စိန့် အဲန်ဒရူး ဒုန်းလားခ် ( St. Andrew Dung-Lac) နှင့် အပေါင်းအဖော်များ

စိန့် အဲန်ဒရူး ဒုန်းလားခ် ( St. Andrew Dung-Lac) နှင့် အပေါင်းအဖော်များ

ပွဲနေ့ - နိုဝင်ဘာလ၊ ၂၄ ရက်

 

ပုပ်ရဟန်းမင်းကြီး "ဂျွန်ပေါ်လ် ၂ (John Paul II)" က ၁၉ ရာစုတွင် "ဗီယက်နမ်းနိုင်ငံ (Vietnam)" မှာ ကက်သလစ်ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ကြသည့် ဓမ္မအာဇာနည် ၁၁၇ ပါးကို ရဟန္တာအဖြစ် တင်မြောက်ပေးခဲ့ပါတယ်။

 

၎င်းအုပ်စုထဲမှာ "ဗီယက်နမ်နိုင်ငံသား (Vietnamese)" ၉၆ ဦး၊ "စပိန်နိုင်ငံသား (Spaniards)" ၁၁ ဦး၊ "ပြင်သစ်နိုင်ငံသား (French)" ၁၀ ဦး ပါဝင်ခဲ့ကြတဲ့အထဲက၊ အုပ်စုရှစ်ခုဟာ ဂိုဏ်းအုပ် ဆရာတော်ကြီးများဖြစ်ပြီး၊ ငါးဆယ်မှာ ဘုန်းတော်ကြီးများဖြစ်ကာ၊ ကိုးနှစ်သား ကလေးတစ်ယောက် အပါအဝင် ၅၉ ဦးဟာ ယုံကြည်သူများ ဖြစ်ကြပါတယ်။

 

ဘုန်းတော်ကြီးတချို့ဟာ "ဒိုမီနီကန် (Dominicans)" ဘုန်းကြီးများဖြစ်ပြီး၊ အခြားသူတွေကတော့ "ပဲရီးစ်သာသနာအဖွဲ့အစည်း" မှ သာသနာ့ဘုန်းတော်ကြီးများ ဖြစ်ပါတယ်။

 

ဒီပွဲတော်နေ့နှင့် ဓမ္မအာဇာနည်များရဲ့ အသက်ပေး သက်သေခံမှုတွေဟာ ခရစ်ယာန်များအား သတ်ဖြတ်ခြင်းသမိုင်းမှာ အဆိုးရွားဆုံး တစ်ခုဖြစ်တဲ့ ဗီယက်နမ်ဘုရားကျောင်းအပေါ် ကျရောက်ခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို သက်သေထူခြင်းပဲဖြစ်ပါတယ်။

# # # # # # # # # # # # # # # # #

ကြယ်စင်လေး (SJA)

Ref: CNA

Add new comment

6 + 2 =