စိန့် အက်ဝါးဒ် အောက်တိုဘာ ၁၃ ရက်

စိန့် အက်ဝါးဒ် အောက်တိုဘာ ၁၃ ရက်

စိန့် အက်ဝါးဒ်ကို (၁၀၀၃) မှာ မွေးဖွားခဲ့ပါတယ်။ နော်မန်ဒီ (Normandy) ဘုရင်၏သားဖြစ်ပြီး အင်္ဂလန်ဘုရင်အက်ဒမန် အိုင်ရင်းဆိုက် (Edmund Ironside)ရဲ့ တူ‌ဖြစ်တယ်။

သူဟာဒိန်းမတ်လူမျိုးများ အင်္ဂလန်ကိုထိန်းချုပ်ပိုင်ခွင့် ရသည့်အချိန်၊ အသက် ၁၀ နှစ်မှစ၍ နော်မန်ဒီတွင်ပြည်နှင်ဒဏ်ပေးခံရင်း ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။

အစောပိုင်းသူ့ရဲ့ဘဝမှာ ကြုံတွေ့ရတဲ့ ဆုံးရှုံးမှုအတွေ့အကြုံနှင့်အတူ ကြီးပြင်းလာခဲ့တဲ့သူဖြစ်ပေမဲ့ နောက်ပိုင်းမှာ သူ့ရဲ့ စိတ်အားထက်သန်သော ဘာသာရေးဘာသာတရား ကိုင်းရှိုင်းမှုကြောင့် သူဟာ လောကမှာ သူဖြစ်ချင်ခဲ့ဖူးတဲ့ ရည်မှန်းချက်များကို စွန့်လွှတ်ပြီးဘုရားသခင်ကို ချစ်မြတ်နိုးမှုနှင့် မိမိကိုယ်ကိုအပ်နှံခဲ့ပါတယ်။

၁၀၄၂ ခုနှစ်တွင်ဒိန်းမတ်ဘုရင် Canute သေဆုံးပြီးနောက်သူသည်အင်္ဂလန်၏ရာဇပုလ္လင်သို့ ပင့်ခေါ်ဆောင်ခံရခြင်းခံရပြီး သူကိုယ်တိုင်ကလဲ တာဝန်ဝတ္တရားကျေပွန်စွာဖြင့် လက်ခံကာ (၁၀၆၆) အထိအုပ်ချုပ်ခဲ့ပါတယ်။

သူ့ရဲ့ ရဟန္တာပါရမီဖြစ်တဲ့ စိတ်ရှည်သည်းခံခြင်းကြောင့် အုပ်ချုပ်မှုပိုင်းမှာ ကျော်စောထင်ရှားခဲ့ပြီး၊ တရားမမျှတသော အခွန်‌ကောက်မှုစနစ်ကိုပယ်ဖျက်ခဲ့ပြီး၊ လူတွေကို သူရဲ့ ထိတွေ့မှုနှင့် ကုသနိုင်စွမ်းရှိတဲ့သူလို့ လူသိများခဲ့ပါတယ်။

သူဟာ ဖြူစင်ခြင်း ကတိသစ္စာကို ခံယူခဲ့ပေမဲ့လည်း နောက်ပိုင်း သူ့ရဲ့ နိုင်ငံတော်အတွက်အိမ်ထောင်ပြုဖို့ လက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိဖုရားနှင့်အတူ မောင်နှင့်နှမသဖွယ် နေထိုင်ခဲ့ကြပါတယ်။

သူဟာ ပုပ်ရဟန်းမင်းကြီ၏ Westminister မှာရှိတဲ့ စိန့်ပီတာ၏ ရသေ့ကျောင်းကို ပြန်လည်တည်ထောင်ပေးရန် တောင်းဆိုခဲ့တာကြောင့် ၎င်းကျောင်းတော်ကြီးကို ပြန်လည်တည်ထောင်ပေးခဲ့ပါတယ်။ ကျောင်းတော် အပ်နှံခြင်းပွဲတော်ပြီးဆုံးပြီး တပတ်အကြာတွင် ကွယ်လွန်သဖြင့် ၎င်းနေရာတွင် သင်္ဂြိုလ်ခြင်းခံခဲ့ရသည်။

စိန့် အက်ဒွပ်ဟာ ဇန်နဝါရီလ ၅ ရက်၊ ၁၀၆၆ တွင်ကွယ်လွန်သွားခဲ့ပြီး ၁၁၆၁ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး အလက်ဇန်းဒါး (၃) မှ ရဟန္တာအဖြစ်တင်မြောက်ခဲ့ပါတယ်။

# # # # # # # # # # # # # # # # #

ကြယ်စင်လေး (SJA)

Ref: CNA

Add new comment

9 + 8 =