#စိန့်သီအိုဖါနက်စ် (ရာဇဝင်ရေးမှတ်သူ)

#St_Theophanes (The Chronicler),

#စိန့်သီအိုဖါနက်စ် (ရာဇဝင်ရေးမှတ်သူ)

မတ်လ (၁၂)

စိန့်သီအိုဖါနက်စ်သည် ကွန်စတန်တင်(၅)၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့သည်။ သူ့ဖခင်သည် သူငယ်ရွယ်စဉ်က သေဆုံးသွား၍ အမွေအနှစ် အများစွာကုိ ချန်ထားခဲ့ ပေးခဲ့သည်။ သူ့အား (Byzantine Partician) သမီးနှင့် လက်ထပ်ရန် ဆွဲဆောင် ခဲ့ကြသည်။ သို့သော် နှစ်ဦး သဘောတူညီမှုဖြင့် သူ့အမျိုးသမီး သီလရှင်ဘောင်သို့ ဝင်‌ေရာက်ခဲ့သည်။ သူလည်း ရသေ့ကျောင်းသို့ ဝင်သည်။ Cyzicus and the Kirmasti ချောင်းကြား သူကိုယ်တိုင် ရသေ့ကျောင်းကို ဆောက်ထားသည်။ ပင်လယ်ကမ်းခြေ Mermera ပင်လယ်ကမ်းရှိ ရသေ့ကျောင်း၌ ဘုရားအတွက် အမှုထမ်းခဲ့သည်။

အေဒီ ၇၈၇-ခုနှစ် ဒုတိယအကြိမ် နီဆဲလ် (Nicea) ညီလာခံ အစည်းအဝေးသို့ တက်ရောက်ရန် စိန့်သီအိုဖါနက်စ်အား အသင်းတော်မှ ဖိတ်ကြားခဲ့သည်။ အကြောင်းမှာ သန့်ရှင်းသော ဆင်းတု၊ ရဟန္တာများ အမွေအနှစ်များ အသုံးပြုရေး၊ မပြုရေးအတွက် ဆွေးနွေးရန် ဖြစ်သည်။ အေဒီ ၈၁၄-ခုနှစ်တွင် အာမေနီယား ဧက္ကရာဇ်မင်း လေအို(၅)က ဆင်းတုဆိုင်ရာ ပေါလဆီကို ဆန့်ကျင်ခဲ့သည်။ စိန့်သီအိုဖါနက်စ်သည် ဆင်းတု၊ ရုပ်ပွားတော်များအား ရိုက်ချိုးဖျက်ဆီးသည့် လေအိုဧက္ကရာဇ်မင်း၏ အယူဝါဒကို ရဲဝံ့စွာ တိုက်ခိုက် ဆန့်ကျင်ခဲ့သည်။ ဧက္ကရာဇ်မင်းအား သတိမထားသည့်အတွက် သူ့သည် အကျဉ်းချ ခံထားရသည်။ သူ့အား အချက်ပေါင်း (၃၀၀)ရိုက်ပြီးမှ အကျဉ်းထောင်အတွင်း ရုံးခန်းသို့ (၂)နှစ် ချထားကြသည်။ သူသည် ကျန်းမာရေး အခြေအနေ မကောင်းဘဲ ခဏခဏဖျားသည်။ သူ့အား ဆာမိုထရဲကျွန်းသို့ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ ၎င်းကျွန်းတွင် သူ ကွယ်လွန်ခဲ့သည်။ ဂရိတ်လူမျိုးနှင့် လာတင်းအသင်းတော်၏ ကိုးစားရာရဟန္တာဖြစ်သည်။

အာဏာရူး အုပ်ချုပ်သူများ မှားသည့်အခါ အမှန်တရားအတွက် ထောက်ပြပြောဆိုရာ၌ အတုယူထိုက်သည့် ရဟန္တာ တစ်ပါးဖြစ်ပါသည်။

အေဒီ ၈၁၀ နှင့် အေဒီ ၈၁၄ ကြား အရေးကြီးဆုံး အသင်းတော်သမိုင်း မှတ်တမ်းရေး ပုဂ္ဂိုလ်ကြီး ဂျောဆင်ဆေးလူစ် ကပြောသည်။ အေဒီ ၂၈၄ နှင့် အေဒီ ၈၁၃ အတွင်း အသင်းတော်သမိုင်း မှတ်တမ်းမှာ နီဆေးဖော့ရပ်စ် (၁) ကွန်စတန်တင်နိုပယ် အဓိကမူလ သဘောတရားဖြစ်သော (Byzantine) ဘိုင်ဇတင်း သမိုင်းအကြောင်းရင်းအတွက် ရာစုနှစ် (၇)နှင့်(၈)တွင် နာမည်ကျော်သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

Add new comment

3 + 3 =