စိန့် ဂျူးဒ် (ခ) စိန့် ဿာဒီအူးစ် နှင့် စိန့် ဆိုင်းမွန်း (ဇေးလော့တ်)​

စိန့် ဂျူးဒ် (ခ) စိန့် ဿာဒီအူးစ် နှင့် စိန့် ဆိုင်းမွန်း (ဇေးလော့တ်)

St. Jude or St.Thaddaeus and St. Simon the Zealot အောက်တိုဘာ ၂၈ ရက်

ဒီနေ့က စိန့် ဂျူးဒ် (ခ) စိန့် ဿာဒီအူးစ် နှင့် စိန့် ဆိုင်းမွန် (ဇေးလော့တ်) လို့ခေါ်တဲ့ သခင်ယေဇူးရဲ့ တပည့်တစ်ဆယ့်နှစ်ပါးထဲက နှစ်ပါးရဲ့ ပွဲနေ့ရက်ဖြစ်ပါတယ်။

"စိန့် ဂျူးဒ်"ကို "စိန့် ဿာဒီအူးစ် (St. Thaddaeus)"လို့လဲ လူသိများပါတယ်။ သူဟာ "စိန့် ဂျိမ်းစ်(အငယ်)"ရဲ့ အစ်ကိုဖြစ်ပြီး၊ သခင်ယေဇူးနဲ့ ဝမ်းကွဲဆွေမျိုး တော်စပ်သူ‌ဖြစ်တယ်။ ရှေးခေတ်စာရေးဆရာ‌တွေက "စိန့် ဂျူးဒ်"ဟာ "ယုဒပြည်၊ ရှမာရီယားပြည်၊ အိုင်ဒူမဲယား၊ ဆီးရီးယား၊ မက်ဆိုပိုတီမီးယားနှင့် လိုင်ဗီးယားပြည်"တွေမှာ ဧဝံဂေလိတရားတော်ကို သွန်သင်ဟောကြားခဲ့တယ်လို့ မှတ်တမ်းတင် ရေးသားခဲ့ကြတယ်။

"စိန့် ဂျူးဒ်" ဆိုသည်မှာ တပည့်တော်ကြီး "ယုဒအီးစ် ကာရုဒ်"လို့‌ခေါ်တဲ့ သခင်ခရစ်တော်ကို ဒင်္ဂါးပြားနဲ့ ရောင်းစားပြီး နောက်ဆုံးမှာ သူမှားခဲ့တဲ့ အမှားကြီးကြောင့် နောင်တကြီးစွာရ‌ခဲ့ပေမယ့်လည်း ဘုရားရှင်ရဲ့ သနားကြင်နာခြင်းနှင့် ခွင့်လွှတ်ခြင်းကိုယုံကြည်ဖို့ ကင်းမဲ့နေတဲ့ တပည့်တော်နဲ့ မတူပါဘူး။

"စိန့် ဂျူးဒ်"ဆိုသည်မှာ နောက်ဆုံးညစာစားပွဲတော်မှာ သခင်ယေဇူးကို ရှင်ပြန်ထမြောက်ပြီး "ကိုယ်တော်သည် လောကီသားတို့အား မထင်ရှားဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်း" လို့ မေးလျှောက်ခဲ့တဲ့ တပည့်တော်တစ်ပါး ဖြစ်ပါတယ်။

သူ့ရဲ့ အကြောင်းကို အနည်းငယ်သာသိရပေမယ့် ဒဏ္ဍာရီပုံပြင်တွေအရ သူဟာ "ဘေရုဒ် (Beirut)" နှင့် "အက်ဒက်ဆာ(Edesa)" တွေမှာ ဧဝံဂေလိတရားတော်ကို သွန်သင်ဟောကြားခဲ့တယ်လို့ ဆိုကြပါတယ်။

"ယူစီဘီးယူးစ် (Eusebius)"ရဲ့ အဆိုအရဆိုရင် "စိန့် ဂျူးဒ်"ဆိုသည်မှာ အေဒီ ၆၂ ခုနှစ်မှာ "ဂျေရုဆလင်"ကို ပြန်လာပြီး သူ့ရဲ့ ညီတော်ဖြစ်တဲ့ "စိန့် စိုင်းမွန် (ရှိမောင်)" ကို "ဂျေရုဆလင်"ရဲ့ ဆရာတော်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းမှာ ပါဝင်ကူညီခဲ့တယ်လို့ သိခဲ့ရတယ်။

"စိန့် ဂျူးဒ်"ဟာ အရှေ့ပိုင်း အသင်းတော်တွေမှာ အထူးသဖြင့် ဂျူးဘာသာမှ ပြောင်းဝင်လာသူများထံ သမ္မာကျမ်းစာရေးသူဖြစ်ပြီး "ရှိမွန်နီးယန်း (Simonians)"၊ "နီကိုးလိုက်စ် (Nicolaite)"နှင့် "ညောစ်စတစ် (Gnostic)" စတဲ့ ဒိဋ္ဌိအယူအဆများကိုဆန့်ကျင်၍ လမ်းညွှန်ပေးသူဖြစ်ပါတယ်။

"စိန့် ဂျူးဒ်"ဟာ "အာမေးနီးယား"မှာ တရားတော်အတွက် အသက်ပေးခဲ့ရပါတယ်။ "အာမေးနီးယား"မှာ တရားတော်ကို သွန်သင်ဟောကြားခဲ့ပေမယ့်လည်း အေဒီ ၃ ရာစုအထိ ဘာသာတရားတော်ကို မယုံကြည်ခဲ့ကြပါဘူး။

၂၁ ရာစုအတွင်း "ပါရှားတိုင်းပြည်"မှာ ဘာသာတရားကို လက်ခံတဲ့သူမရှိတဲ့ ဒီ ဒိဋ္ဌိတွေကြားထဲမှာ "စိန့် ဂျူးဒ်"ဟာ လုသေမျောပါး အရိုက်အနှက်ခံခဲ့ရပြီး နောက်ဆုံး ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ ဓာတ်တော်မွေတော်တွေဟာ "၁)ရောမမြို့ စိန့်ပီတာ ဘုရားကျောင်း၊ ၂)ရိမ်းစ်၊ ၃)ပြင်သစ်ပြည်ရှိ တူလူးစ်"တွေမှာ ဌာပနာထားပါတယ်။

"စိန့် ဂျူးဒ်"ကို မျှော်လင့်ချက် ကင်းမဲ့နေတဲ့အခြေအနေမျိုးမှာ ခေါ်တကြပါတယ်။ ဘာလို့လဲဆို သူရေးသားတဲ့ ဓမ္မသစ်ကျမ်းထဲက ယုဒစာ‌စောင်ထဲမှာ ယုံကြည်သူတွေဟာ သူတို့ရဲ့ဘိုးဘေးတွေ သူတို့ရှေ့မှာ ပြုကျင့်ခဲ့သလို ခက်ခဲတဲ့ ပတ်ဝန်းကျင်၊ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ မဆုတ်မနစ် လုံ့လထုတ်သင့်ကြောင်းကို လေးလေးနက်နက် ရေးသားခဲ့တာကြောင်းဖြစ်တယ်။

ဒါကြောင့်မို့ သူ့ကို "မျှော်လင့်ချက်ကင်းမဲ့နေတဲ့ အခြေအနေမျိုး၊ မေ့လျော့နေသောအကြောင်းတရားများ၊ ဆေးရုံအမှုထမ်းများ၊ ဆေးရုံများ၊ မဖြစ်နိုင်သည့်အကြောင်းရင်းများ၊ ဆုံးရှုံးခဲ့ရသောအကြောင်းရင်းများ၊ စိန့်ပီတာစဘတ် (St. Pertersburg) နှင့် ဖလောရီဒါ"တို့ အားထားရတဲ့ ရဟန္တာတစ်ပါးဖြစ်ပါတယ်။

သူ့ကို ခတ်တက်၊ ဓါး လှေ၊ လှေချိတ်၊ ပုဆိန်တစ်ခု သို့မဟုတ် စာအုပ်တစ်အုပ်ကိုင်ထားတဲ့ မုတ်ဆိတ်မွှေးနဲ့ လူပုံအဖြစ် သရုပ်ဖော်လေ့ရှိပါတယ်။ သူရဲ့ ပုံတော်အားလုံးနီးပါးမှာ သခင်ယေရှုရဲ့ ပုံပါရှိသောတံဆိပ်ကို ဝတ်ဆင်ထားတာတွေ့ရပါတယ်။ ဒီ့အပြင် သူဟာ များသောအားဖြင့် သူ့ရဲ့ခေါင်းပေါ်မှာ မီးလျှံလေးတစ်ခုရှိပြီး ဘောပင်တစ်ချောင်း ကိုင်လေ့ရှိပါတယ်။

ကက်သလစ်အသင်းတော်က သူ့ပွဲနေ့ကို အောက်တိုဘာ ၂၈ ရက်၌၎င်း၊ ဇွန်လ ၁၉ ရက်တွင် အရှေ့ပိုင်းအသင်းတော်တွေမှာ ကျင်းပလေ့ရှိပါတယ်။

ဇေးလော့တ်(ခ) စိန့် ရှိမုန်(ဆိုင်းမွန်း)

​Pentecost အလွန် ကာလခန့်မှာသာ "‌ဇေးလော့တ်" လို့ခေါ်တဲ့ "စိန့် ရှိမုန်"ရဲ့ဘဝကို အနည်းငယ်သာ သိရပါတယ်။ သူဟာ "အီဂျစ်ပြည်"မှာ ဧဝံဂေလိတရားတော်ကို ဟောကြားသက်သေခံခဲ့ပြီးနောက် "ပါရှား"ရှိ "စိန့် ဂျူးဒ်"နှင့်အတူ ပူးပေါင်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တရားတော်ကြောင့် သူ့ကို လွှတစ်ချောင်းဖြင့် ထက်ခြမ်းခွဲဖြတ်ခံရတာကြောင့် သူ့ကိုပုံဖော်တဲ့အခါ လွှပုံပါလေ့ရှိပါတယ်။ ၄ ရာစုမှ St. Basil the Great က‌တော့ "စိန့် ရှိမုန်"ဟာ "အက်‌ဒီဆာ (Edessa)" မှာ ငြိမ်းချမ်းစွာသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကြယ်စင်လေး (SJA) Ref: CNA

Add new comment

4 + 8 =