စိန့်မာရီအဲန်ကော်ပ် (Saint Marianne Cope) ဇန္နဝါရီလ (၂၃):

စိန့်မာရီအဲန်ကော်ပ် (Saint Marianne Cope) ဇန္နဝါရီလ (၂၃):

 (၁၉) ရာစုအချိန်ကာလသည် ဟာဝိုင်ရီတွင် အနာကြီးရောဂါသည်များကိုသာမက ရောဂါသက်သာပြီး အမာရွတ်ရှိ နေကြသည်ကိုပင် အထိတ်တလန့်ြဖစ်နေခဲ့သော ရာစုဖြစ်ခဲ့သည်။ ဆေးပညာဆိုင်ရာ ဗဟုသုတ နည်းပါး ခဲ့ခြင်းကြောင့် ဖြစ်နုိင်သည်။ ထိုအခြေအနေကို အကောင်းဆုံး ကိုင်တွယ်ရန်အတွက် ဘုရားသခင်စေလွှတ်ပေးခဲ့သူမှာ နောင်တစ်ချိန်တွင် မိုလိုခိုင်းမှ မာသာရ်မာရီအဲန် ပင်ဖြစ်သည်။ သူမ၏ သတ္တိဖြင့် လူအများ ဖယ်ကျင်းခံဘ၀ ရောက်နေကြသည့် ဟာဝိုင်ရီမှ ဝေဒနာသည်တို့၏ ဘဝပေါင်းများစွာကို မ ထင်မှတ်အောင် ပြောင်းလဲမြှင့်တင်ပြီး စွဲထူပေးနိုင်ခဲ့သည်။ ထိုအချိန်ကဟာဝိုင်ရီကျွန်းသည်အမေရိကန်ပြည်ထောင်စု၏ လက်အောက်တွင် ရှိနေခဲ့သည်။

လူအများစု၏ ဖယ်ကျင်းစွန့်ပစ်ခံ ဘဝကြောင့် ဘဝပေးအခြေအနေ အလွန်နိမ့်ကျနေခဲ့သော သူများကို ဘုရားသခင်၏ သားသမီးများအဖြစ်ကူညီနိုင်ရန် သူမ ပြတ်သားစွာဆုံးဖြတ်သည့် လုပ်ဆောင်ချက်ကြောင့်လည်း (၂၀၀၅၊ မေလ၊ ၁၄) ရက်နေ့တွင် သာသနာတော်ကြီး၏ အသိ အမှတ်ပြု ခြင်းကို ထိုက်တန်စွာခံခဲ့ရသည်။ သူမကုိ သူတော်စင် (Blessed) အဖြစ် ရောမမြို့တွင် တင်မြောက်ခဲ့သည်။ သူမသည်ကမ္ဘာကြီးအား အမှန်တရားနှင့် ချစ်ခြင်းမေတ္တာဖွဲ့ စကားကိုသာ ပြောဆုိသော အမျိုးသမီး တစ်ဦးဖြစ်ခဲ့သည်ဟု သူတော် စင်တင်မြောက်ခြင်း ဆိုင်ရာအဖွဲ့ကုိ ကြီးကြပ်သူရဟန်းအမတ် ဂျိုးဇေဆာ ရိုင်းဗာမာတင်းစ်က မှတ်ချက်ပေးခဲ့ပါသည်။ သူတော်စင်တင်မြောက်သော မစ္ဆားတရားကိုလည်း ရဟန်းအမတ် မာတင်စ်ကဦးဆောင်ခဲ့ပြီ၊ ထိုမစ္ဆားတရား၏ သြ၀ါဒတွင်လည်း အံ့သြဖွယ်ကောင်းလှသောဘုရား သခင်၏ကျေးဇူးတော် ဖြစ်သည်ဟုလည်း သူ့မအား ချီးမွှမ်းမိန့်ကြားခဲ့သည်။ အနာကြီးရောဂါ ခံစားနေရသူများ၌ ယေဇူးသခင်၏ ရွှေမျက်နှာတော် ကိုမြင်တွေ့နိုင်ခဲ့သည်။ ဧဝံဂေလိ ကျမ်းစာတော်မြတ်ထဲ၌ ဓားပြ၏လက်ချက်ဖြင့် သေလုမျောပါးဖြစ်နေသူအား ကယ်တင်ပေးခဲ့သောသူစိမ်းလူ ဆာမာရီတန် ကဲ့သို့ပင် သူမသည်လည်း ဟာဝိုင်ရီကျွန်းသူ ကျွန်းသားတို့အတွက် မိခင်သဖွယ် ဖြစ်ခဲ့ပါသည်။

ဇာတိ‌ေြမသမိုင်း

သူမသည် (၁၈၃၈၊ ဇန္နဝါရီလ၊ ၂၃) ရက်နေ့တွင် ဂျာမဏီနိုင်ငံ၊ Hessen-Darmstadt မြို့ရှိ ပီတာနှင့် ဘားဘရာကော့ပ်တို့မှ သမီးရတနာတစ်ဦးအဖြစ် မွေးဖွားသန့်စင်လာခဲ့သည်။ သူမ၏နာမည်ကို သူမမိခင်၏ အမည်နွယ် နာမှည့်ဖြင့်ခေါ်ခဲ့ ကြသည်။ သူမနှစ်နှစ်အရွယ်တွင် သူမ၏ မိ သားစု တစ်ခုလုံး အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွေ့ သွားခဲ့ကြပြီး၊ နယူးယောခ်ပြည်နယ်၊ အုတီကာတွင် အခြေချခဲ့ကြသည်။ ငယ်ရွယ်သောဘာ ဘရာသည် အလုပ်လုပ်နိုင်သောအရွယ်မှတွင် စက်ရုံ အလုပ်များသုိ့၀င်ရောက် လုပ်ကိုင်ခဲ့သည်။ ထို့နောက် နယူးယောခ်မြို့၊ Syracuse ရှိ ဖရန်စ္စကင်သီလရှင် ကျောင်းသို့ ၀င်ရောက်သွားခဲ့သည်။ နောက်တစ်နှစ် သူမသင်္ကန်းခံယူပြီးနောက် သူမသည် အဆမ်းရှင်းသာသနာ အုပ်စုမှဖွင့် လှစ်ထားသော စာသင်ကျောင်းတွင် စာ၀င်သင်ပေးခဲ့သည်။

သီလရှင်ဘဝအသက်တာ

သီလရှင်ဝါရလာပြီးနောက်ပိုင်း သီလရှင်အသင်းများရှိရာ ကျောင်း များ၌ တာ၀န်ခံအကြီးအကဲအဖြစ်လည်း နေရာအတော်များများတွင် ထမ်း ဆောင်ခဲ့ ဖူးသည်။ ထို့အပြင် သီလရှင်လောင်းများအား ပြုပြင်ပုံသွင်းသော သင်တန်းကျောင်းတွင် နှစ်ကြိမ်တိုင်တိုင် အမူတော်ထမ်းဆောင် ခဲ့ရသည်။ သူမ၏ မွေးရာပါ ခေါင်းဆောင်မူအရည်အချင်း‌ေကြာင့် Syracuse ရှိ စိန်ဂျိုးဇက်ဆေးရုံကြီးတွင် သုံးကြိမ်တိုင်တိုင် တာ၀န်ခံ ဆေးရုံအုပ်အဖြစ် အမူတော်ထမ်း‌ေဆာင် ခဲ့ပါသည်။ ထိုဆေးရုံတွင် တာ၀န်အဖြစ် အမူထမ်းနေစဉ်က ကြိုးစားလေ့လာသင်ယူခဲ့သော အကျိုးကျေးဇူးကြောင့် နောက်ပိုင်းတွင် ဟာဝိုင်ယီရှိ အနာကြီးရောဂါသည်များကို ထိရောက်စွာ ကူညီ၊ ပြုစု၊ ကုသပေးနိုင်ခဲ့သည်။

(၁၈၇၇) ခုနှစ်တွင် အသင်းတစ်ခုလုံး၏ အမြင့်ဆုံး တာ၀န်ကို ထမ်းဆောင်သော အကြီးအကဲအဖြစ် ရွေးကောက်တင်မြောက် ခံခဲ့ရပြီး (၁၈၈၁)ခုနှစ် တွင်လည်း တစ်ညီတစ်ညွှတ်တည်း နောက်တစ်ကြိမ် ရွေးကောက်တင်မြောက်ခဲ့ပြန်သည်။ အသင်းတစ်ခုလုံး၏ သီလရှင် အကြီးအကဲအဖြစ်ရွေးချယ်ခံရပြီး နှစ်နှစ်အကြာတွင် ဟာဝိုင်ယီအစိုးရက အနာကြီးရောဂါသံသယရှိသူများကို ပြုစုစောင့်ရှောက်သော ဂေဟာကို တာ၀န်ယူ ပေးမည့်သီလရှင် အသင်းတစ်ခုခုကို လိုက်လံရှာဖွေ‌ေနခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့တွင် အမူထမ်းနေသော သီလရှင်အသင်းပေါင်း (၅၀) ကျော်ကို ချိပ်ဆက်မေးမြန်းခဲ့သော်လည်း လက်ခံပေးမည့်အသင်းတစ်သင်းမျှ မပေါလာခဲ့ပေ။

နယူးယောခ်မြို့၊ Syracuse ရှိ သီလရှင်များအား ကမ်းလှမ်းခဲ့ရာ သီလရှင် (၃၅)ပါး ချက်ချင်း စာရင်းပေးသွင်းခဲ့ကြသည်။ ထို့ကြောင့် (၁၈၈၃၊ အောက်တိုဘာလ၊ ၂၂) ရက်နေ့တွင် မာသာရ်ကြီးနှင့် အခြားသော သီလရှင် (၆) ပါးတို့ ချက်ချင်းပင် ဟာဝိုင်ယီသို့ ခရီးထွက်ခဲ့ကြသည်။ ၄င်းတို့သည် ဟိုနိုလူလူမြို့၏အပြင် ဘက် တွင် စောင့်ရှောက်ရေး ဂေဟာကိုလည်းကောင်း၊ Maui ကျွန်းတွင် ဆေးရုံနှင့် အမျိုးသမီး စာသင်ကျောင်းကိုလည်းကောင်း ဖွင့်လှစ်ခဲ့ကြသည်။

(၁၈၈၈) ခုနှစ်တွင် မာသာရ်နှင့် အခြားသီလရှင် (၂) ပါးတို့က မိုလိုခိုင်းသို့သွားကြပြီး၊ စောင့်ရှောက်မှုမဲ့နေသော အမျိုးသမီးကြီးများနှင့် အမျိုးသမီးငယ်များကို စောင့်ရှောက်ရန် နေရာတစ်နေရာကို ဖွင့်လှစ်ခဲ့ကြပြန်သည်။ ဟာဝိုင်ယီ အစိုးရသည် ခက်ခဲလှသော ဒေသသို့ သီလရှင်များကို စေလွှတ် ရန်အတွက် အလွန်တွန့်ဆုတ် နေခဲ့ပါသည်။ သို့သော် ဘုရားသခင်စေ လွှတ်ပေးသော မာသာရ်ကြောင့် အစိုးရအနေဖြင့် စိုးရိမ်စရာ စိုးစဉ်းမျှ မရှိခဲ့ ပေ။ မာသာရ်သည် ရဟန္တာဒါမီယံမှ ဦးစီးဖွင့်လှစ်ထားပေး ခဲ့သော အမျိုးသားများနှင့် ယောကျာင်္းလေးများဂေဟာကို ဦးဆောင်ခဲ့သည်။ မာသာရ်သည် မိုလိုခိုင်းကျွန်းသူ၊ ကျွန်းသားများအား ရောဂါဘယမှ ကင်းရှင်းရန် တကိုယ်ရည် တကာယ သန့်ရှင်းရေးလိုအပ်ကြောင်း၊ မိမိကိုယ်ကို တန်ဖိုးထားတတ်ရမည့်အကြောင်း၊ ပျော်ရွှင် ရယ်မောစများကို ပြောပြ၍ စတင်သင်ကြားပေးခဲ့သည်။ လူစိမ်းများ၏ ချဉ်းကပ်မူကို ကြောက်နေကြသောအမျိုးသမီးကြီးငယ်များကို၊ လှပသော အပွင့်၊ အခက်များ၊ အရောင် အသွေးစုံသောအကျီင်္များဖြင့် မြှားခေါ်ခဲ့ရသည်။

အသင်း‌ေတာ်သည် ဟာဝိုင်ယီအစိုးရမှ ချီးမြှင့်သော Kapiolani ဆုကိုလည်း လက်ခံရရှိခဲ့သည်။ မာသာရ်သည် ဆက်လက်၍ သာသနာ့အမူ‌ေတာ်ကိုသစ္စာ ရှိစွာလုပ်ဆောင်ရင်း၊ ခေါ်တော်မူခြင်းများလည်း ရရှိခဲ့ကြသည်။ မာသာရ်သည် (၁၉၁၈၊ သြဂုဏ်လ၊ ၉) ရက်နေ့တွင် ပျံလွန်သွားခဲ့သည်။ သူမကို သူတော်စင်အဖြစ် တင်မြောက်ပြီး၊ ခုနှစ်နှစ်အကြာတွင် ရဟန္တာအဖြစ်တစ် ဖန်တင်မြောက်ခံခဲ့ရပါသည်။

စိန့်မာရီအဲန်‌ေကာပ်၊ ကျွန်ုပ်အဖို့ငှာ ဆုတောင်းပေးတော်မူပါ။

Credit, Cle Pike

 

Add new comment

4 + 2 =