို့ကလေးတွင်နေထိုင်သော လက်သမားအလုပ်လုပ်ကိုင်လျှက်ရှိပြီး၊ တစ်ချိန်တည်းမှာ ပင်မာရီယားနှင့် လက်ထပ်ရန်စေ့စပ်ကြောင်းလမ်းထားသူဖြစ်သည်။ ရှေးဓလေ့ထုံးတမ်း အစဉ်အလာသမိုင်းမှတ်တမ်းများအရ သံဂျိုးဇက်သည် မာရီယားကိုလက်ထပ်ရန်ပိုးပန်း သူအများအပြားကြားမှ ရွေးနှုတ်ခြင်းခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏တောင် ဝှေးမှ နှင်းပန်းများဖူးပွင့်ခဲ့သောကြောင့်ဖြစ်သည်။ မာရီယားသည် သံဂျိုးဇက်နှင့်စေ့စပ် ထားသောနှစ်မှာပင်၊ ပဋိသန္ဓေစွဲခဲ့လေသည်။ အလွန်ရိုးသားဖြောင့်မတ်သောဂျိုးဇက် သည်၊ ထိုအကြောင်းအရာကိုသိရှိသောအခါ သူမအကြောင်းကို လူဘုံအလယ်မှာအ ရှက်တကွဲ ထုတ်ဖော်ပြောကြားရန်ထက် သူမကိုတိတ်တိိတ်ကလေးကွာရှင်းပြစ်ရန် ဆုံးဖြတ်ခဲ့လေသည်။ ဂျိုးဇက်ကား ဤသို့ကြံစည်နေစဉ်တစ်ညတွင် အိမ်မက်ထဲ၌ကောင်း ကင်တမန်တစ်ပါးက သူ့ထံလာပြီး “ ဒါ၀ိတ်၏အမျိုးဂျိုးဇက်၊ သင်၏ဇနီးမာရီယားကို ထိန်းသိမ်းရမည့်အခွင့်ကိုမကြောက်ပါနှင့် ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော် ကြောင့်ဖြစ်၏” ဟူ၍မိန့်တော်မူလေသည်။ ဂျိုးဇက်သည် အိပ်ပျော်ရာမှနိုးလျှင် ထာဝရ ဘုရား၏ ကောင်းကင်တမန်မှာထားသည့်အတိုင်း မာရီယားကိုသူ၏အိမ်မက်၌ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့လေသည်။

               ဘက်သလေဟင်မြို့သို့ သန်းခေါင်စာရင်းထည့်ရန်သွားရောက်သောအချိန်တွင် မာရီယားသည် ကယ်တင်ရှင်မက်ဆီးယားသခင်ကို ဖွားမြင်ခြင်းခံလေသည်။ ထို့နောက် အရေပြားလှီးခြင်း မင်္ဂလာခံယူရန်ရှစ်ရက်ပြည့်သောနေ့တွင် သံဂျိုးဇက်က သူ့၏သား တော်ကို “ ယေဇူး” ဟုအမည်ပေးလေ၏။ ပညာရှိိမင်းသုံးပါးလည်း၊ သူငယ်တော်ကိုလာ ရောက်ဖူးမြော်ကြလေသည်။ ထိုပညာရှိ မင်းသုံးပါးပြန်သွားကြပြီးနောက် ဂျိုးဇက်သည် အိမ်မက်ကိုမြင်သည်မှာ ထာဝရဘုရား၏ကောင်းကင်တမန်တော်သည် ထင်ရှား၍ “ ထ လော့၊ မယ်တော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင် အဲဂုတ္တုပြည်သို့ပြေး၍ တဖန်ငါ ပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းသည် သူငယ်တော်ကိုသက်အံ့ သောငှါရှာလိမ့်မည်” ဟုဆိုလေ၏။ (မဿဲ  ၂း၁၃) ထိုအခါ ဂျိုးဇက်သည်ထ၍ မယ်တော် နှင့်သူငယ်တော်ကို ညဉ့်အချိန်၌ဆောင်ယူပြီးှလျှင် အဲဂုတ္တုပြည်သို့ထွက်ခွာလေ၏။ နှစ်အ တန်ကြာ၍ ဟေရုဒ်မင်းအနိစ္စရောက်ပြီးနောက်၊ ဂျိုးဇက်သည်အိမ်မက်ကို မြင်မက်ပြန် သည်မှာ ကောင်းကင်တမန်ကသူ့အား နာဇရက်မြို့ သို့ပြန်သွားရန် ညွှန်ကြားလေ၏။ သံဂျိုးဇက်၏လမ်းညွှန်သင်ကြားမှုကြောင့် ယေဇူးသည်ပညာပါရမီများနှင့် လက်သမား ပညာကိုတတ်မြောက်ခဲ့လေသည်။

               စိန်ဂျိုးဇက်ကိုအသင်းတော်က ကောင်းသောသေခြင်းနှင့် သေနိုင်ရန်အတွက် ကူူညီမှိုင်းမသောရဟန္တာအဖြစ် သတ်မှတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မယ်တော်မာရီယားနှင့် သခင်ယေဇူးတို့၏ကူညီမှုကြောင့် ခိုင်မာသောယုံကြည်ခြင်းနှင့် စိတ်နှလုံးချမ်းမြေ ့စွာကွယ်လွန်ခဲ့သောကြောင့်ဖြစ်သည်။ သမိုင်းမှတ်တမ်းအရသံဂျိုးဇက် သခင်ယေဇူး၏ တရားဒေသနာတော်ဟောကြားခြင်းအချိန်မတိုင်မှီ မတ်လ(၁၉)ရက်နေ့ တွင်ပျံလွန်တော်မူခဲ့ကြောင်းသိရှိရသည်။ ဘုရား၏မယ်တော် မာရီယား၏ဘဝလုံခြုံမှုအ တွက် သံဂျိုးဇက်ကသူ၏ဘဝတစ်ခုလုံးကို ပုံအပ်ခဲ့သောကြောင့် သူသည်အပျိုကညာစင် ဘဝကိုကာကွယ်စောင့်ရှောက်သော ရဟန္တာလည်းဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာအ သင်းတော်ကို ကာကွယ်သောရဟန္တာအဖြစ် အသင်းတော်က သတ်မှတ်ခဲ့လေ၏။ သံဂျိုးဇက်၏ အမည်နာမမြတ်ကိုခေါ်၍ သူ့ကိုအားကိုးအားထားသောသူဟူသမျှကို အမြဲ ကူညီစောင့်ရှောက်သောရဟန္တာဖြစ်သည်။

 

 

Add new comment

6 + 4 =