"စိန့် ဝေါလ်ထရူ့ဒ်" St. Waltrude

"စိန့် ဝေါလ်ထရူ့ဒ်" St. Waltrude

ဧပြီလ- ၉ ရက်

"စိန့် ဝေါလ်ထရူ့ဒ်"ဆိုတာ ခြောက်ရာစု အချိန်တုန်းက ထင်ရှားတဲ့အမျိုးသမီး၊ တစ်မိသားစုလုံး ရဟန္တာများ ဖြစ်သည်အထိ လမ်းကောင်းပြပေးနိုင်တဲ့ အိမ်ရှင်မပေါ့။ လောကရဲ့ လှည့်စားမှုအောက်မှာ မိသားစုကို ဘုရားလမ်းတရလမ်းထဲ တွန်းပို့ပေးလိုက်နိုင်တဲ့ မိသားစုရဲ့ အလင်းရှင်ကြီးဆိုလဲ မှားလိမ့်မယ်မထင်ပါဘူး။

"စိန့် ဝေါလ်ထရူ့ဒ်" ကို "စိန့်ဝေါဒူ" လို့လဲ လူသိများပြီး သူမဟာ ဘယ်လ်ဂျီယံနိုင်ငံမှာရှိတဲ့ အလွန်သန့်ရှင်းတဲ့ မိသားစုက မွေးဖွားလာတဲ့သူ ဖြစ်ပါတယ်။

 

သူမရဲ့ မိဘနှစ်ပါးအပါအဝင်၊ သူမရဲ့ ခင်ပွန်းသည်နှင့် သူမရဲ့ ကလေးသုံးယောက်ကလည်း ရဟန္တာများဖြစ်ကြပါတယ်

 

သူမရဲ့ ခင်ပွန်းသည်ကလည်း 'Hennegau" ရဲ့ အရာရှိတစ်ဦးဖြစ်ပြီး သူတို့ လက်ထပ်ပြီး ကလေးများ မွေးဖွားပြီးတဲ့နောက်မှာ "စိန့် ဝေါလ်ထရူ့ဒ်"က သူမခင်ပွန်းကို ရသေ့တစ်ပါးအနေဖြင့် တရကျင့်ကြံဖို့ အကြံကေးခဲ့ပါတယ်။ ဇနီးဖြစ်သူရဲ့ အကြံပေးချက်နဲ့တူ မျမကြာမီ သူဟာ " Haumont" မှာ ရသေ့ကျောင်းတစ်ကျောင့် တည်ထောင်ခဲ့ပါတယ်။

 

"စိန့် ဝေါလ်ထရူ့ဒ်" ကိုယ်တိုင်က မိမိပိုင်ဆိုင်ရာအားလုံးကို စွန့်လွှတ်ပြီး အိမ်ငယ်လေးတစ်လုံးဆောက်ပြီးတဲ့နောက် ၎င်းအိမ်လေးထဲမှာ တသ်ဦးတစ်ယောက်တည်းနေခဲ့ပါတယ။ ဘုရားတရနဗင့် ပြည့်ဝတဲ့ သူမကို လူများစွာက ချဉ်းကပ်လျက်ရှိပြီး သူမရဲ့ ဉာဏ်ပညာနှင့် အကြံဥာဏ်ကိုတောင်းခံလေ့ရှိတယ်။

 

နောက်ပိုင်း သူမမှာ နောက်လိုက်များစွာရှိခဲ့ပြီး မွန်စ် (Mons) မြို့မှာ ရသေ့ကျောင်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ၆၈၈ ခုနှစ်၊ သူမကွယ်လွန်သည့်အချိန်မှာ သူမရဲ့ ဂရုဏာမေတ္တာ ကြီးမားမှုတွေနှင့်အတူ အံ့ဖွယ်ကုသမှုများကြောင့် ကျော်ကြားလာခဲ့ပါတယ်။

To be human

Saint of the day

CAN

 

Add new comment

9 + 11 =