စိန့် ကလဲမင့် ၁ ပွဲနေ့ - နိုဝင်ဘာလ၊ ၂၃ ရက်

စိန့် ကလဲမင့် ၁

ပွဲနေ့ - နိုဝင်ဘာလ၊ ၂၃ ရက်

 

"စိန့် ကလဲမင့် ၁ (St. Clement I)" ဟာ ပထမရာစုမှာ "စိန့် ပီတာ (St. Peter)" ရဲ့ အရိုက်အရာကို ဆက်ခံခဲ့သူ၊ တပည့်တော်ကြီးများရဲ့ ပထမဦးဆုံးသော နောက်လိုက်တပည့်တော် ဖြစ်ပါတယ်။ အရှေ့ပိုင်း ကက်သလစ်အသင်းတော်တွေက သူ့ရဲ့ပွဲနေ့ကို နိုဝင်ဘာ ၂၅ ရက်မှာ ကျင်းပကြတယ်။ စိန့်ကလေးမင့်ကို ရောမမြို့မှစိန့်ကလေးမင့်ဟုလူသိများသည်။ သူ သည်ရဟန်းမင်းကြီးလည်းဖြစ်သည်။ ရဟန်းမင်းကြီးအဖြစ်သာသ နာ တော်ကြီးကို အေဒီ (၈၈) မှ အေဒီ (၉၉) သူပျံလွန်ချိန်အထိအမူထမ်း ခဲ့ သည်။

 

"ကလဲမင့် (Clement)" ရဲ့ ဘဝအကြောင်းဟာ ခရစ်ယာန်ဘာသာကို မပြောင်းခင်က မထင်ရှားခဲ့သလို ဘာသာ‌ပြောင်းလဲပြီးမှလည်း မထင်ရှားခဲ့ပါဘူး။ သူရေးသားခဲ့တဲ့ စာတစ်ချို့ကြောင့် တချို့က ဂျူးနောက်ခံမှ ဆင်းသက်လာတဲ့ စတုတ္ထမြောက် ပုပ်ရဟန်းမင်းကြီး (သို့မဟုတ်) ကက်သလစ်အသင်းတော်ထဲသို့မဝင်မီ အစောပိုင်းက ဂျူးဘာသာမှ ကူးပြောင်းလာသူလို့ ထင်ခဲ့ကြတယ်။

 

အစဉ်အလာအရ "ကလဲမင့် (Clement)" ဟာ "ဖော့သ်တီးနူးစ် (Faustinus)" လို့ခေါ်တဲ့ ရောမလူတစ်ဦးရဲ့ သားဖြစ်ပြီး "စိန့် ပီတာ (St. Peter)" (သို့မဟုတ်) "စိန့်ပေါလ် Saint Paul)" တို့ရဲ့ တရားဒေသနာ ဟောကြားခြင်းမှတစ်ဆင့် ရောမအသင်းတော် (ကက်သလစ်အသင်းတော်) သို့ အစောပိုင်းနှစ်တွေက ဝင်ရောက်လာခဲ့သူဖြစ်တယ်လို့ ဆိုထားပါတယ်။ သူဟာ တမန်တော်များရဲ့ သာသနာပြုခရီးစဉ်မှာ ပါ၀င်ခဲ့ပြီးနယ်ပယ်ဒေသ အဆင့်တစ်ခုအပေါ်မှာ အသင်းတော်ကို ဦးဆောင်ရန် ပထမဦးဆုံးသော ပုပ်ရဟန်းမင်းကြီး "စိန့် ပီတာ (St. Peter)" ကိုလည်း ကူညီခဲ့သူ ဖြစ်ပါတယ်။ တပည့်တော်ကြီး စိန့်ပီတာကိုယ်တိုင်က သိက္ခာတင်ပေး ခဲ့သည်ဟု လည်း ဆိုပါသည်။ သူ သည် ကက်သလစ်သာသနာတော်ကြီးကို အန္တာရာယ်ရောပြွမ်းနေသည့် ပထမရာစုနှစ် ၌ဦးဆောင်ခဲ့ရသည်။ စိန့်ပီတာသည် ရဟန်းမင်းကြီး အဖြစ် အမူတော်ထမ်းဆောင်ပြီးနောက်ပိုင်း ရဟန်းမင်းကြီးဖြစ်လာ သော ဒုတိယ၊ သို့မဟုတ်၊ တတိယပုဂိုလ်ဟုရှေ့ဦး ခရစ် ယာန်များက သတ်မှတ်ကြသည်။ သူသည် အေဒီ (၁၀၁) ဂရိ နိုင်ငံ၌ ပျံလွန်တော်မူသွားခဲ့သည်။

 

 

"စိန့် ပီတာ (St. Peter)" ၏ ပထမဦးဆုံးဆက်ခံသူနှစ်ဦးဖြစ်တဲ့ ရဟန္တာတင်မြောက်ခြင်းခံပြီးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး "လီနူးစ် (Linus)" နှင့် "ကလဲတူးစ် (Cletus)" တို့ သေဆုံးပြီးတဲ့နောက်မှာ "ကလဲမင့် (Clement)" ဟာ အေဒီ (၉၀) ခုနှစ်ခန့်မှာ အသင်းတော်၌ "စိန့်ပီတာ (St. Peter)" ရဲ့ ရာထူးနေရာကို ဆက်ခံခဲ့သူဖြစ်တယ်။ ပုပ်ရဟန်းမင်းကြီးသက်တမ်း အနှစ်တစ်ဆယ်အတွင်းမှာ သူ့တာဝန်များထဲက အရေးအကြီးဆုံးတစ်ခုကတော့ "စိန့်ပေါလ် Saint Paul)" ကိုယ်တိုင်က ဆုံးမဖို့ရန်အတွက် ကြိုးစားရုန်းကန်ခဲ့ရတဲ့ "ကောရိန္တုအသင်းတော်" မှာရှိတဲ့ ကြီးလေးတဲ့ပြဿနာများကို ဖြေရှင်းခြင်းပဲ ဖြစ်ပါတယ်။

 

"ကလဲမင့် (Clement)" ကိုယ်တိုင် ရေးသားထားတဲ့ "ကောရိန္တုမြို့သားများ" ထံ ရေးသားခဲ့တဲ့စာဟာ သမ္မာကျမ်းစာကျမ်းရင်းဝင် မဟုတ်ခဲ့ပေမယ့် အစောပိုင်းအသင်းတော်ရဲ့ အခွင့်အာဏာရှိခြင်းနှင့် ချစ်ခြင်းမေတ္တာရဲ့ အခန်းကဏ္ဍကို အဓိကထားပြီး ဖော်ပြထားပါတယ်။ သူ့ရဲ့နိဒါန်းမှာ ပုပ်ရဟန်းမင်းကြီး "ကလဲမင့် (Clement)" က ၎င်းစာစောင်ကို သူ့ရဲ့ ဘုရားရှိခိုးကျောင်းဟာ ရောမဘုရင် "ဒိုမီးရှန်း (Domitian)" ရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံနေရစဉ်မှာ ရေးစပ်ကြောင်းကို ဖော်ပြထားပါတယ်။

 

စာစောင်ထဲမှာ ပုပ်ရဟန်းမင်းကြီးက "ယခင်ကောရိန္တုအသင်းသားတွေဟာ "ရိုသေလေးစားမှုမရှိဘဲ မာနထောင်လွှားနေခြင်း” နှင့် “ ခံယူခြင်းထက် ပိုမို ပေးကမ်းလိုစိတ်ရှိခြင်း” တို့ကို နှိမ့်ချခြင်းအားဖြင့် မည်သို့ခွဲခြားခဲ့ကြကြောင်း၊ သို့သော် အချိန်တန်လျှင် “အသုံးမကျသောသူတို့သည် ကျော်စောသောသူတို့ကို ဆန့်ကျင်၍ ထကြွပြီး၊ ဂုဏ်သတင်းမရှိ‌သူ‌တို့ဟာ ကျော်ကြားသူတို့ကို ဆန့်ကျင်၍၊ မိုက်မဲသူတို့သည် ပညာရှိတို့ကို ဆန့်ကျင်၍၊ အသက်ငယ်သူတို့သည် အသက်ကြီးသူတို့ကို ဆန့်ကျင်၍ ထကြွလာမည်။"

 

“အချည်းနှီးသက်သက်သာဖြစ်ပြီး၊ အကျိုးအမြတ်မဖြစ်သော ဂရုစိုက်မှုများကို စွန့်လွှတ်၍ သန့်ရှင်းမြင့်မြတ်သော ခေါ်တော်မူခြင်း၏ ဘုန်းကျက်သရေနှင့် ကြည်ညိုလေးစားမှုသို့ ချဉ်းကပ်ကြပါစို့” ဟူ၍ ပုပ်ရဟန်းမင်းကြီး "ကလဲမင့် (Clement)" က နောင်တရရန် တောင်းဆိုခဲ့သည်။ "ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူသော အရှင်၏ မျက်မှောက်တော်တွင် ကောင်းမြတ်ခြင်း၊ နှစ်သက်ဘွယ်သောအရာတို့ဖြင့် ဘုရားရှင်ကို ချည်းကပ်ကြပါစို့" ဟူ၍ ဖိတ်ခေါ် မိန့်ကြားခဲ့သည်။

 

"ဘုရားသခင်၏ အမိန့်တော်နှင့် စည်ကမ်းချက်များသည် ဘုရားရှင်၏ ဥပဒေများကို လိုက်နာကျင့်သုံးသော သဘာဝတရား၏ စွမ်းတန်ခိုးရှိရာ အခြားသော ဖန်ဆင်းခြင်းများ၌ တည်ရှိသကဲ့သို့ အသင်းတော်၌ အရေးပါသည်။" ဆိုပြီး ရေးသားဆုံးမထားပါတယ်။

 

ပုပ်ရဟန်းမင်းကြီး "ကလဲမင့် (Clement)" ဟာ "ကောရိန္တုမြို့သား" တွေကို သူတော်ကောင်းဟန်ဆောင်ပြီး ငြိမ်သက်ခြင်းကို လိုလားကြရန် ‌ ဟောပြောသောသူများထက် ငြိမ်သက်ခြင်းကို ပြုစုပျိုးထောင်သူတို့၏ နောက်သို့ လိုက်ရန် သတိပေးခဲ့ပါတယ်။

 

"ကလဲမင့် ဘုရားကျောင်း (Church Clement)" ဦးဆောင်သော အရာတစ်ခုမှာ မှန်ကန်သော ဖွဲ့စည်းပုံစနစ်၊ ရိုးရာအစဥ်အလာနှင့် ဘဝရဲ့အခြေခံများအဖြစ် ဂုဏ်တင်ခဲ့ကြပါတယ်။

 

ရဟန်းမင်းကြီး "ကလဲမင့် (Clement)" က "ကောရိန္တုမြို့သားများ" ကို “ကျွန်ုပ်တို့အားသခင်ဘုရား မိန့်မှာထားသည့်အတိုင်း လုပ်ဆောင်ရန် အရာခပ်သိမ်းကို ပြုလုပ်ရန် အချိန်နှင့်အမျှ ကျွန်ုပ်တို့ပြုမူကြဖို့" ပောာပြခဲ့ပါတယ်။

 

ပုပ်ရဟန်းမင်းကြီး "ကလဲမင့် ၁ (Clement I)" ဟာ အေဒီ ၁၀၀ ခန့်မှာ သေဆုံးခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ သူ့ကို အနောက်တိုင်း အသင်းတော်တွေရဲ့ အများဆုံးသော ရိုးရာအယူဝါဒဆိုင်ရာ ကိုယ်တော်မြတ်နှင့်သက်ဆိုင်သည့် ဆုတောင်းချက်ဖြစ်သော ရောမကျမ်းမှာ ဖော်ပြထားတဲ့ ရဟန္တာများထဲက တစ်ပါးဖြစ်ပါတယ်။

# # # # # # # # # # # # # # # # #

ကြယ်စင်လေး (SJA)

Ref: CNA

 

Add new comment

1 + 15 =