စိန့် ဧလိဇဘက်နှင့် စိန့် ဇာခရိ(ယ)

စိန့် ဧလိဇဘက်နှင့် စိန့် ဇာခရိ(ယ)

နိုဝင်ဘာလ၊ ၅ရက်

"စိန့် ဧလိဇဘက်"နှင့် "စိန့် ဇာခရိ"တို့ဟာ နောက်ဆုံးပရောဖက်လို့ တင်စားထားတဲ့ ဆေးကြောခြင်းကိုပေးတဲ့ "သံယောဟန် ဗတ္တီးစ်တား"ရဲ့ မိဘများဖြစ်ပါတယ်။ "စိန့် ဧလိဇဘက်" က မယ်တော်သခင်မနဲ့ ဆွေမျိုး တော်စပ်တယ်လို့ ဆိုပေမယ့်လည်း မည်သူတစ်ဦး တစ်ယောက်ကမှ သူတို့အကြား မျိုးရိုးဗီဇဆိုင်ရာ ဆက်နွယ်မှုကို အတိအကျ မသိရပေမယ့် အစဉ်အလာအရ သူတို့နှစ်ဦးဟာ ဝမ်းကွဲ‌တော်ကြတယ်လို့ ဆိုကြပါတယ်။

"ရှင် လုကာ ဧဝံ‌ဂေလိကျမ်းစာ" ထဲမှာ "ဧလိဇဘက် (Elizabeth)" ဟာ ဘုရားသခင့် မျက်မှောက်တော်မှာ မကောင်းမှုကို မပြုခဲ့ပေမယ့်လည်း မြုံနေခဲ့ကြောင်း ရေးသားထား‌တာ ဖတ်ရပါတယ်။ ကောင်းကင်တမာန် "ဂါဗြဲအဲလ်(Gabriel)" က သူမရဲ့ခင်ပွန်း "ဇာခရိ"ကို ဗိမာန်တော်မှာ သားယောက်ျားပေးမယ်လို့ ဗျာဒိတ်တော် ပေးတဲ့အချိန်မှာ "ဧလိဇဘက် (Elizabeth)"က အသက်ကြီးတဲ့ အရွယ်ဖြစ်နေခဲ့ပေါ့။

သခင်ခရစ်တော်ဟာ မယ်တော်သခင်မရဲ့ ဝမ်းဗိုက်ထဲမှာ ပဋိသန္ဓေ တည်နေတဲ့အချိန်၊ မယ်တော်က "ဧလိဇဘက် (Elizabeth)" ကို နှုတ်ဆက်တဲ့အချိန်မှာတော့ "ဧလိဇဘက် (Elizabeth)" ရဲ့ ဝမ်းဗိုက်ထဲမှ ရင်သွေးငယ်လေးက မယ်တော်ရဲ့ နှုတ်ဆက်စကားကြောင့် ခုန်မြူးနေတာ ခံစားခဲ့ရတဲ့အချိန်မှာ "ဧလိဇဘက် (Elizabeth)" ဟာ မယ်တော်ကို ဂုဏ်ပြုခဲ့တယ်။ သူမရဲ့ ဂုဏ်ပြုတဲ့ "ဂုဏ်ကျေးဇူးတော်မေတ္တာ" စကားကြောင့် လူသိများပြီး ကျော်ကြားခဲ့သူဖြစ်တယ်။ ဒါပေမဲ့ သားဖြစ်သူ "ယောဟန်ဗတ္တီးစ်တား" မွေးဖွားခြင်းနှင့် အရေဖျားလှီးခြင်း အပြီးမှာတော့ သမ္မာကျမ်းစာထဲမှာ သူမရဲ့အကြောင်းကို ထပ်မံဖော်ပြထားခြင်း မရှိပါဘူး။

ကောင်းကင်တမာန် "ဂါဗြဲအဲလ်" က "ဧလိဇဘက် (Elizabeth)" ကို "အစ္စရာအဲလ်" အမျိုးသားအများတို့ကို သူတို့ရဲ့ဘုရားသခင် ထာဝရဘုရား အထံတော်သို့ ပြန်ခေါ်ယူမည့် သားယောက်ျားကို ဘွားမြင်မည့်အ‌ကြောင်း ကြေငြာတဲ့အခါ "ဇာခရိ" ဟာ ဗိမာန်တော်ထဲမှာ ယဇ်ပူဇော်ဆုတောင်းနေခဲ့တယ်။ ကောင်းကင်တမာန်ရဲ့ စကားကို "ဇာခရိ(Zachariah)" ကြားသိရတဲ့အခါ အသက်အရွယ် အိုမင်းရင့်ရော်မှုကြောင့် "ဧလိဇဘက် (Elizabeth)" သည် ကလေးရဖို့ သံသယဖြစ်ခဲ့လို့ "ဇာခရိ" ဟာ စကားမပြောနိုင်ဘဲ ဆွံ့အသွားခဲ့ပါတယ်။

သူ ဗိမာန်တော်မှ ထွက်လာတဲ့အခါ စကားမပြောနိုင်တော့တာကြောင့် လူတွေက သူ့ကို ဗျာဒိတ်ရူပါရုံကို မြင်ပြီဖြစ်ကြောင်း ရိပ်မိခဲ့ကြပါတယ်။ "ဇာခရိ (Zachariah)" ရဲ့အ‌ကြောင်းကိုလည်း သူ ဘာလုပ်ခဲ့တယ်? သူ ဘယ်အချိန်မှာ ကွယ်လွန်သွားခဲ့တယ်? ဆိုတာ‌တွေ မှတ်တမ်းတင်ထားတာ မတွေ့ရပေမယ့် နောက်ဆုံး သူ့ကြောင်းကို မွေးကင်းစ သူ့ရဲ့ တစ်ဦးတည်းသောသားလေး "ယောဟန် (John)" အမည်ကို ရေးတဲ့အချိန်မှသာ စကားပြောနိုင်ကြောင်းထိသာ ဖော်ပြထားပါတယ်။

စိန့် အယ်လီဇဘက်နှင့် စိန့် ဇာခရိ(ယ) အမည်ခံပုဂ္ဂိုလ်များအားလုံး ဘုရားရှင်ရဲ့ ဆုကျေးဇူး အထူးခံစားရရှိကြပါစေ။

Credit to TO_BE_HUMAN

#Saint_of_the_day

 

Add new comment

19 + 0 =