စိန့် ဘားန်ဝါးဒ် (St. Bernward)

စိန့် ဘားန်ဝါးဒ် (St. Bernward)

 

ပွဲနေ့- နိုဝင်ဘာလ၊ ၂၀ ရက်

 

"စိန့် ဘားန်ဝါးဒ် (St. Bernward)" ဟာ ၁၀ ရာစုအလယ်ပိုင်းက "ဂျာမနီနိုင်ငံ၊ ဟီးလ်ဒဲရှဲမ် (Hildesheim)" ရဲ့ တစ်ဆယ့်သုံးကြိမ်မြောက် ဆရာတော်ကြီးအဖြစ် သာသနာပြုခဲ့သူ တစ်ပါးဖြစ်ပါတယ်။ မိဘနှစ်ပါး သေဆုံးသွားတဲ့နောက်မှာတော့ "ယူထရဲ့ခ်ျ (Utrecht)" ရဲ့ ဆရာတော်လဲဖြစ် ဦးလေးလည်းဖြစ်တဲ့ ဆရာ‌တော် "ဗော်ခ်မာ (Volkmar)" နှင့် အတူနေခဲ့ရတယ်။

 

သူရဲ့ ဦးလေးဆရာ‌တော်က "ဘားန်ဝါးဒ် (Bernward)" ကို "ထန်းမား (Th‌angmar)" လို့ခေါ်တဲ့ ဘုရားတရားကြည်ညိုလေးစားပြီး၊ "ဟိန့်ဒလ်ဘာ့ခ် (Heindelberg)" ရဲ့ ဘုရားကျောင်းတော်ကြီးမှာ ထူးချွန်ထက်မြတ်တဲ့ ညွှန်ကြားသူ ဆရာသမားကို "ဘားန်ဝါးဒ် (Bernward)" ရဲ့ ပညာရေး‌ လေ့လာဆည်းပူးရာမှာ ကူညီပေးဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။

 

"ထန်းမား (Thangmar)" ရဲ့ ညွှန်ကြားမှုအောက်မှာ "ဘားန်ဝါးဒ် (Bernward)" တစ်ယောက် ခရစ်ယာန်ဘာသာတရားနှင့် သိပ္ပံပညာရပ်‌တွေမှာ လျင်မြန်စွာ တိုးတက်ခဲ့ပါတယ်။ သူဟာ သင်္ချာ၊ ပန်းချီ၊ ဗိသုကာနှင့် အထူးသဖြင့် အသင်းတော်နှင့် သက်ဆိုင်တဲ့ ငွေနှင့်ရွှေဖြင့် ပြုလုပ်တဲ့ ထည့်စရာအလှတန်ဆာများ ထုတ်လုပ်ရာမှာ အလွန်ကျွမ်းကျင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

 

"စိန့် ဘားန်ဝါးဒ် (St. Bernward)" ဟာ "မိန်း (Mainz)" မှာ ပညာသင်ယူပြီးစီးခဲ့ပြီးနောက် ရဟန်းသိက္ခာ ခံယူခဲ့ပါတယ်။ သူသည်ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဦးလေးဖြစ်သူ ဆရာတော် "ဗော့ခ်မာ (Volkmar)" ၏နေရာတွင် ခန့်ထားခံရမည့်အစား သူဟာ အသက်ကြီးပြီဖြစ်တဲ့ အဘိုး "အဿဲလ်ဘဲရို (Athelbero)" ကို နှစ်သိမ့်ပေးဖို့ အဘိုး အနားမှာနေဖို့ ရွေးချယ်ခဲ့ပါတယ်။

 

987 ခုနှစ်မှာ အဘိုးဆုံးတော့ သူဟာ နန်း‌တွင်းတရားရုံးမှာ တာဝန်ခံဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး၊ မိဖုရားကြီးမှ "ဘားန်ဝါးဒ် (Bernward)" ကို ခြောက်နှစ်ခန့်မျှသာရှိသေးတဲ့ သားတော်လေး "အော့တို ၃ (Otto III)" ကို စာချပေးဖို့ ခန့်အပ်ခဲ့ပါတယ်။ "ဘားန်ဝါးဒ် (Bernward)" ဟာ "ဟီးလ်ဒဲရှဲမ် (Hildesheim)" ရဲ့ ဆရာတော်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့အချိန် ၉၉၃ ခုနှစ်အထိ နန်းတွင်းတရားရုံးမှာတင် ရှိနေခဲ့တယ်။

 

သူဟာ ဘာသာတရားကို အလွန်ကိုင်းရှိုင်းသူ တစ်ဦးဖြစ်ပြီး၊ ဆုတောင်းခြင်းနှင့် အပြစ်အတွက် ဒဏ်ဆပ်ဖြေခြင်းတွေကိုလည်း ယုံယုံကြည်ကြည် သစ္စာရှိရှိ လုပ်ဆောင်တတ်တဲ့သူ ဖြစ်တယ်။ အနုပညာနှင့်ပတ်သက်တဲ့ "ဘားန်ဝါးဒ် (Bernward)" ရဲ့ ဗဟုသုတနှင့် လက်တွေ့လုပ်ဆောင်မှုတွေကို အသင်းတော်ရဲ့ ဝတ်ပြုခြင်းတွေမှာ ရက်ရောစွာ အသုံးပြုခဲ့တယ်။

 

၁၀၂၂ ခုနှစ် ဆရာတော် "ဘားန်ဝါးဒ် (Bernward)" မသေဆုံးမှီလေးမှာ သူ့ကို "ဘင်နဲဒစ်တင်း (Benedictine)" ဝတ်စုံကို ဝတ်ဆင်စေခဲ့ပါတယ်။ 1193 ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး "ဆလဲစတင်း ၃ (Celestine III)" မှ ရဟန္တာအဖြစ် တင်မြောက်ခဲ့ပါတယ်။

# # # # # # # # # # # # # # # # #

ကြယ်စင်လေး (SJA)

Ref: CNA

Add new comment

10 + 7 =