စိန့်ဗင်းဆင်း (1350 – 1419) April (5)

စိန့်ဗင်းဆင်း (1350 – 1419) April (5)

St. Vincent Ferrer

စိန့်ဗင်းဆင်း၏ မိဘဆွေမျိုးများသည် ၁၂၃၈-ခုနှစ်တွင် ဆာဘွဲ့ရသူစာရင်းလုပ်ငန်း၌ ပါဝင်အမှုထမ်းသူများ ဖြစ်ကြသည်။ သူ့အသက် ၁၄-နှစ်အရွယ်၌ ဒဿနိက (ဖိလော်ဆော်ဖီပညာ) အောင်မြင်ခဲ့သည်။ ၃-နှစ်လောက်ကြာသော် ဒေါမိနစ်ကန် (Dominican) ရဟန်းဂိုဏ်းသို့ ဝင်ခဲ့သည်။ သူရဟန်း ဘုန်းတော်ကြီး ဖြစ်ပြီးနောက် ၁၃၈၄-ခုနှစ်၌ ကာသီဒြယ် (Cathedral) ကျောင်း၌ (Professor) စာချပုဂ္ဂိုလ် ဖြစ်လာသည်။ ၁၃၉၁-ခုနှစ်၌ ဘုရင်ဂျွန်(၁) (King John I) က သူ၏ အကြံပေးအရာရှိနှင့် ဘုရင်မ၏ ဝိညာဉ်လမ်းညွှန်အဖြစ် ခန့်ထားသည်။ ၄-နှစ်ကြာသောအခါ Cardinal pedro de luna သည် Benedict XIII ဘွဲ့နာမဖြင့် ရဟန်းမင်းကြီး ဖြစ်လာသောအခါ စိန့်ဗင်းဆင်းအား သူ၏ဝိညာဉ်ရေးအတွက် လမ်းညွှန်နှင့် အာပတ်ဖြေပေးရန် တာဝန်ခန့်ထားသည်။ ၁၃၉၉-ခုနှစ်တွင် Penance နောင်တတရားနှင့် နောက်ဆုံးစီရင်ခြင်းအကြောင်းအား ဟောပြောသွန်သင်ရန် တာဝန်ပေးခြင်းခံရသည်။

သူသည် နောင်တတရားနှင့် ပတ်သက်ရာများကို ပြင်သစ်၊ ဆွီဇာလန်၊ အီတလီ၊ စပိန်၊ ဂျာမနီ၊ အင်္ဂလန်၊ စကော့တလန်၊ အိုင်ယာလန်နိုင်ငံများသို့ နှစ်ပေါင်း (၂၀)ကျော် သွန်သင်ဟောပြောခဲ့သည်။ ခြေလျှင်ဖြင့်သော်လည်းကောင်း၊ တစ်ခါတလေ ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရသည်။ ဘုရားကျောင်းကြီးများ မရှိသည့်အတွက် ကွင်းပြင် လေဟာပြင်မှာ တရားဟောခဲ့ရသည်။ သူသည် (gifts of tongue) ဘာသာစကား အမျိုးမျိုး ပြောနိုင်သည့် ကျေးဇူးတော်ရသည်။ လူများ၏ နှလုံးသား၌ ခံစားခဲ့သမျှအား ကျေနပ်စေသည်။ လမ်းမှန်သို့ လူများစွာ ပြန်လည်ရောက်စေသည်။ စပိန်ပြည်၌ ဂျူးလူမျိုး ၂၅၀၀၀ကျော်နှင့် မွန်လူမျိုး (Mon) ၈၀၀၀ ကျော် ဘာသာထဲပြန်ဝင်စေနိုင်သည်။ နေရာအနှံ့အပြား စိန့်ဗင်းဆင်း၏ တရားဟောပြောခြင်းအားဖြင့် နောင်တယူကာ ဘာသာထဲသုိ့ ပြန်ဝင်ကြသည်။ သူသည် (Healing Power) မကျန်းမာသော သူများအား ကျန်းမာစေနုိင်သည့် တန်ခိုးရှိသည်။ နောက်ပိုင်း သူ့နောက်လိုက်များ တစ်သောင်းကျော် အထိရှိလာခဲ့သည်။

သူသည် ကြိုတင်ဟောကိန်းလည်း ထုတ်နိုင်သည်။ ဥပမာ (St. Bernardine of Siena) စိန့်ဘေနာဒင်းအား သင်သည် အမှုထမ်းသောသူ ဖြစ်မည်ဟု ကြိုတင် ဟောကိန်းထုတ် သည့်အတိုင်း ဖြစ်လာသည်။ သူသည် ညမှာနာရီအနည်းငယ်သာ အိပ်စက်အနားယူသည်။ မြေကြီးပေါ်မှာသာ အိပ်စက်လေ့ရှိသည်။ နံနက်စောစော ၂-နာရီထ၍ မေတ္တာဆိုပြီး မစ္ဆားတရား ဟောလေ့ရှိသည်။ နေ့အချိန်မှာ တရားဟောရာခြင်းကုိ အားစိုက် လုပ်ဆောင်ခဲ့ပါသည်။ တစ်နေ့ ၃-နာရီ၊ ၄-နာရီကြာအထိ တရားဟောတတ်‌ေလသည်။ ညနေပိုင်းတွင် နောက်နေ့အတွက် ဩဝါဒပြင်ဆင်သည်။ အစာရှောင်၊ ဝါရှောင်ခြင်း အမြဲပြုလုပ်သည်။ ၁၄၁၉-ခုနှစ် (Brittany) ဘရီတနီမှာ သာသနာအမှုထမ်းစဉ် ခရစ်တော်သခင် ပြန်လည်ခေါ်ယူခဲ့သည်။

ဘုန်းတော်ကြီး၏ စွဲသတ္တနဲ့ ဘုရားတရား စိတ်အားထက်သန်မှုကို ယနေ့ ဘုန်းတော်ကြီး အတုယူထိုက်လေသည်။

Credit #ကြေးစည်မြန်မာ

#KyeseMyanmar

#Fr.​ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

4 + 0 =