စိန့်ပက်ထရိတ်  မတ်လ(၁၇)

စိန့်ပက်ထရိတ်  မတ်လ(၁၇)

စိန့်ပက်ထရိတ်သည် အိုင်ယာလန်ပြည်၏ တမန်တော်ကြီးဖြစ်ပြီး Brittany မှ ရောမအမျိုးအနွယ်၏သား ဖြစ်သည်။ သူ၏ မိခင်သည် စိန့်မာတင်းနှင့် ဆွေမျိုးတော်စပ်သည်။ အသက် ၁၆-နှစ်အရွယ်တွင် အိုင်ရီစ် (Irish) သူပုန်များက ဝင်ရောက်တိုက်ခိုက်၍ သုံ့ပန်းအဖြစ် ခေါ်ဆောင်ရာတွင် စိန့်ပက်ထရိတ်လည်း ပါဝင်သည်။ ၎င်း၌ ဒါလာရာဒီယာရွာသူကြီးထံ၌ သိုးကျောင်းသားအဖြစ် (၆)နှစ်နေခဲ့ရသည်။ ထို့နောက် ထွက်ပြေးလွတ်မြောက်ပြီး Brittany သို့သွား၍ ရသေ့ကျောင်းတွင် နေထုိင်ခဲ့ရသည်။ သူ၏ ဝိညာဉ်ရေးနှင့် ဆုတောင်းမေတ္တာခြင်း ဘဝအသက်တာ ပိုတိုးတက် လာခဲ့သည်။ ရုပ်တုဆင်းတုကုိ ကိုးကွယ်သည့် အိုင်းရစ်တစ်ယောက်အား ယုံကြည်ခြင်းနှင့် ပတ်သက်သည့် ဘာသာရေးအကြောင်း သွန်သင်ပေးခဲ့သည်။ နှစ်ပေါင်း (၂၀)ကျော်မှ သာသနာပြုအဖွဲ့လုပ်ငန်းသို့ ဝင်ရောက်အမှုထမ်းရသည်။

အေဒီ ၄၃၀ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဆေလက်စတင်း (၁)က (ဘရစ်တစ်) အင်္ဂလန်နုိင်ငံ ဆရာတော်ကြီး ပါလာဒီအုစ်အား အိုင်ယာလန်သို့ စကော့တလန်လူမျိုး ဘာသာသူများအတွက် စေလွှတ်ခဲ့သည်။ သို့သော် ရုပ်ထုဆင်းတု ကိုးကွယ်သူများနှင့် သာသနာလုပ်ငန်း၌ လုပ်ဆောင်ချက်ကွဲပြား၍ အင်္ဂလန်ပြည်သို့ ပြန်လာသည်။ အင်္ဂလန်ပြည် ပြန်ရောက်ပြီး မကြာခင် ဆရာတော်ကြီး ပါလာဒီအုစ် ပျံလွန်တော်မူသည်။ ဘုန်းတော်ကြီး ပက်ထရိတ်သည် ဆရာတော်အဖြစ် ဘိသိက်မင်္ဂလာ ခံယူသည်။ ဆရာတော် ပက်ထရိတ်သည် မကြာခင် သုံ့ပန်းအဖြစ် ငယ်စဉ်က ရောက်သွားခဲ့သည့် အိုင်ယာလန်သို့ သင်္ဘောဖြင့် သာသနာပြုရန် သွားခဲ့သည်။ သင်္ဘောသည် မြောက်ဘက်မှာ ဆိုက်ရောက်ခဲ့သည်။ ၎င်းနေရာရှိ ဥက္ကဌဖြစ်သော ဒီချိုအား ဘာသာထဲ သွင်းယူနိုင်သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် (Miracle) တန်ခိုးတော်အားဖြင့် ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် (Saul) Sabhall ဆောလ် ဟုနေရာမှာ ဘုရားကျောင်းဆောင်တစ်ခု ဆောက်လုပ်သည်။

နှစ်အနည်းငယ်ခန့် ကြာသောအခါ ရွာသူကြီးများသည် ဆလင်တောင်ပေါ်မှာ စုရုံးကြစဉ် အခွင့်ျကာင်းရသည့် စိန့်ပက်ထရိတ်သည် သူတို့အား ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအကြောင်း ယုံကြည်ရာများကို သွန်သင်ဟောကြားသည်။ နောက်ပိုင်း (Druid) ဘုန်းကြီးများအား ဆင်းထုရုပ်ထုများအား ဖျက်ဆီးစေသည်။ စိန့်ပက်ထရိတ်၏ ဆုတောင်းမေတ္တာပြုလုပ်ခြင်းကား အကျိုးအမြတ်ရှိကြောင်း လက်ခံကြသည်။ (Leoghaire) ဘုရင်က စိန့်ပက်ထရိတ်အား ခရစ်တော်အကြောင်း ဟောပြောခွင့်ပေးသည်။ ထို့ကြောင့် အိုင်ယာလန်ပြည်၌ ခရစ်တော် သတင်းကောင်းအား လူအများ ကြားသိနုိင်ခဲ့ရသည်။ စိန့်ပက်ထရိတ်လည်း Magnificent Hymn သီချင်းအား စပ်ဆိုထားသည်။ ၎င်း သီချင်းကို စိန့်ပက်ထရိတ်၏ ရင်ခွင်သေတ္တာကြီး ဟု ဆိုကြသည်။

စိန့်ပက်ထရိတ်သည် သာသနာတော် (၇) ခုအတွက် လုပ်ငန်းဆောင်ရွက်သည်။ အထူးသဖြင့် Ulster, Meach, Leinster, Limerick ၌ ဘုရားသခင်က တန်ခိုးတော်ပြရန် အခွင့်ပြုသည်။ တစ်ခါက သူငယ်ချင်း အပေါင်းဖော်များနှင့် အာဏာပိုင်များက သူ့ကိုဖမ်းဆီးပြီး အကျဉ်းချထား ခဲ့ကြသည်။ အသေသတ်ရန် ကြံစည်ကြသော်လည်း ဘုရားတန်ခိုးအားဖြင့် ဘုရားသခင်က ကယ်တင် လွတ်မြောက်စေလေ့ရှိသည်။ အာဏာပိုင်များ အံ့ဩခြင်းရှိ၍ ဘုရားကျောင်းသို့လာ၍ ဘုရားအားချီးမွမ်းကြသည်။

အေဒီ ၄၃၉ ခုနှစ်၌ သူ့ထံ ပုပ်ရဟန်းမင်းကြီး ဆရာတော်သုံးပါး စေလွှတ်၍ စုံစမ်းစေသည်။ (၂)နှစ်ကြာသောအခါ စိန့်ပက်ထရိတ်သည် သူ့လုပ်ငန်းဆောင်ရွက်မှုအား ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးလေအိုထံသုိ့ သူကိုယ်တိုင်သတင်းပို့သည်။ ရောမမှ ပြန်လာသောအခါ အိုင်ယာလန်ပြည်သို့ သွား၍ သာသနာအသီးသီးမှ ရဟန်းဘုန်းတော်ကြီးများ၊ ဆရာတော်များအား စုရုံးစေ၍ ကွန်ဗင့်များ၊ ရဟန်းဖြစ်ကျောင်းများ၊ သင်တန်းကျောင်းများ ဖွင့်ကြသည်။ စိန့်ပက်ထရိတ်၏ သာသနာပြုလုပ်ငန်းသည် ဥရောပ၌ ထင်ရှားကျော်စောခဲ့သည်။

အေဒီ ၄၉၃ ခုနှစ်၌ စိန့်ပက်ထရိတ်အား ဘုရားသခင် ပြန်လည်သိမ်းပိုက်သောအချိန်၌ အိုင်ယာလန်ပြည်တွင် အသင်းတော်၏ ယုံကြည်ရာများ ခိုင်မာစွာ ရပ်တည်ခဲ့သည်။ အသင်းတော် ကာနွန်ဥပဒေများ၊ ယုံကြည်ခြင်းများကုိ လူအများ ယုံကြည်လက်ခံပြီး မှန်ကန်စွာ ကက်သလစ်အသင်းတော်အား ယုံကြည်အားကုိး ကြသည်။ သူ့ကို (Saul) Sabhall ၌ အေဒီ ၄၉၃ ခုနှစ်၌ ဘုရားသခင်က ပြန်လည်သိမ်းပိုက်သည်။ အသင်းတော်သည် (၁၀)နှစ်အတွင်း တိုးတက်များပြားလာသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Credit, #ကြေစည်မြန်မာ

Kyese Myanmar

Add new comment

2 + 5 =