စိန့် ရာဖာအဲလ် ကလီနောစကီ

စိန့် ရာဖာအဲလ် ကလီနောစကီ

 (St. Raphael Kalinowski)

 

"စိန့် ရာဖာအဲလ် (St.Raphael)" ကို ၁၈၃၅ ခုနှစ်မှာ "ဂျိုးဇက် (Joseph)" နာမည်နှင့် ဖေဖေ "အန်ဒရူး (Andrew)" နှင့် မေမေ "ဂျိုစဖာ ကလီမောစကီး (Josepha Kalinowski)" တို့မှ မွေးဖွားသန့်စင်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက သာသနာပြု ဘုန်းတော်ကြီးတစ်ပါး ဖြစ်ချင်ခဲ့ပေမယ့် ပညာရေးပြီးမြောက်အောင် ကြိုးစားရင်း နောက်ဆုံးမှာ ဘုန်းတော်ကြီး ဖြစ်ခွင့်ရခဲ့သူပါ။

 

သူဟာ သတ္တဗေဒ၊ ဓာတုဗေဒ၊ စိုက်ပျိုးရေးနှင့် ပျားမွေးမြူရေးပညာကို ရုရှားနိုင်ငံ၊ ဟော်ရီ ဟောကီ (Hory Horki) ရှိ စိုက်ပျိုးရေးဌာနနှင့် "စိန့်ပီတာစ်ဘတ် (St. Petersburg)" ရှိ စစ်ဘက်အင်ဂျင်နီယာအကယ်ဒမီမှာ ပညာလေ့လာခဲ့ပါတယ်။

 

၁၈၅၇ ခုနှစ်မှာ "ရာဖာအဲလ် (Raphael)" ဟာ ရုရှားစစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့မှာ ဒုဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့ပါတယ်။ ဒီရာထူးကို ဆက်ခံတဲ့အချိန်မှာ "ရာဖာအဲလ် (Raphael)" ဟာ "ကူးစစ် (Kursk)" နှင့် "အိုဒီဆာ (Odessa)" အကြား ရထားလမ်းဖောက်လုပ်ခြင်းနှင့်ကြီးကြပ်ခြင်းအတွက် တာ၀န်ယူခဲ့ရပါတယ်။ ၁၈၆၂ ခုနှစ်မှာတော့ "ရာဖာအဲလ်‌ (Raphael)" တစ်ယောက် ကပ္ပတိန်ရာထူး တိုးမြှင့်ခြင်းခံရပြီး၊ "ဘရဲစ့်-လီတိုဗားစ် (Brest-Litovsk)" မှာ အခြေချခဲ့ပြီး ၎င်းနေရာမှာပဲ တနင်္ဂနွေ‌နေ့ ဘုရားစာသင်ကြခြင်းကို စတင်ကာ ကျောင်း၏ ကုန်ကျစရိတ်အားလုံးကို တာဝန်ယူကုန်ကျခံပြီး၊ စိတ်ဝင်စားသူ မည်သူမဆို သင်ကြားနိုင်ဖို့ လက်ခံခဲ့တယ်။

 

၁၈၆၃ ခုနှစ်မှာ "ရာဖာအဲလ် (Raphael)" ဟာ "ပိုလန်နိုင်ငံ" ရဲ့ ပုန်ကန်မှုကို ထောက်ခံခဲ့တယ်။ ရုရှားစစ်တပ်မှ နုတ်ထွက်ခဲ့ပြီး "ဗီလ်နာ (Vilna)" ဒေသအတွက် သူပုန်စစ်၏ ကြီးကြပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။ သူဟာ ထောင်သားတွေကို ဘယ်တော့မှ သေဒဏ်မချမှတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ၎င်းတာဝန်ကို ဆောင်ရွက်ခဲ့ပါတယ်။ မကြာခင်မှာ ရုရှားအာဏာပိုင်များက "ရာဖာအဲလ် (Raphael)" ကို ဖမ်းဆီးခဲ့ပြီး ၁၈၆၄ ခုနှစ် ဇွန်လမှာ ပုန်ကန်မှုတွင် ပါ၀င်မှုကြောင့် "ရာဖာအဲလ် (Raphael)" ဟာ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရ‌တယ်။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေးအရ သေဒဏ်ချမှတ်မှု‌အဖြစ် စွပ်စွဲခံရမှာ ကြောက်တာကြောင့် "ဆီဘဲရီးယန်း (Siberian)" မိုင်းတွင်းမှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ပေးခဲ့ကြတယ်။

 

၁၈၇၃ ခုနှစ်မှာ သူလွတ်မြောက်ခဲ့ပြီး သူဇာတိဒေသမှ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရတယ်။ အဲဒီကနေ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ပြောင်းရွှေ့ခဲ့ပြီး ကျောင်းဆရာအနေဖြင့် သုံးနှစ်လုံးလုံး အလုပ် လုပ်ခဲ့ရပါတယ်။ ၁၈၇၇ ခုနှစ်မှာ ငယ်စဉ်ကတည်းက ဖြစ်တည်ခဲ့တဲ့ သူ့ရဲ့ သာသနာပြုဘုန်းတော်ကြီး ခေါ်တော်မူခြင်းကို တုံ့ပြန်နိုင်ခဲ့ပါတယ်။ အဲဒီမှာ "ရာဖာအဲလ် (Raphael)" အမည်ကိုယူပြီး ဩစတြေးယားနိုင်ငံ၊ ဂရာဇ် မှာရှိတဲ့ "ကာမေလိုက် (Carmelite)" အသင်းဂိုဏ်းမှာ ဝင်ရောက်နိုင်ခဲ့ပါတယ်။ "ရာဖာအဲလ် (Raphael)" ဟာ ဟန်ဂေရီမှာ‌ရှိတဲ့ ဓမ္မပညာကို လေ့လာခဲ့ပြီးနောက် ပိုလန်နိုင်ငံ၊ "ကမ်မာ (Cazma)" ရှိ "ကာမေလိုက် (Carmelite)" ကျောင်းသို့ ဝင်ရောက်ခဲ့ပြီး ၁၈၈၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ရဟန်းသိက္ခာ ခံယူခဲ့ပါတယ်။

 

ဘုန်းတော်ကြီး "ရာဖာအဲလ်ဟာ (Raphael)" "Discalced Carmelites" များကို ပိုလန်နိုင်ငံသို့ ပြန်လည်အခြေချနိုင်ရန်နှင့် အသင်းတော်စည်းလုံးမှုအတွက် လုပ်ဆောင်ခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်မှာ ပိုလန်နိုင်ငံ၊ "ဝါဒိုဝိုက်စ် (Wadowice)" မှာ သီလရှင်ကျောင်းကို တည်ထောင်ခဲ့ပြီး သူတော်မြတ် "အာလ်ဖုန်းဆူးစ် မေရီ မာရိုရဲ့ခ် ( Alphonsus Mary Marurek)" နှင့်အတူ အလုပ် လုပ်ခဲ့ရပါတယ်။ ဘုန်းတော်ကြီး "ရာဖာအဲလ် (Raphael)" ဟာ ကက်သလစ်ဘာသာဝင်များနှင့် "အော်သဒေါက်စ် (Orthodox)" တို့၏ ဝိညာဉ်ရေးဒါရိုက်တာအဖြစ်လည်း ကူညီပေးခဲ့ပါတယ်။

 

ဘုန်းတော်ကြီး "ရာဖာအဲလ် (Raphael)" ကို "စိတ်အားထက်သန်သော စီရင်စုပိုင် ဘုန်းတော်ကြီးတစ်ပါး" အဖြစ်သတ်မှတ်ခံရပြီး သူဟာ ဘာသာတူများနှင့် နာရီပေါင်းများစွာ အာပါတ်ဖြေနားထောင်ဖို့ အသုံးပြုခဲ့ပါတယ်။ ၁၉၀၇ ခုနှစ်မှာ ဘုန်းတော်ကြီး "ရာဖာအဲလ် (Raphael)" ဟာ ကွယ်လွန်သွားခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး "ဂျွန်ပေါလ် ၂ (John Paul II)" မှရဟန္တာအဖြစ် တင်မြောက်ခဲ့ပါတယ်။

# # # # # # # # # # # # # # # # #

ကြယ်စင်လေး (SJA)

Ref: CNA

Add new comment

1 + 0 =