#စိန့်အာသနားဆီအုစ့် (မွေး - ၂၉၆၊ ပျံလွန် - ၃၇၃၊ မေလ၊ ၂)

#စိန့်အာသနားဆီအုစ့် (မွေး - ၂၉၆၊ ပျံလွန် - ၃၇၃၊ မေလ၊ ၂)

#ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် #မေလ (၂) ရက်နေ့

ယနေ့ ပွဲနေ့ရှင်သည် အလွန်ခက်ခဲ ကြမ်းတမ်းလှသော ဘ၀ကို ဖြတ်သန်း ရှင်သန်ခဲ့ရသည်။ သို့သော် ယုံကြည်ခြင်းတရားနှင့် အမိသာသနာ အပေါ်၌မူ လုံး၀သစ္စာ မပျက်၊ တရားမသွေဖီခဲ့ပေ။ သူသည် ယုံကြည်ခြင်း၏ စံပြကောင်းတစ်ဦး ဖြစ်ခဲ့သည်။ အထူးသဖြင့် Arius၏ အယူဝါဒ (arianism)နှင့် ပတ်သက်၍ အမိသာသနာတော်ကြီးကို ရွံ့ရွံ့ချွံချွံ ကာကွယ်ပေးခဲ့သည်။ ထိုအယူ၀ါဒကား ယေဇူးသခင်သည် ဘုရားစင်စစ် မဟုတ်ဟု ဖြစ်သည်။ ယနေ့ ပွဲနေ့ရှင်၏ အလွန်ထက်ရှ ချွန်မြသော ကလောင်သွားသည် သူ့အား အမိသာသနာ၏ ဖခင်ကြီးများ စာရင်းလည်း ၀င်စေခဲ့သည်။ ဓမ္မရေးရာ ပါရဂူဂုဏ်ပုဒ်ကိုလည်း ထိုက်တန်စွာ ရရှိစေခဲ့သည်။

သူသည် အီဂျစ်နိုင်ငံ၊ အလက်ဇန်းဒရီးယား ဒေသမှဖြစ်ပြီး ခရစ်ယာန် မိသားစုမှ (၁၂၉)တွင် မွေးဖွား သန့်စင်ခဲ့သည်။ သူသည် ပညာကို ကောင်းစွာ သင်ကြား တတ်မြောက်ခဲ့သည်။ သူ၏ထွန်းချွန်သော

ပညာကြောင့် နောက်ပိုင်း၌ အလက်ဇန်းဒရီးယား နယ်၏ ဆရာတော် အလက်ဇန်းဒါး၏ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ထို့နောက် ရဟန်းဘ၀ကို ခံယူပြီး နောက်ပိုင်း၌ အလက်ဇန်းဒရီးယားနယ်၏ ဆရာတော် ဖြစ်လာခဲ့သည်။ ဆရာတော် အလက်ဇန်းဒါးသည် သာသနာ၏ အရှေ့ပိုင်း၌ ပျံ့နှံ့အား ကောင်းလာနေသော arianism၏ အယူအဆနှင့် ပတ်သက်၍ ပွင့်လင်းစွာ ပြောဆို ထောက်ပြခဲ့သည်။ ယနေ့ ပွဲနေ့ရှင်သည် ဆရာတော် အလက်ဇန်းဒါး၏ အရိုက်အရာကို ဆက်ခံရသောအခါ ထို၀ါဒကို ဆက်လက် တိုက်ပွဲ၀င်ခဲ့သည်။ အစပိုင်း၌ ဤအမှုသည် သာသနာက လက်ဦးမှုရပြီး အယူလွှဲမှားသော အုပ်စုသည် အရေးနိမ့်မည့်ဟန် ရှိနေခဲ့သည်။ လက်တွေ့၌မှု ထိုသို့ မလွယ်ကူခဲ့။ ထို့ကြောင့် တီရာ (Tyre) အရေးပေါ် အစည်းအ‌ဝေးကြီးကို ခေါ်၍ ဆွေးနွေးခဲ့ကြသည်။ သို့သော် ပြတ်သားသော အဖြေ ထွက်ပေါ် မလာခဲ့ပေ။ ထိုကိစ္စကြောင့် ကွန်စတင်တိုင်း ဘုရင်သည် ယနေ့ပွဲနေ့ရှင်ကို Gaul သို့ ပြည်နှင်ဒဏ် ပို့လိုက်သည်။

ကွန်စတန်တိုင်းဘုရင် နတ်ရွာစံသောအခါ သူ၏သားတော်သည် ယနေ့ပွဲနေ့ရှင်ကို ဆရာတော်အဖြစ် ပြန်လည် အသိအမှတ်ပြု၍ ပြန်ခေါ်ခဲ့သည်။ ယခုတစ်ကြိမ်၌လည်း တစ်နှစ်သာ ခံသည်။

အဘယ်ကြောင့်ဆိုသော် arius ၏ အယူဝါဒကို အားပေးထောက်ခံသော ဆရာတော်များ၏ ပူးပေါင်း ကြံစည်မှုဖြင့် တဖန် အမှုတော် ဆောင်ရန် ကိစ္စများ ပိတ်ပင်ခံခဲ့ ရပြန်သည်။ ထို့ကြောင့် ပွဲနေ့ရှင်သည် သူ၏အမှုကို ရောမသို့ တင်လျှောက်ခဲ့ပြီး ထိုစဉ်က ရဟန်းမင်းကြီးဖြစ်သော ရဟန်းမင်းကြီး ဂျူလီယန်(၁) အစည်းအဝေး ဆင့်ခေါ်ကာ ဤအမှုနှင့် ဆက်နွယ်သော ကိစ္စအ၀၀ကို ဆွေးနွေး စီစစ်လိုက်သည်။ ယနေ့ ပွဲနေ့ရှင်သည် စစ်မှန်သော ယေဇူးသခင်၏ ဘုရားအဖြစ်တော်ကို

ကာကွယ်ရန်အတွက် ငါးကြိမ်တိုင်တိုင် ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်။

သူ၏ရဟန်းမင်းကြီး အမှုတော်ကာလ၌ (၁၀)နှစ်ခန့်မျှသာ အေးဆေးငြိမ်းချမ်းစွာ ဦးဆောင်နိုင်ခဲ့သည်။ ထိုငြိမ်းချမ်းသောကာလ အတောအတွင်း စာဖတ်ခြင်း၊ စာရေးခြင်း၊ ခရစ်ယာန် အသက်တာကို ရသေ့တို့၏ ကျင့်စဉ်နှင့် အံ၀င်အောင် အားပေး မြှင့်တင်ပေးနိုင်ရန် ကြိုးစားခဲ့သည်။ သူသည်

ရသေ့ဘ၀ကို အလွန်လေးစား ခုံမင်သူဖြစ်သည်။ သူ၏ယုံကြည်ခြင်းနှင့် သမိုင်းကြောင်းဆိုင်ရာ အရေးအသားများသည် arianism ကို တစ်ချက်ခြင်း ပြန်လည် ချေပထားပြီး ထိုအုပ်စုအား အလွန်အကြပ် ရိုက်စေခဲ့သည်။

ဝိညာဉ်ရေး ကျင့်စဉ်ကို ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်သော စိန့်အန်ထော်နီ၏ သက်တော်စဉ် အကြောင်းသည် အလွန်လူဖတ်များခဲ့ပြီး အနောက်နိုင်ငံ၌ ရသေ့ကျောင်းများ ဖွင့်လှစ်ရန် အကြောင်းတရား ဖြစ်စေခဲ့သည်။ ရသေ့တို့၏ ကျင့်စဉ်သည် အရှေ့တိုင်း၏ ဝိညာဉ်ရေး ကျင့်စဉ်ဖြစ်ပြီး အနောက်တိုင်း၌ လူသိမများသေးပေ။ ယနေ့ပွဲနေ့ရှင်သည် ဆရာတော် ဖြစ်လာသည်နှင့် အခက်အခဲ များစွာကို ရင်ဆိုင်ကျော်ဖြတ် ခဲ့ရသည်။ လွှဲမှားချွန်ချောသော တရားကို မအောင်နိုင်မချင်း ရပ်တည် တွန်းလှန်ရန် အင်အားကို ရရှိခဲ့သည်။ ယနေ့ပွဲနေ့ရှင်သည် သိုးထိန်းကောင်း တစ်ပါး၏ အသက်တာကို ပြည့်၀စွာ ရှင်သန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သော ယုံကြည်ခြင်းအတွက် သူသည် မိမိ၏အသက်ကိုပါ မငဲ့ဘဲ မားမားမတ်မတ် ရပ်တည် ကာကွယ်ခဲ့သည်။ မျက်မှောက်ကမ္ဘာ၌ ကျွန်ုပ်တို့ အားလုံးလည်း ယနေ့ပွဲနေ့ရှင်ကဲ့သို့ မှားယွင်းသောဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး အယူအဆများကို မှန်ကန်အောင် တည့်မတ်ပေးရန် လိုသည်။ မိမိကိုယ်တိုင် အမှားကို စွဲလန်း နောက်လိုက်မဖြစ်ရန် သတိဖြင့် ဆင်ခြင်ကြပါစို့။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

Add new comment

2 + 9 =