စိန့် ကာလစ်တူးစ် (St. Callistus) အောက်တိုဘာ ၁၄ ရက်

စိန့် ကာလစ်တူးစ် (St. Callistus) အောက်တိုဘာ ၁၄ ရက်

တစ်ချိန်က သူဟာ အသင်းတော်ရဲ့ ဖခင်ကြီး၊ ပုပ်ရဟန်းမင်းကြီး ကာလစ်တူးစ် (၁) ဖြစ်ပါတယ်။ သူ့ကို အသင်းတော်က ရဟန္တာနှင့် တရားတော်အတွက်အသေခံခဲ့တဲ့ ဓမ္မအာဇာနည်လို့ ဂုဏ်ပြုကြပါတယ်။ သူ့ရဲ့ သာသနာပြုခြင်းမှာ ဘုရားသခင်၏ ကရုဏာတော်ကို အလေးအမြတ်ထားပြီး ဖော်ပြဖို့ ရွေးချယ်ခဲ့တာကြောင့်မို့ နှစ်နှစ်ဆယ်နီးပါးကြာတဲ့ ဂိုဏ်းကွဲမှုတွေကအစ ကြီးမားတဲ့ အငြင်းပွားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အစောပိုင်းက ပုပ်ရဟန်းမင်းကြီး၏ ခေါင်းဆောင်မှု ပုံစံဟာ ခိုင်မြဲနေခဲ့တာကြောင့် တရားတော်အတွက် အသက်ပေးတဲ့ (၂၂၂) ခုနှစ်မှာ သူ့ရဲ့ သန့်ရှင်းမြင့်မြတ်ခြင်းစံနမူနာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Callistus ရဲ့ ယုံကြည်စိတ်ချရတဲ့ အတ္ထုပ္ပတ္တိ‌တွေ ရေးသားပြုစုခြင်း‌တွေ မရှိတာကြောင့်မို့ သူနဲ့အတူ ခေတ်ပြိုင်နေထိုင်အသက်ရှင်ခဲ့ဖူးတဲ့ ရောမမြို့က ဟီပိုပိုလစ်ရဲ့ မှတ်တမ်းကို သမိုင်းပညာရှင်များသည် မှီငြမ်းအားထားခဲ့ရပါတယ်။ ဟစ်ပိုလစ်တူးစ် ကိုယ်တိုင်ဟာ အသင်းတော်ကိုဆန့်ကျင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ အသင်းတော်နှင့် ပြန်လည်သင့်မြတ်ခဲ့သူ ဖြစ်သည့်အပြင် သူ့ဘဝ၊ သူ့အသက်ကို ယုံကြည်ခြင်းအတွက် ပေးဆပ်ခဲ့ပါတယ်။ ဟီပိုလစ်တူးစ်ဟာ တကယ်တော့ တစ်ချိန်က ကာလစ်တူးစ် ရဟန်းမင်းအဖြစ် အမှုထမ်းခဲ့စဉ်က သူနှင့် သူ့ရဲ့ ဆက်ခံသူသုံးဦးကို ဆန့်ကျင်ခဲ့ရုံတင်သာမက ရဟန်းမင်းရာထူးကို ဟစ်ပိုလစ်တူးစ်ကိုယ်တိုင်က(ပထမဦးဆုံးပုပ်ရဟန်းမင်းကြီးကို ဆန့်ကျင်တိုက်ခိုက်သူအနေဖြင့်) လုယူသိမ်းပိုက်တော့မယ့်အထိ ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ့ဘဝမှာ စိန့် ကာလစ်တူးစ်နှင့်ပတ်သက်ခဲ့သမျှဟာ အရေးကြီးတဲ့အချက်တွေပါဝင်ခဲ့ပါတယ်။

ဟစ်ပိုလစ်တူးစ်ရဲ့ မှတ်တမ်းအရဆိုရင် ပုပ်ရဟန်းမင်းကြီး ကာလစ်တူးစ် ဘယ်အချိန်မှာ၊ ဘယ်ခုနှစ်မှာ မွေးဖွားခဲ့တယ်ဆိုတာ မသိရပေမဲ့ သူဟာ ရာထူးမြင့်တဲ့ အိမ်တွင်းမှု၊ အမှုထမ်းတစ်ဦးအဖြစ်၊ စတင်ကာ နောက်ပိုင်းတွေမှာ သခင်၏ ငွေကြေးစီးပွါးရေးအတွက် တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ စီးပွါးရေးကျဆင်း‌တော့ ကာလစ်တူးစ်ဟာ စွပ်စွဲခံရတာကြောင့် သူ့သခင်ရဲ့ လက်အောက်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ပြန်ဖမ်းမိပြီး ရောမမြို့မှာ သာမန်အလုပ်သမားတစ်ဦးအဖြစ် ရာထူးကနေချခံရပါတယ်။ ဒါကြောင့်မို့ နမိတ်မကောင်းစွာနဲ့ပင် သူဟာ ၎င်းမြို့မှာပင် ကျွန်အဆင့်ထိဆောင်ရောက်ခဲ့ရပြီး ကျွန်အလုပ်ကိုလုပ်ခဲ့ရပါတယ်။ (၎င်းမြို့မှာပဲ နောက်ပိုင်းသူဟာ ပုပ်ရဟန်းမင်းရာထူးကိုလည်း ဆက်ခံခဲ့ပါတယ်။)

Hippolytus ရဲ့မှတ်တမ်းဟာ မှန်ကန်တယ်ဆိုရင်တော့ ကာလစ်တူးစ်ဘဝ အခြေအနေဟာ ဆိုးသထက်ဆိုးလာပြီး သူ့ကို သတ္ထုတွင်းမှာ အလုပ်လုပ်ဖို့ စေခိုင်းခံရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ ပုပ်ရဟန်းမင်းကြီး ဗစ်တာ (၁)ရဲ့ ကြိုးပမ်းအားထုတ်မှု‌ကြောင့် လွတ်မြောက်သူများထဲက တစ်ဦးဖြစ်ခဲ့ပြီး၊ သူဟာလည်း ခရစ်ယာန်တွေ ညှဉ်ပန်းနှိပ်စက်တဲ့ အချိန်မှာ အသက်စွန့်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဇေဖီရီနူးစ် အုပ်စိုးသည့်နောက်ပိုင်တွင် ကာလီတူးစ်ဟာ ဥပ္ဇင်းတစ်ပါးဖြစ်ခဲ့ပြီး အဓိက ရောမင် ခရစ်ယာန် သင်္ဂြိုင်း၏ တာဝန်ခံစောင့်ရှောက်သူတစ်ဦးဖြစ်ခဲ့သည် သာမက ထိုခေတ်အချိန်အခါ၏ ဘာသာရေးယုံကြည်မှု အငြင်းပွားမှုများတွင် ပုပ်ရဟန်းမင်းကြီးကိုလည်း အကြံပေးခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ သူဟာ ဇေဖီရီနူးစ်ရဲ့ ဟန်ဆောင်မှုကင်းတဲ့ နောက်လိုက်တစ်ယောက်လဲဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ (၂၁၉)ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဘာသာရေးမှာ ကျွမ်းကျင်လှတဲ့ ပညာရှင် ဟစ်ပိုလီတူးစ်ကလည်း အသစ်တက်လာတဲ့ပုပ်ရဟန်းမင်းကြီး ကာလစ်တူးစ်ကို "ဒိဋ္ဌိများကိုစာနာမှု" ဖြင့် စွပ်စွဲပြီး ပုပ်ရဟန်းမင်းကြီးရဲ့ရှင်းလင်းချက်အပေါ် မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ ပုပ်ရဟန်းမင်းကြီးအပေါ်မကျေချမ်းခြင်းဟာ အကြီးမားဆုံးသော အပြစ်ဖြစ်ပြီး ဒီလိုမျိုးအပြစ်ဟာ စိတ်ရင်းအမှန်နဲ့ အပြစ်ဖြေမှသာ လွတ်ငြိမ်းခွင့်ရတဲ့ အပြစ်ကြီးဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးမှ "ဘုရားသခင့်ကရုဏာတော်" ကို အခိုင်အမာ ပြောဆိုခြင်းဟာ "တချို့သော အပြစ်တွေဟာ အပြစ်ဖြေခြင်းမှ ‌လွတ်ငြိမ်းခွင့်ရဖို့ အရမ်းကြီးလေးလွန်းတယ်လို့" မှားယွင်းစွာဆုပ်ကိုင်ထားတဲ့ တာရ်တူလီယန်် (Tertulian)လို့ ခေါ်တဲ့ စကားစစ်စစ်ထိုးမှု ကျွမ်းကျင်သူ မြောက်ပိုင်းအာဖရိကားခရစ်ယာန်ကို အရှက်တကွဲ ဖြစ်စေခဲ့ပါတယ်။

ဟစ်ပိုလစ်တူးစ်ရဲ့ မှားယွင်းတဲ့ အထောက်အထားများဖြစ်တဲ့ လိင်မှုကိစ္စ ဖောက်ပြန်မှုနှင့် သန္ဓေတားဆီးခြင်းတွေကို ပုပ်ရဟန်းမင်းကြီးက အခွင့်ပြုထားပါတယ်ဆိုတဲ့ မှားယွင်းတဲ့ သတင်းတွေဟာ အမှန်တကယ်မှာတော့ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်က ဘယ်တော့မှ ခွင့်မပြုထားတဲ့ အချက်ကို ထိခိုက်ပြစ်မှားစေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဟစ်ပိုလစ်တူးစ်က အသင်းတော်နှင့် ပြန်လည်သင့်မြတ်ရေးကို ရှာကြံပြီး အပြစ်လွတ်ငြိမ်းခွင့်ရဖို့ ဆန္ဒရှိခဲ့ပါတယ်။

ကာလစ်တူးစ်ဟာ သူပုပ်ရဟန်းမင်းရာထူးဆက်ခံတဲ့ သက်တမ်းမှာ ပုပ်ရဟန်းမင်းကြီး တစ်ပါးအနေနဲ့ ဟစ်ပိုလစ်တူးစ်ရဲ့ နောက်လိုက်တွေကို သူ့ရဲ့ အခွင့်အာဏာကိုသုံးပြီး မဖျောင်းဖျနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ကက်သလစ်အသင်းတော်က ပုပ်ရဟန်းမင်းကြီး ကာလစ်တူးစ်ရဲ့ သန့်ရှင်းမြင့်မြတ်မှုနှင့် အတွေးအခေါ်ကို အသိအမှတ်ပြုခဲ့ပါတယ်။ အထူးသဖြင့် ခရစ်ယာန်တို့အားပုန်ကန်သူလူအုပ်ထံသို့ ဓမ္မအာဇာနည်တစ်ဦးအနေဖြင့် ရှိခဲ့စဉ်ကတည်းက အသိအမှတ်ပြုခဲ့သည်။

စိန့် ကာလစ်တူးစ် သေဆုံးပြီးနောက်မှာ သူကိုယ်တိုင် ကြားဝင်ဖြန်ဖြေမှုကြောင့် သူ့ကိုတိုက်ခိုက်တဲ့ ဟစ်ပိုလစ်တူးစ် နှင့် နောက်ပိုင်း ပုပ်ရဟန်းမင်းရာထူးကို ဆက်ခံတဲ့ ပွန်ရှန်တို့ရဲ့ ကြားက သမိုင်းဝင် ငြိမ်းချမ်းပြေလည်မှုကို ဖြစ်စေခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ နောက်ပိုင်းမှာ အတူတကွ တရားတော်အတွက် အသက်ပေးခဲ့ကြရပါတယ်။

# # # # # # # # # # # # # # # # #

ကြယ်စင်လေး (SJA)

Ref: CNA

Add new comment

3 + 2 =