စိန်ကသရင်း (ဒိုမီနီကန်) -စီရေနာမြို့သူ

စိန်ကသရင်း (ဒိုမီနီကန်) -စီရေနာမြို့သူ

- သူမဘ၀သည် ခရစ်တော်ပါဟု လုံးဝကြွေးကြော်သက်သေခံနိုင်သူဖြစ်ပြီး ခရစ်တော်နှင့်တလုံးတ၀တည်း အသက်ရှင်နေထိုင် စံပြရဟန္တာမ။

-ခရစ်တော်၏ဝေဒနာများကို မျှဝေခံစားသူဖြစ်ပြီး ကိုယ်တော်၏ဒဏ်ရာတော် ၅ချက်ကို ရရှိခဲ့သူ။

-အလွန်ထူးခြားသော ရူပါရုံဘ၀အသက်သာများဖြင့် ပြည့်နက်နေပြီး စာပေမရေးတတ်၊ မဖတ်တတ်သော်လည်း စာပေါင်းများစွာကို ရေးသားခဲ့သူ (သူမနှုတ်မရွတ်၍ တပည့်သည် လိုက်ရေးဟန်တူသည်)

-အသင်းတော်အတွင်း ပုပ်ရဟန်းမင်းကြီးများအပြိုင်ပေါ်ပေါက်နေချိန် ရွေးကောက်ခံအစစ်အမှန် ပုပ်ရဟန်းမင်းကြီးအား ရောမမြို့သို့ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သူ။

-အသင်းတော်အား ပြန်လည် တည့်မတ်ပေးနိုင်ခဲ့သူ။ (ပုပ်ရဟန်းမင်းကြီးအပြိုင်ပေါ်ထွန်းချိန် တစ်ပါးတည်းသာလျှင် ဖြစ်ရန်နှင့် စံနန်းရာနေရာကို ဗာတီကန်သာလျှင်ဟု ဗျာဒိတ်တော်နှင့် တည့်မတ်ပေးနိုင်ခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။)

-အသင်းတော်အား အလွန်ချစ်မြတ်နိုးသူ။ . . .

-ဒီနေ့ စိန်ကက်သရင်းပွဲနေ့ ညနေ ၉ နာရီမှာ တကမ္ဘာလုံးခံစားနေရသော ကိုရိုနာရောဂါကပ်ဘေးမှ အမြန်ဆုံးလွတ်မြောက်ဖို့ ဒိုမီနီကန်အသင်းဂိုဏ်းကြီးတစ်ခုလုံးဟာ Rosary Rally ဖွဲ့ပြီး ဆုတောင်းမှာဖြစ်ပါတယ်။ စိန်ကက်သရင်း၏ပွဲတော်နေ့တွင် အမည်ခံယူသူများနှင့် ဒိုမီနီကန်များအားလုံးကို ပျော်ရွှင်သောပွဲတော်နေ့ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။ (ပုံ - ၎င်းဆင်းတုမှာ ဗာတီကန်အ၀င် Sant'Angelo ရဲတိုက်အနားတွင် ရှိသည်။)

ဒိုမီနီကန်ကိုရင်

#Dominicankoyin

Add new comment

12 + 0 =