#စိန့်ယူဖရေးစီယား (ကညာစင်) မတ်လ (၁၄)

#စိန့်ယူဖရေးစီယား (ကညာစင်) မတ်လ (၁၄)

#St_Euphrasia (Virgin),

စိန့်ယူဖရေးစီယားသည် အန်တီရိုနိစ်မှ ကွန်စတန်တင်နိုပါယ် ဘုရင်၏ မင်းတိုင်ပင်ခံ မှူးမတ်၏ သမီးဖြစ်သည်။ သူမ၏ ဖခင်သည် သူမမွေးဖွားပြီး မကြာခင် ဘုရားသခင်က ပြန်လည်သိမ်းပိုက်ခဲ့သည်။

သူမ၏ ဖခင်သည် တီအိုဒိုစီ (ဧက္ကရာဇ်မင်းကြီး)၏ ဆွေမျိုး ဖြစ်သည်။ ထို့ကြောင့် ယူဖရေးစီယားနှင့် မိခင်အား ဧက္ကရာဇ်မင်းကြီးတီအိုဒိုစီက ကြည့်ရှု စောင့်ရှောက် ခဲ့ရသည်။ သူတို့၏ ယဉ်ကျေးမှု ထုံးစံအတိုင်း ဧက္ကရာဇ်မင်း တီအိုဒိုစီက ယူဖရေးစီယား (၅)နှစ် အရွယ်တွင် သူဌေးကြီးမင်းတိုင်ပင်၏ သားနှင့် စေ့စပ်ကြောင်းလမ်း စေသည်။ သို့သော် မကြာခင် ယူဖရေးစီယားနှင့် မိခင်သည် အီဂျစ်ပြည်သို့သွား၍ ကွန်ဗင့်ကျောင်းနားမှာ သွားနေကြသည်။ တစ်နေ့ ယူဖရေးစီယား (၇)နှစ်အရွယ်မှာ မိခင်အား ကွန်ဗင့်ကျောင်းဝင်ရန် အခွင့်တောင်းလေသည်။ ဘုန်းကြီးကလည်း ဘုရားသခင်အလိုတော် ဖြစ်နိုင်ကြောင်း သူမအား အခွင့်အရေးပေးရန် မိခင်အား အကြံပေးသည်။ မိခင်ကလည်း သူမအား ကွန်ဗင့်ကျောင်းသို့ဝင်ရန် အခွင့်ပေးလေသည်။ မကြာခင် ဝတ်ရုံဖြူဝတ်သည်။ မိခင်သည် မကြာခင် သေဆုံးသွားသည်။

သူမ၏ စေ့စပ်ကြောင်းလမ်းခြင်းကို ငြင်းပယ်၍ ပယ်ဖျက်ပြီး ဧက္ကရာဇ်မင်း (အကားဒီအိုစ်) ထံ သူမရသင့်ရထုိက်သော အမွေများယူရန် အခွင့်တောင်းသည်။ အသက်(၁၂)နှစ် ရှိလာသည့်အခါ ဤကဲ့သို့ အမွေတောင်းပြီး ဆင်းရဲသားများအား ဝေမျှရန်ဖြစ်ကြောင်း ပြောဆိုကာ စာရေးသားခဲ့သည်။ သူမ၏ခေါ်တော်မူခြင်းအား ထောက်ခံအားပေးရန်လည်း စာရေးသည်။

ယူဖရေးစီယား၏တောင်းခံခြင်းအား အာဏာဒီနစ်က သဘောတူ လိုက်နာသည်။ သူမသည် ဘာဒုက္ခပဲတွေ့ရတွေ့ရ ခံထမ်းရန် ဆုံးဖြတ်ထားသည်။ မကြာခင်နှစ်များတွင် သူမအိပ်ရာပေါ်လဲ၍ နေသောအခါမှာ ဂျူလီယားသည် ကောင်းကင်၌ ဘုရားသခင်အား ဖူးမြင်ရ၍ ကျေးဇူးအပေါင်းနှင့် ပြည့်စုံကြောင်း ထင်ရှားသည်။ သူမသည် မကြာခင် ဘုရားသခင် ပြန်လည်သိမ်းပိုက်သည်။

ရုရှားနိုင်ငံတွင် (Byzantine Mass) ဘိုင်ဇန်တင် မစ္ဆားပူဇော်ခြင်း အစီစဉ်၌ စိန့်ယူဖရေးစီးယားအား ရှေ့ဆုံးမှာ မစ္ဆားတရားပူဇော်ခြင်း၏ ပြင်ဆင်ရာမေတ္တာ၌ ပါဝင်စေသည်။

စိန့်ယူဖရေးစီးယား၊ ကျွန်ုပ်အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Credit #‌ေြကးစည်မြန်မာ

Add new comment

4 + 9 =