စိန့်ဒီးစ်မားစ် (St. Dismas) မတ်လ (၂၅)

စိန့်ဒီးစ်မားစ် (St. Dismas) မတ်လ (၂၅)

ကောင်းကင်သုခကိုခိုးယူနိုင်ခဲ့သူ

ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော သူခိုးဟာ စကားတစ်ခွန်းနှင့် ကောင်းကင်သုခချမ်းသာကိုတောင် ခိုးယူသွားခဲ့ပါတယ်။ လောကကြီးထဲမှာ သူခိုးပေါင်းမြောက်များစွာ၊ ဓားမြပေါင်း ရာချီရှိခဲ့ကြပြီး သူတို့တွေဟာ ခေတ္တခဏ လောကကြီးမှာ နေတဲ့အချိန်သာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကိုသာ ခိုးယူလုယက်နိုင်ကြတာပါ။

ဒီကနေ့ပွဲနေ့ရှင် စိန့်ဒီးစ်မားစ်ကတော့ လောကစည်းစိမ်ကို ခိုးခဲ့ယုံတင်မက ကောင်းကင်သုခကိုပါ ခိုးနိုင်ခဲ့ပါတယ်။ "အိုသခင်၊ ကိုယ်တော်၏ နိုင်ငံတော်သို့ ကြွဝင်‌လာသောအခါ၊ ကျွန်ုပ်ကို အောက်မေ့တော်မူပါ"လို့‌ေတာင်းဆိုပြီး‌ေပြာတဲ့အချိန်မှာ သခင်ယေဇူးက ""ယနေ့ ပါရ‌ဒီဇူးဘုံမှာ သင်နှင့်အတူငါရှိမယ်။" ဆိုတဲ့ စကား‌လုံးလေးနဲ့တင် ကောင်းကင်သုခချမ်းသာကို ခိုးယူနိုင်ခဲ့ပါတယ်။

ဒါဆိုရင် စိန့် ဒီးစ်မားစ်ဟာ ဘယ်သူလဲဆိုတာ သင်သိနေလိမ့်မယ် ထင်ပါတယ်။ သူဟာ တစ်ခြားလူမဟုတ်ပါဘူး။ သခင်ခရစ်တော်နှင့်အတူ ကားတိုင်တင်ခံရစဉ် လက်ဝဲဘက်က သူခိုး တစ်‌ေယာက် ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဝါတွင်းကာလမှာ သူ့အကြောင်းကိုလဲ ဖတ်ကြရပါတယ်။

စိန့်ဒီးစ်မားစ်က ကျွန်ုပ်တို့အတွက် ဘာသင်ခန်းစာ‌ေတွ ပေးခဲ့သလဲ။

ဝါတွင်းကာလရဲ့ အကျော်ကြားဆုံး နှိုးဆော်ချက်ဖြစ်တဲ့ "နောင်တရကြလော့၊ အပြစ်ဟူသမျှကို ရှောင်ကြ၊ ကောင်းကင် နိုင်ငံတည်လုနီးပြီ။" ဆိုတဲ့ တရားတော်ကို သူဟာရင်ဝယ်ပိုက် နှလုံးသွင်း နိုင်ခဲ့တာကြောင့် သူ့ဘဝရဲ့ နောက်ဆုံးနေဝင်ချိန်မှာ "သူမှားခဲ့တဲ့ အရာ၊ သူ့ရဲ့အပြစ်" တွေကို သိမြင်ခဲ့ပြီး နောင်တကြီးစွာနဲ့ သခင်‌ေယဇူးကုိ တောင်းပန်တဲ့အခါမှာ သူ့ရဲ့ အပြစ်တွေအတွက် အခွင့်လွှတ်ခြင်းခံရပြီး ကောင်းကင်သုခလို့ခေါ်တဲ့ "ပါရာဒီဇူး"ဘုံမှာ သခင်ယေဇူးနှင့်အတူ စံစားခွင့်ရခဲ့သူပါ။

ဝါတွင်းကာလမှာ အမွန်မြတ်ဆုံးသော ‌နောင်တတရားကို ရင်ဝယ်ပိုက်ပြီး သခင့်ရင်ခွင်ထဲတိုး ဝင်နိုင်ကြပါစေ။

Credit,

#TO_BE_HUMAN

#Saint_of_the_day

#CNA

Photo from Google image

Add new comment

5 + 1 =