စိန့် လူးဝိစ် ဒီ မာရီလာဂ်(လွီဇား အမည်ခံများ၏ ပွဲ)

စိန့် လူးဝိစ် ဒီ မာရီလာဂ်(လွီဇား အမည်ခံများ၏ ပွဲ)

မတ်လ -၁၅ ရက်

"စိန့် လူးဝိစ်" ဟာ ၁၅၉၁ ခုနှစ်၊ သြဂုတ် ၁၅ ရက်မှာ ပြင်သစ်နိုင်ငံ၊ "Meux" မြို့အနီးမှာ မွေးဖွားခဲ့ပါတယ်။ "ပေါ(ရီ)စီ (Poissy)" မှာ ရှိတဲ့ ရှိဒိုမီနီကန်ခရစ်ယာန်သီလရှင်ကျောင်းမှာ "စိန့် လူးဝိစ်" ဟာ ပညာသင်ကြားခဲ့ပြီး အဲဒီ‌အချိန်မှာ ပဲ သီလရှင်ဖြစ်လိုတဲ့ ဆန္ဒပြင်းပျခဲ့တာကြောာင့် သူမရဲ့ ခေါ်တော်အူခြင်းနှင့် ပတ်သက်ပြီး ဝိညာဉ်ရေး လမ်းညွှန်‌ေပးသူနှင့် လည်း တိုင်ပင်ခဲ့ပေမဲ့ နောက်ဆုံး သူမ သူတော်စင်ထယဖြစ်လိုတဲ့ ဆန္ဒကို စွန့်ပြီး ၁၆၁၃ ခုနှစ်မှာ " အန်ထော်နီ လီဂရာ့စ် (Antony LeGras)" ဆိုသူနဲ့ လက်ထပ်ခဲ့ပါတယ်။

၁၆၂၅ မှာ ခင်ပွန်းဖြစ်သူ "အန်ထော်နီ" သေဆုံးခဲ့ပြီးနောက်မှာ "စိန့် လူးဝိစ်"ဟာ သူတော်စင်အဖွဲ့အစည်းတစ်ခုထဲကို ဝင်ဖို့ ပြန်စဉ်းစားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ သေဆုံးပြီးမကြာမီမှာ "စိန့် လူးဝိစ်"ဟာ "စိန့် ဗင်းဆင့် ဒီ ပေါ်လ် (St. Vincent de Paul)" နှင့် တွေ့ဆုံခဲ့ပြီး သူ့ကိုဝိညာဉ်ရေးဒါရိုက်တာအဖြစ် စတင်ချဉ်းကပ်ခဲ့ပါတယ်။

"စိန့် ဗင်းဆင့် ဒီ ပေါ်လ်"ရဲ့ အားပေးမှုနှင့်ညွှန်ကြားချက်ဖြင့် သူမဟာ ဖျားနာသူ၊ ဆင်းရဲသားများနှင့် လျစ်လျူရှုခံထားရသူများကို ပြုစုစောင့်လျှောက် ပြီး အကူအညီပေးဖို့ အမျိုးသမီးများကို အုပ်စုဖွဲ့ခဲ့ပါတယ်။ သူမရဲ့ ချမ်းသာတဲ့ လူမှုရေးအဆင့်အတန်းအနေနဲ့ လစဉ်ပိုက်ဆံအတိုးစားလို့ရအောင် လုပ်ဆောင်ရမည့်အစား သူမနဲ့ မကိုက်ညီတဲ့ အခြားတစ်ဘက်မှာ ဒီလို စွန့်ပစ်ခံ လူတောသူတော မတိုးထိုက်တဲ့ သူတွေအတွက် အကူအညီပေးပြီး ပြုစုစောင့်ရှောက်တာဟာ ဝေဖန်စရာတွေဖြစ်ခဲ့ပါတယ်။

၁၆၄၂ ခုနှစ်မှာ "စိန့် လူးဝိစ်"က သူမတာ်ထောင်တဲ့အဖွဲ့အစည်းဖြစ်တဲ့ "ချစ်ခြင်းမေတ္တာ၏ သမီးများ" အတွက် လိုက်နာရမည့် သည်းမျဉ်းစည်းကမ်းများကို ချဆွဲခဲ့ပြီး ၁၆၅၅ ခုနှစ်မှာတော့ ဗာတီကန်မှ တရားဝင်ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ "ချစ်ခြင်းမေတ္တာ၏သမီးများ" အတွက် စည်းမျဉ်းကိုဖွဲ့စည်းပြီးနောက်‌မှာ "စိန့် လူးဝိစ်"ဟာ ပြင်သစ်တစ်ဝှမ်းခရီးထွက်ခဲ့ပြီး သီလရှင်ကျောင်းများဖွင့်လှစ်ခြင်းနှင့် သုမနောက်လိုက်နေကြသော သမီးငယ်တွေကို ဆေးရုံများ၊ မိဘမဲ့ဂေဟာများနှင့် လျစ်လျူရှုခံ‌ေနရသူများကို ကူညီပေးပြီး အပ်နှံခြင်းတွေကို လုပ်ဆောင်နေခဲ့တယ်။

"စိန့် လူးဝိစ်"ဟာ သူမမကွယ်လွန်မီ ၁၆၆၀ ခုနှစ် အချိန်ထိ ပဲရစ်မြို့မှာ စိတ်အားထက်သန်စွာအလုပ်လုပ်ခဲ့ပါတယ်။ သူမကို ၁၉၃၄ ခုနှစ်မှာ ပုပ်ရဟန်းမင်း " ပိုင်းယားစ် -၁၁ (Pius XI)" မှရဟန္တာအဖြစ် တင်မြောက်ခဲ့ပြီး ၁၉၆၀ မှာ လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသူများရဲ့ အကိုးရတဲ့ရဟန္တာအဖြစ် ကြေငြာခဲ့ပါတယ်။

 

 

Add new comment

6 + 11 =