စိန့်ဖူးလ်ဘတ် (St. Fulbert of Chartres) ဧပြီလ (၁၀)

စိန့်ဖူးလ်ဘတ် (St. Fulbert of Chartres) ဧပြီလ (၁၀)

စိန့် ဖူးလ်ဘတ်ဟာ စာသင်ကြားရာမှာ နာမည်ကြီးတဲ့ အတွေးအခေါ်ပညာရှင် တစ်ဦးဖြစ်ပါတယ်။

သူဟာ ပြင်သစ်နိုင်ငံ၊ ချက်ထရေ့စ် Chartres ရဲ့ ဂိုဏ်းချုပ် ဆရာတော် တစ်ပါး ဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းနှင့် ရှေးရိုးစွဲ ခရစ်ယာန်တို့ရဲ့ သက်ဝင်ယုံကြည်မှုကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်တဲ့ ဆရာတော်အဖြစ် သူ့ဘဝ၊ အချိန်များစွာကို ဆက်ကပ်ခဲ့ပါတယ်။ သူဟာ ၁၀ ရာစုမှာ အီတလီနိုင်ငံမှာ မွေးဖွားခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဆဲလ်ဗဲစ္စတား-၂ (Pope Sylvester II)" ဖြစ်လာတဲ့ နာမည်ကျော် အတွေးအခေါ်ပညာရှင်၊ "ဂါဘတ် (Gerbert)" ရဲ့ လက်ထက်မှာ ပြင်သစ်နိုင်ငံ၊ "ရိမ်းစ် (Rheims)" မှာ ပညာသင်ဖို့ သွားခဲ့ပါတယ်။ ဒါကြောင့် ဂါဘတ်က ဖူးလ်ဘတ်ကို သူနှင့်အတူ ရောမမြို့ကို ခေါ်သွားတယ်။

ပုပ်ရဟန်းမင်းကြီး သေဆုံးပြီးနောက် ချက်ထရေ့စ်ရဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီးအဖြစ် ဖူးလ်ဘတ်ကို ခန့်အပ်ခဲ့ပါတယ်။ ဘုရားကျောင်းကြီးရဲ့ အဓိပတိအဖြစ်လည်း ခန့်အပ်ခဲ့ပြီး မကြာမီ "ချက်ထရေ့စ်" ဟာ ပြင်သစ်မှာ အကောင်းဆုံး စာသင်ကြားခြင်း စင်တာတစ်ခု ဖြစ်လာခဲ့ပါတယ်။ စိန့် ဖူးလ်ဘတ်ဟာ ၁၀၀၇ ခုနှစ်တွင် ချက်ထရေ့စ်" ရဲ့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် ခေါ်ခဲ့ကြပြီး ခံရပြီး "ချက်ထရေ့စ်" ဘုရားကျောင်းတော်ကြီး မီးရှုိ့ဖျက်ဆီးခံရပြီးနောက်၊ ဘုရားရှိခိုးကျောင်းကို ပြန်လည် တည်ဆောက်ခဲ့ရာမှ "စိန့် ဖူးလ်ဘတ်"အမည် ပေးခဲ့ကြတယ်။ ၁၀၂၉ ခုနှစ်မှာ ဆရာတော်ကြီး " ဖူးလ်ဘတ်"ဟာ အနိစ္စရောက်သွားခဲ့ပါတယ်။

Credit, TO BE HUMAN

Saint of the day

CNA

Add new comment

1 + 1 =