စိန့်အလွိုင်ရှပ်စ်ဂွန်ဇာဂါပွဲနေ့  (St. Aloysius Gonzaga, SJ) ဇွန်လ (၂၁) 

 

စိန့်အလွိုင်ရှပ်စ်ဂွန်ဇာဂါပွဲနေ့  (St. Aloysius Gonzaga, SJ) ဇွန်လ (၂၁) 

စိန့်အလွိုက်ရှပ်စ်ဂွန်ဇာဂါသည် လူငယ်များ၊ ကျောင်းသူ/သားများနှင့် ရောဂါသည်များကို စောင့်ရှောက်သည့် ရဟန္တာဖြစ်သည်။ သူသည် ၁၅၆၈ခုနှစ်၊ အီတလီနိုင်ငံမြောက်ပိုင်းရှိ မင်းမျိုးမင်းနွယ် မိသားစုမှ မွေးဖွားခဲ့သည်။ သူ၏ငယ်နာမည်မှာ လွီဂျီဖြစ်သည်။ ဖခင်စစ်ဗိုလ်ကြီး၏ အလိုအရ ၅နှစ်အရွယ်ကပင် စစ်ပညာကို စတင်သင်ယူခဲ့ရပြီး စစ်သားများ၏ ကြမ်းတမ်းသည့် စရိုက်ကို အတုယူခဲ့သော်လည်း ဘုရားတရား ကြည်ညိုကိုင်းရှိုင်းသည့် မိခင်ကြောင့် ဖြူစင်သည့် ဘ၀ကို အလွိုင်ရှပ်စ် ပိုမြတ်နိူးခဲ့သည်။ ထို့ကြောင့် အစာရှောင် ဆုတောင်းခြင်း၊ ခြိုးခြံခြင်းများ ပြုလုပ်ကာ သူ့အသက် (၉)နှစ်အရွယ်၌ ဖြူစင်ခြင်းပါရမီကို အမြဲစောင့်ထိန်းမည်ဟု မယ်တော်သခင်မထံ တိတ်တဆိတ် ကတိပြုခဲ့သည်။

ထိုအချိန်တွင် အာရှဒေသ၊ အိန္ဒိယနိုင်ငံတွင် သာသနာပြုနေကြသည့် ဂျက်ဇွစ် (ယေဇူးအသင်းသား)များဖြစ်သည့် စိန်ဖရန်စစ်ဆေးဗီးယားနှင့် အဖွဲ့သားများ၏ အတွေ့အကြုံများအကြောင်း စာဖတ်ပြီးနောက် ဂျက်ဇွစ်အသင်းသို့ ဝင်ရန်ဆုံးဖြတ်ခဲ့သည်။ စစ်သူကြီး ဖြစ်ခိုင်းချင်သည့် သူဖခင်အား “ကမ္ဘာတစ်ခုလုံး၏ ဘုရင်ဖြစ်ခြင်းထက် ဘုရားသခင်၏ ကလေးတစ်ဦဖြစ်ခြင်းသာ ပို၍ကောင်းသည်” ဟု အလွိုင်ရှပ်စ် ပြန်ဖြေခဲ့သည်။

“It is better to be a child of God than the king of the whole world” ဖခင်ဖြစ်သူသည် သူ့ကို အမျိုးမျိုးကြိုးစား တားမြစ်၍ မရသည့်အဆုံး ခွင့်ပြုလိုက်ရ၏။ အလွိုင်ရှပ်စ်သည် သူ၏ ရပိုင်ခွင့်နှင့် မိသားစုအမွေအားလုံးကို ညီဖြစ်သူအား လွှဲအပ်ပြီး ၁၅၈၅ခုနှစ်တွင် ရောမမြို့ရှိ Society of Jesus (Jesuit Order) ဂျက်ဇွစ်အသင်းသို့ ဝင်ခဲ့သည်။

အလွိုင်ရှပ်စ် ကိုရင်ဘ၀ဖြင့် သီအိုလောဂျီသင်ယူနေစဉ် ၁၅၉၁ခုနှစ်တွင် ရောမမြို့၌ (ယခု ကိုလိုနာဗိုင်းရပ်စ်ကဲ့သို့) ဆိုးဝါးသည့် ပလိပ်ရောဂါ ကျရောက်ခဲ့သည်။ ထိုအခါ လူနာများအတွက် ဂျက်ဇွစ်များဖွင့် ထားသည့်ဆေးရုံတွင် အလွိုင်ရှပ်စ် ဝင်ရောက်ကူညီခဲ့ပြီး သူကိုယ်တိုင်လည်း ပလိပ်ရောဂါ ကူးစက်ခံခဲ့ရသည်။ အလွိုင်ရှပ်စ်၏ အတုယူဖွယ် ပါရမီနှင့် သမိုင်းသည် ကိုလိုနာဗိုင်းရပ်စ် လူနာများကို ကူညီစောင့်ရှောက် ကုသပေးရင်း အသက်ပေးခဲ့ကြသည့် ဆေးဆရာ/မများနှင့် စေတနာဝန်ထမ်းများနှင့် တူသည်။ လူသားချင်းစာနာစိတ်ဖြင့် တခြားသူများ ပြန်လည်ကျန်းမားလာစေရန် အသက်ပေးဆပ် ကြသူများကို အမြဲလေးစား စံပြုထိုက်သူများ ဖြစ်ပေသည်။

စိန့်အလွိုင်ရှပ်စ် ဂွန်ဇာဂါသည် ဘုရားတရား ကြည်ညို ကိုင်းရှိုင်းခြင်း၊ သန့်ရှင်းဖြူစင်ခြင်း သို့မဟုတ် စင်ကြယ်ခြင်း၊ ဘုရားသခင်နောက်လိုက်ရန် လောကအရာများ၌ အလွန်အကျွံတွယ်ကပ်မနေဘဲ လွတ်လပ်သည့် စိတ်ထားရှိခြင်း၊ ဆင်းရဲသားများနှင့် ရောဂါသည်လူနာများကို "မားဂျစ်စ်" စိတ်ဓာတ်နှင့် ပိုချစ်ခြင်းအားဖြင့် အစေခံခြင်းစသည့် ပါရမီများကို ခရစ်ယာန်တိုင်း အတုယူ သင့်ပေသည်။

စိန့်အလွိုင်ရှပ်စ် ဂွန်ဇာဂါ၊ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးမူပါ။ အာမင်။ 

{#မှတ်ချက်။ ။မြန်မာနိုင်ငံ၊ တောင်းကြီးမြို့တွက် ဂျက်ဇွစ်အသင်းဂိုဏ်းမှ ဖွင့်လှစ်ထားသည့် အင်္ဂလိပ်စာသင်ကျောင်းကို အတိုကောက် (S.A.G) ကျောင်းဟု ခေါ်ကြပြီး နာမည်အပြည့်အစုံမှာ (Saint Aloysius Gonzaga) ဖြစ်ပါတယ်။ ထိုကျောင်းတွင် တက်ရောက်သင်ကြားနေကြသည့် ကျောင်းသ/သားများကိုလည် Aloysians ဟုခေါ်ကြပါသည်။}

Happy Feast Day to all those who bear his name & Aloysians!

#StAloysiusGonzagaSJ #PlagueVolunteer #JesuitSaints #AMDG #PatronOfYouth #Magis

 

Add new comment

2 + 4 =